ခနောက်စိမ်း အဝယ်လိုက်သော်လည်း စျေးမရှိ၍ တူးဖော်မှု နည်းပါးလာ

ခနောက်စိမ်း အဝယ်လိုက်သော်လည်း စျေးမရှိ၍ တူးဖော်မှု နည်းပါးလာ
ကရင်နီပြည်နယ်တွင် ခနောက်စိမ်း အဝယ်လိုက်သော ပွဲစားများ ရှိသော်လည်း ၀ယ်ယူသော စျေးမှာ ဒေသခံကျေးရွာလူထုများအတွက် လုပ်အားခနှင့် အကျိုးအမြတ် မရှိသောကြောင့် တူးဖော်မှု နည်းပါး...

ကရင်နီပြည်နယ်တွင် ခနောက်စိမ်း အဝယ်လိုက်သော ပွဲစားများ ရှိသော်လည်း ၀ယ်ယူသော စျေးမှာ ဒေသခံကျေးရွာလူထုများအတွက် လုပ်အားခနှင့် အကျိုးအမြတ် မရှိသောကြောင့် တူးဖော်မှု နည်းပါးလာသည်။

ဒေသခံ အလုပ်သမားတစ်ဦးက “အရင်တုန်းက ခနောက်စိမ်း ပေါက်စျေးမှာ တစ်တန်ကို ငါးသိန်းအထက်မက စျေးရှိတယ်။ လိုက်ဝယ်လိုက်ကြတယ်။ အခုတော့ တစ်တန်ကို နှစ်သိန်းထိ စျေးကျသွားလို့ လုပ်အားခနဲ့က ဘယ်လိုမှ မကိုက်ပါဘူး။ တူးဖော်တဲ့ အဖွဲ့တွေလည်း တွက်ခြေမကိုက်လို့ မတူးဖော်ကြတော့ဘူး” ဟု ပြောသည်။

ခနောက်စိမ်းသည် စက်မှုကုန်ကြမ်းတစ်ခုအဖြစ် ယခင်က စျေးကွက် ရှိခဲ့ပြီး ယခု ကမ္ဘာ့စျေးကွက် မရှိတော့ခြင်းကြောင့် ဒေသခံများ တူးဖေါ်ခြင်းကို စိတ်မဝင်စားတော့ခြင်း ဖြစ်သည်ဟု ပွဲစားတစ်ဦးက ပြောသည်။

ခနောက်စိမ်း သတ္တုရိုင်းကို ကရင်နီပြည်နယ် နေရာအနှံ့လိုလို တွေ့ရှိရာ လွိုင်ကော်မြို့ မြောက်ဘက်၊ ပိန်းချစ်၊ ကုန်းဆွတ်နှင့် နောင်လိုင်အရှေ့ဘက်၊ လွယ်လင်အနောက်ဘက် တောင်ကြောတွင် ထွက်ရှိပြီး ၎င်းသတ္တုတွင်းတွင် တူးဖော်ရေးလုပ်ငန်း ဆောင်ရွက်နေကြသော ငြိမ်းချမ်းရေး အဖွဲ့အစည်း များကလည်း အရှုံးပေါ်လျက်ရှိနေသည်ဟု အဖွဲ့ဝင်တစ်ဦးက ပြောသည်။

ခနောက်စိမ်းတွင် ခဲ၊ ကလင်နာ၊ ဒန်၊ သံ စသည့် အခြားသတ္တုရိုင်းများ အနည်းငယ်စီ ပါ၀င်ဖွဲ့စည်းလျှက်ရှိကာ ဒီးမော့ဆိုမြို့နယ် ဒေါ၀ယ်မော် တောင်ကြော၊ တဖိုဘိုးလျားရွာ အနီးအနား၊ လိုဘာခူ အနောက်ဘက် ဆီးဘူးဒေသတို့တွင်လည်း ထွက်ရှိကြောင်း သိရသည်။

Most read this week