နအဖနှင့် ကေအိုင်အိုတို့ လိုင်ဇာတွင် တွေ့ဆုံ

နအဖနှင့် ကေအိုင်အိုတို့ လိုင်ဇာတွင် တွေ့ဆုံ
မြန်မာ အမှတ် ၁ စက်မှုဝန်ကြီး ဦးအောင်သောင်းနှင့် ဆက်သွယ်ရေးဝန်ကြီး ဦးသိန်းဇော်တို့ ပါ၀င်သော အဖွဲ့သည် မနေ့က နံနက် ၈ နာရီခန့် က ကချင်ပြည် လွတ်လပ်ရေး အဖွဲ့ KIO ဋ္ဌာနချုပ် လိုင်ဇာမြို့သို့ ရောက်ရှိလာပြီး KIO အဖွဲ့ ခေါင်းဆောင် များနှင့် တွေ့ဆုံခဲ့....

မြန်မာ အမှတ် ၁ စက်မှုဝန်ကြီး ဦးအောင်သောင်းနှင့် ဆက်သွယ်ရေးဝန်ကြီး ဦးသိန်းဇော်တို့ ပါ၀င်သော အဖွဲ့သည် မနေ့က နံနက် ၈ နာရီခန့် က ကချင်ပြည် လွတ်လပ်ရေးအဖွဲ့ KIO ဋ္ဌာနချုပ် လိုင်ဇာမြို့သို့ ရောက်ရှိလာပြီး KIO အဖွဲ့ ခေါင်းဆောင် များနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။

မြစ်ကြီးနားမြို့ အခြေဆိုက် မြောက်ပိုင်းတိုင်းမှူး ဗိုလ်ချုပ်စိုးဝင်းနှင့် စစ်ဘက်ခေါင်းဆောင်များလည်း လိုက်ပါလာပြီး KIO နှင့် လိုင်ဇာမြို့ရှိ လိုင်ဇာဟော်တည်တွင် တွေ့ဆုံ ခဲ့ကြောင်းမျက်မြင် ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

၎င်းဒေသခံက “တရုတ်ကားအကြီး ၃ စီး လက်နက် အပြည့်အစုံနဲ့ ရှေ့ပွိုင့်ရောက်လာတာ ပေါ့ အဲဒီနောက်မှာမှ စက်မှု ၁ ၀န်ကြီး ဦးအောင်သောင်း လိုက်လာတယ်လို့ သိရတယ် သူတို့ကို လိုင်ဇာဟော်တည်မှာ စခန်းချပြီး အဲဒီမှာပဲအစည်းအဝေး လုပ်သွားတယ် ” ဟု ဒေသခံက ဆိုသည်။

၄င်းဝန်ကြီးများသည် ညနေ  ၄ နာရီခန့်အထိ မြစ်ကြီးနားသို့  ပြန်လည်ထွက်ခွာခြင်းမရှိသေးပဲ လိုင်ဇာမြို့ ၀ယ်ကြိုင် ရပ် ကွက်ဘက် ထွက်ခွာသွားကြောင်း သိရသည်။

ရွေးကောက်ပွဲကိစ္စ  KIO နှင့် ဆွေးနွေးရန် လာရောက်ခြင်း ဖြစ်ဖွယ်ရှိကြောင်း တရုတ်နယ်စပ် စစ်ရေး နိုင်ငံရေးအကဲခတ် ဦးအောင်ကျော်ဇောက မှတ်ချက်ပေး ပြောသည်။

“၀ယ်ကြိုင်ဘက်တက်သွားတာ အခုချိန်ထိတော့ ပြန်ဆင်းမလာသေးဘူး ကေအိုင်အို ဗိုလ်သင်တန်းကျောင်းဘက်ကို တက်သွား တယ်ထင်တယ် ကေအိုင်အေက ဥက္ကဋ္ဌ ဦးဇောင်းခရား စစ်ဦးစီးချုပ် ဂမ်ရှောင်တို့ လည်းပါတယ် ” ဟု စောစော က ဒေသခံက ဆက်ပြောသည်။

စက်မှု ၁ ၀န်ကြီးအပါအဝင် မြန်မာကိုယ်စားလှယ်အဖွဲ့ လိုင်ဇာသို့ လာရောက်သည့် ကိစ္စနှင့်ပတ်သက်၍ ကေအိုင်အိုအဖွဲ့ထံ မေးမြန်းရန် ဆက်သွယ်သော်လည်း အဆက်အသွယ် မရရှိသေးပါ။

http://www.mongloi.org/burmese/2008-08-01-03-22-02/85-2008-08-01-03-14-4...

Most read this week