ရွေးကောက်ပွဲ အောင်နိုင်ရေးဘက် နအဖ ဦးတည်လာ

ရွေးကောက်ပွဲ အောင်နိုင်ရေးဘက် နအဖ ဦးတည်လာ
မြန်မာစစ်တပ် အနေဖြင့် နယ်ခြားစောင့်တပ် အာခံနေသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အပေါ် ထိုးစစ်ဆင်ခြင်း ထက် ရွေးကောက်ပွဲတွင် ကြံ့ဖွ့ံပါတီ အောင်နိုင်ရေးကို ဦးတည်လုပ်ဆောင်လာကြောင်း အကဲခတ်များက သုံးသပ်....


မြန်မာစစ်တပ် အနေဖြင့် နယ်ခြားစောင့်တပ် အာခံနေသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အပေါ် ထိုးစစ်ဆင်ခြင်း ထက် ရွေးကောက်ပွဲတွင် ကြံ့ဖွ့ံပါတီ အောင်နိုင်ရေးကို ဦးတည်လုပ်ဆောင်လာကြောင်း အကဲခတ်များက သုံးသပ်သည်။

ရွေးကောက်ပွဲတွင် ၀န်ကြီးချုပ်သိန်းစိန် ခေါင်းဆောင်သည့် ကြံ့ဖွံ့ပါတီ အနိုင်ရရေးအတွက် ဒေသဆိုင်ရာစစ်ခေါင်း ဆောင် များကကူညီလုပ်ဆောင်ရန် လေးလပတ် အစည်းအဝေးတွင် မြန်မာစစ်တပ်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက  ညွှန်ကြား ထားသောကြောင့် မြန်မာစစ်တပ်၏ ဦးတည်ချက် ပြောင်းလဲလာသည်ဟု ဆိုသည်။

မြန်မာစစ်တပ် ထိပ်သီးခေါင်းဆောင်များ ပါ၀င်တက်ရောက်သည့် အဆိုပါ လေးလပတ်အစည်းအဝေးကို မေလ ၂၆ ရက်မှ ၂၈ ရက်နေ့အထိ မြို့တော်သစ် နေပြည်တော်ရှိ ကာကွယ်ရေးဋ္ဌာန စစ်ရုံးချုပ်တွင် ကျင်းပခဲ့ကြောင်း သိရသည်။

တရုတ်နယ်စပ်မှ စစ်ရေးနိုင်ငံရေး လေ့လာသူ ဦးအောင်ကျော်ဇောက “ နအဖက နိုင်ငံတကာရဲ့ဖိအားပေးမှုအောက်မှာ ဒီလိုဆုံးဖြတ်ချက်မျိုးကို ချလိုက်တယ်လို့ ထင်ပါတယ် အထူးသဖြင့်တော့ အရင် မဆလ ခေတ်ကာလကလိုမျိုး သန့်ရှင်း နဲ့တည်မြဲပါတီ လိုမျိုး စစ်တပ်က ရွေးုကောက်ပွဲမှာ သူ့ပါတီအနိုင်ရရေး ဦးစားပေး လုပ်လာတာပေါ့” ဟု သူက ဆိုသည်။

ပုံမှန်အားဖြင့် လေးလပတ်အစည်းအဝေးတွင် စစ်ဘက်ရာထူးအပြောင်းအလဲများ ပြုလုပ်လေ့ရှိသော်လည်း ယခု ရာထူး အပြောင်းအလဲ မတွေ့ရခြင်းမှာ နအဖက ဒေသ ထိန်းချုပ်ရေးအပေါ် အာရုံစိုက်လုပ်ဆောင်ခြင်းဖြစ်ကြောင်း သူက ဆက်ပြောသည်။

“ခါတိုင်းမေလပိုင်းမှာ ရာထူးအပြောင်းအလဲတွေရှိတယ် အခုမတွေ့ရဘူး အဓိကကတော့ အပြောင်းအလဲလုပ်တာ ထက်စာ ရင် လက်ရှိစစ်တိုင်းမှူးတွေ တပ်မမှူးတွေက ဒေသတွင်းမှာ ပိုတည်ငြိမ်အောင် ထိန်းနိုင်တာကြောင့် အပြောင်းအလဲ မလုပ် တာ” ဟု ဆိုသည်။

ယခုအခါ နအဖစစ်တပ်က စစ်ရေးတွင် ခြေတစ်လှမ်းဆုတ်၍ ရွေးကောက်ပွဲအောင်နိုင်ရေး ဦးတည်လာခြင်းမှာ လွန်ခဲ့သည့် နှစ်အတွင်း ဖြစ်ပွားခဲ့သည့် ကိုးကန့်တိုက်ပွဲက နအဖကို ရှောာင်ကြဉ်စေခဲ့ကြောင်း လေ့လာသူ တစ်ဦးက ဆိုသည်။

ထိုစဉ်ကဖြစ်ပွားခဲ့သည့် နအဖနှင့်ကိုးကန့်အထူးဒေသ(၁) တပ်ဖွဲ့တို့၏ စစ်ပွဲသည် အချိန်အားဖြင့် ၉ လကျော်ကြာလာသည့် တိုင်အောင် ထိုးစစ်တွင် ပါ၀င်ခဲ့သည့် နအဖ စစ်တပ်၏ တပ်မ ၃၃မှာ ယနေ့အချိန်အထိ ထိုဒေသမှ ထွက်ခွာနိုင်ခြင်း မရှိ တော့ဟု ဆိုသည်။

အကယ်၍ နအဖက နယ်ခြားစောင့်တပ် အာခံနေသည့် လက်နက်ကိုင်များအပေါ် ထိုးစစ်ဆင်မည့် လမ်းရွေးမည် ဆိုပါက ၄င်းတို့၏ တပ်မ ၁၀ ခုထက်မနည်းကို စစ်ပွဲ များ၌ ထုတ်သုံးရဖွယ်ရှိပြီး အဆုံးမရှိသော စစ်ပွဲနှင့် ရင်ဆိုင်ရတော့မည်ဟု လည်း ဆိုသည်။

သို့သော် ရွေးကောက်ပွဲအပြီး လာမည့်နှစ် အမျိုးသားလွတ်တော်ပေါ်ပေါက်ချိန်တွင် ပြည်တွင်းအတိုက်အခံများရော လက် နက်ကိုင်များကိုပါ ချေမှုန်းဖွယ်ရှိကြောင်း လေ့လာသူများက ဆိုကြသည်။

http://www.mongloi.org/burmese/2008-08-01-03-22-02/85-2008-08-01-03-14-4...

Most read this week