ကရင်နီကျောင်းသားလူငယ်တဦး မိုးကြိုးပစ်ဒါဏ်ကြောင့် သေဆုံး

ကရင်နီကျောင်းသားလူငယ်တဦး မိုးကြိုးပစ်ဒါဏ်ကြောင့် သေဆုံး
by -
ဒီမင်း
ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင်အတွင်းရှိ ကရင်နီဒုက္ခသည် အမှတ် ၂ စခန်းမှ ဆယ်ကျော်သက် ကျောင်းသားလူငယ်တဦး ဖုန်းဆက်နေချိန် မိုးကြိုးလျှပ်စစ်စီးသော ဒါဏ်ကြောင့် သေဆုံးသွားခဲ့ရ...

ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင်အတွင်းရှိ ကရင်နီဒုက္ခသည် အမှတ် ၂ စခန်းမှ ဆယ်ကျော်သက် ကျောင်းသားလူငယ်တဦး ဖုန်းဆက်နေချိန် မိုးကြိုးလျှပ်စစ်စီးသော ဒါဏ်ကြောင့် သေဆုံးသွားခဲ့ရသည်။

ပြီးခဲ့သည့် တနင်္ဂနွေနေ ့နံနက်ပိုင်းတွင် အသက် ၁၇ နှစ်အရွယ်ရှိ ၆ တန်း ကျောင်းသားဖြစ်သူ စောထူးဝါးအယ်သည် ဒုက္ခသည်စခန်း တောင်ဘက်ရှိ ဖုန်းလှိုင်း ရသည့် တောင်ကုန်းတနေရာမှ ဖုန်းပြောနေစဉ် မိုးကြိုးလျှပ်စစ်စီးသံ ကျရောက်သောကြောင့် သေဆုံးသွားရခြင်း ဖြစ်သည်ဟုု  အမှတ် ၂ စခန်းကော်မတီ ဥက္ကဌ ဒေါ်နယ်က ပြောသည်။  

၎င်းက “သူ ့နောက်ကျောခါးကနေ လျှပ်စစ်စီးကြောင်း ဝင်သွားတာနဲ ့တူတယ်။ ဖုန်းပြောဖို ့ စောင့်နေတဲ့ သူ ့အဖော် နှစ်ယောက်က အဲဒီမိုးကြိုးပစ်သံက အရမ်းကျယ်တာပဲ။ သူထိုင်နေတဲ့ သစ်ပင်မှာ ထိသွားလား ဆိုပြီး သူ့ကို ပြေးတက်ကြည့်တော့ သူက သစ်ပင်အောက်မှာ လှဲနေတာ တွေ့တယ်” ဟု ပြောသည်။

ဆုံးသွားသော စောထူးဝါးအယ် အုပ်ထိန်းသူ စောလားဘလယ်ကလည်း “သူက အဲဒီ မိုးကြိုးရဲ့ အသံကြောင့်ပေါ့နော်။ ကျနော် ထင်တာကတော့ အဲဒီနှလုံးတွေ ဘာတွေ အထဲမှာ ကျေကုန်ပြီ။ သူသေတာ ၁၁ နာရီ ၅ မိနစ်လောက်မှာ ဖြစ်မယ်။ ဒါမဲ့ အဲဒီညမှာပဲ ၈ နာရီ ၉ နာရီမှာ သူ နံကုန်ပြီလေ။ နောက် ပါးစပ်ထဲမှာရော နှာခေါင်း၊ နားထဲမှာရော သွေးတွေ စီးကျလာတယ်လေ။ ဆံပင်မွေးလည်း မီးလောင်တယ်။ နောက် သူ့ရင်ဘတ်က အကျင်္ီလည်း မီးလောင်တယ်။ နောက် ဘောင်းဘီပေါ့” ဟု ပြောသည်။

သေဆုုုံးသွားသော ၎င်းကျောင်းသားကို ရပ်ကွက်လူကြီးများမှ လာရောက်စစ်ဆေးချိန်တွင် ကျောင်းသား၏ လက်ထဲတွင် ကွဲနေသော NOKIA ဖုန်းတလုံးနှင့် သီချင်းသံ မြည်နေသည့် နောက်ထပ် IMOBIE ဖုန်းတလုံးကိုပါ ကိုင်ထားသည်ကို တွေ့ရှိရကြောင်း ဆိုသည်။

ဒုုုုုုုုုုက္ခသည်စခန်းရှိ ထိုဖုန်းလှိုင်း ရသည့် တောင်ကုန်းအား ယခင်နှစ်များကလည်း မိုးကြိုး တော်တော်များများ ပစ်မှန်ထားသည့် နေရာ ဖြစ်သည်ဟု သိရသည်။

Most read this week