ကေအဲန်ပီပီ ခေါင်းဆောင်တဦး ကွယ်လွန်

ကေအဲန်ပီပီ ခေါင်းဆောင်တဦး ကွယ်လွန်
by -
အားမီ
ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ၏ အမြဲတမ်းပါတီ ဗဟိုကော်မတီဝင် တဦးဖြစ်သည့် ဗိုလ်ချုပ်မန်းအောင်သန်း လေး သည် ယနေ့နံနက် (၅း၃၀)တွင် ကွယ်လွန် ...

ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ၏ အမြဲတမ်းပါတီ ဗဟိုကော်မတီဝင် တဦးဖြစ်သည့် ဗိုလ်ချုပ်မန်းအောင်သန်း လေး သည် ယနေ့နံနက် (၅း၃၀)တွင် ကွယ်လွန်သွားသည်။

Mahn-Aung-Than-Layဗိုလ်ချုပ်အောင်သန်းလေး အသက် ၈၁ နှစ်သည် လူကြီးရောဂါဖြင့် ထိုင်းနိုင်ငံ မြောက်ပိုင်း မယ်ဟောင်ဆောင် ဆေးရုံတွင် ကွယ်လွန်သွားခြင်းဖြစ်သည်။

ကရင်နီအမျိုးသားခုခံတော်လှန်ရေး မစတင်မီကတည်းကပင် ကရင်အမျိုးသား ယူအမ်ပီ ၁၃ တွင် ပါဝင်ထမ်း ဆောင်ခဲ့ပြီး ကရင်နီ အမျိုးသား ခုခံတော်လှန်ရေး စတင်ခဲ့သည့် ၁၉၄၈ ခု၊ သြဂုတ်လ ၈ ရက်နေ့မှစ၍ တော်လှန် ရေးတွင် ၆၂ နှစ်တိုင်တိုင်တာဝန်ထမ်းဆောင်ခဲ့သည်ဟု ကရင်နီအမျိုးသားတိုးတက်ရေးပါတီ အထွေထွေအတွင်း ရေးမှူး ခူးရယ်ဦး က ယခုလိုပြောသည်။

“ဘာလို့လဲဆိုရင် ဗိုလ်ချုပ်အောင်သန်းလေးက ကျနော်တို့အမျိုးသားလှုပ်ရှားမှုစကတည်းက အခုထက် ထိပါလာခဲ့တယ်ဆိုတော့ ၆၂ နှစ်တိုင်တိုင်ပေါ့လေ သူ့ဘဝတလျှောက်လုံး ကျနော်တို့အမျိုးသား အ တွက် တာဝန်ထမ်းဆောင်ခဲ့တယ်။ အထူးသဖြင့် သူကဦးဆောင်မှု အခန်းကဏ္ဍမှာတောက်လျှောက် တာဝန်ယူခဲ့တော့ ကျနော်တို့အတွက် ကြီးမားတဲ့ဆုံးရှုံးမှု တရပ်ပေါ့ဗျာ။ ကျနော်တို့ခေါင်းဆောင် တ ယောက်ကို ဆုံးရှုံးသွားတာပေါ့ခင်ဗျာ။”

ဗိုလ်ချုပ်အောင်သန်းလေးနှင့် မိတ်ဆွေလည်းဖြစ် တော်လှန်ရေးအား နှစ်ပေါင်းများစွာ လက်တွဲလုပ်ကိုင်ခဲ့ဖူးသည့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဗိုလ်ချုပ် အောင်သန်းလေး လုပ်ဆောင် ခဲ့ပုံကို ယခုလိုပြောသည်။

“တချိန်တုန်းက ကရင်နီပြည်သီးခြားလက္ခဏာ၊ သီးခြားကရင်နီလွတ်လပ်ရေးကို တိုက်ပွဲဝင်ခဲ့တယ်။ လုံးဝလည်းလက်ခံတယ်။ သို့သော််လည်းပဲ ဖက်ဒရယ်မူကိုလည်းပဲ လုံးဝ မစွန့်လွှတ်ဘူး။ ဒါကြောင့် ဗိုလ်ချုပ်အောင်သန်းလေးဟာ ဖက်ဒရယ်မူနဲ့ ဖက်ဒရယ်မူ ပေါ်ပေါက်ရေးအတွက်ကို ရှေ့တန်းကနေ တိုက်ပွဲဝင်တဲ့ခေါင်းဆောင်လည်း ဖြစ်တယ်။”

လူမျိုးရေးခွဲခြားဆက်ဆံခြင်း၊ အဆင့်အတန်းခွဲခြားခြင်းမရှိပဲ မိမိလူမျိုး၊ မိမိတိုင်းပြည် အတွက် ကိုယ်ကျိုးစွန့် တာ ဝန်ထမ်းဆောင်ခဲ့သော ခေါင်းဆောင်ကောင်း တဦးဖြစ်သည် ဟုလည်း ဗိုလ်မှူးကြီးခွန်ဥက္ကာ က ယခုလိုဆက် ပြောသည်။

“ဗိုလ်ချုပ်အောင်သန်းလေးက ကျနော်တို့အနေနဲ့ကြည့်ရင် မဟာမိ်တ်အဆင့်မက ကျနော်တို့ တဖွဲ့တ စည်းထဲ တမျိုးသားထဲကခေါင်းဆောင်အဆင့်၊ ခေါင်းဆောင်အဖြစ် ကျနော်တို့ ပအိုဝ်း အနေနဲ့ပဲ ဖြစ်ဖြစ်၊ ကျနော်တို့ရဲ့ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ အနေနဲ့ပဲ ဖြစ်ဖြစ် အဲဒီလိုသဘောထား ရှိပါတယ်။ ဘာလို့အဲလိုသဘောထားလဲဆိုတော့ ဗိုလ်ချုပ် အောင်သန်းလေးက ဇွဲသတ္တိရှိပြီးတော့ ကိုယ် ကျိုးစွန့်အနစ်နာခံတယ်။ နောက်ပြီးတော့ လုံးဝအဆင့်တန်းခွဲခြားတာတို့၊ လူမျိုးခွဲခြားတာတို့ လုံးဝမရှိ တဲ့ ခေါင်းဆောင်ဖြစ်တယ်။ ဒါသူ့ရဲ့ အခြေခံပုဂ္ဂလိက အရည်အချင်းပေါ့၊”

ဗိုလ်ချုပ် အောင်သန်းလေးသည် ကရင်နီ တိုးတက်ရေး ပါတီတွင် ၁၉၉၂ နှစ်မှ ၁၉၉၆ ခုနှစ် တကြိမ်၊ ၂၀၀၁မှ ၂၀၀၅ ခုနှစ် တကြိမ် နှစ်ကြိမ်တိုင်တိုင် ဥက္ကဌ တာဝန် ထမ်းဆောင်ခဲ့ပြီး ကွယ်လွန်ချိန်အထိ ကေအဲန်ပီပီိတွင် အ မြဲတမ်း ဗဟိုကော်မတီဝင်အဖြစ် ပါ၀င်ခဲ့သည်။

၎င်း၏ ကြွင်းကျန် ရုပ်ကလပ်ကို ဇွန်(၃)ရက်နေ့တွင်် သင်္ဂြီုဟ်မည်ဖြစ်ပြီး ကွယ်လွန်ချိန်တွင် သားသမီး(၈)ယောက် နှင့် ဇနီးသည်ကျန်ရစ်သည်။

Most read this week