ကရင်နီပြည်နယ် အပူပိုင်းဒေသ ဘောလခဲမြို့သို့ ကုန်စိမ်းများလာရောက်ရောင်း ချလေ့ရှိသော ရပ်ဝေးမှ ကုန်စိမ်းသည်များ ထက်ဝက်နီးပါးခန့် အမြတ်ရှိသည်ဟု ဆို၍ အရောင်းအဝယ်ကောင်း...
ကရင်နီပြည်နယ် အပူပိုင်းဒေသ ဘောလခဲမြို့သို့ ကုန်စိမ်းများလာရောက်ရောင်း ချလေ့ရှိသော ရပ်ဝေးမှ ကုန်စိမ်းသည်များ ထက်ဝက်နီးပါးခန့် အမြတ်ရှိသည်ဟု ဆို၍ အရောင်းအဝယ်ကောင်း နေကြသည်။
“ဟင်းသီးဟင်းရွက်တွေ ရောင်းသလောက် စျေးကောင်းနဲ့ ရောင်းသွက်တယ်”ဟု ကားကြံုများနှင့် ကုန်စိမ်းများကို အမြဲရောင်းဝယ်နေသူ တစ်ဦးက ပြောသည်။
ကုန်စိမ်းသည်များသည် လွိုင်ကော်မြို့နှင့် ဒီးမော့ဆိုမြို့ဘက်မှ ဟင်းသီးဟင်းရွက်၊ ပန်းမန်များကို ၀ယ်ယူ၍ ဘောလခဲမြို့သို့ တဆင့်ပြန်လည် ရောင်းချခြင်းဖြင့် မိမိတို့၏ အသက်မွေးဝမ်းကြောင်းကို လုပ်ကိုင်စားသောက် နေကြသည်ဟု သိရသည်။
အပူပိုင်းဒေသတွင် ဟင်းသီးဟင်းရွက်များ ရှားပါးခြင်းကြောင့် ဘောလခဲမြို့ရှိ ဒေသခံများလည်း တဆင့်ပြန်လည် ရောင်းချသောစျေးဖြင့် အလွယ်အကူဝယ်ယူ စားသုံးနေကြရသည်။