တရားမဝင် မြန်မာအလုပ်သမားကားမှောက် သေဆုံးသူနှင့် ဒဏ်ရာရာသူများပြား

တရားမဝင် မြန်မာအလုပ်သမားကားမှောက် သေဆုံးသူနှင့် ဒဏ်ရာရာသူများပြား
by -
အားမီ
ထိုင်းနိုင်ငံအတွင်း တရားမဝင် မြန်မာရွှေ့ပြောင်း အလုပ်သမားများ တင်ဆောင်လာသည့် ယာဉ်တိမ်းမှောက်မှုကြောင့် သေဆုံးသူနှင့် ဒဏ်ရာရသူ အများပြားရှိ...

ထိုင်းနိုင်ငံအတွင်း တရားမဝင် မြန်မာရွှေ့ပြောင်း အလုပ်သမားများ တင်ဆောင်လာသည့် ယာဉ်တိမ်းမှောက်မှုကြောင့် သေဆုံးသူနှင့် ဒဏ်ရာရသူ အများပြားရှိသည်။

ထိုင်းနိုင်ငံတောင်ပိုင်း လရောင်းမှ ဘန်ကောက်သို့လာသည့် မြန်မာအလုပ်သမားများတင် ဆောင်လာသော ကား တစင်း ယမန်နေ့က တိမ်းမှောက်သွားပြီး သေဆုံးသူနှင့် ဒဏ်ရာရသူများ ရှိသည်ဟု ဘန်ကောက်ရှိ အလုပ်သမား အရေးဆောင်ရွက်နေသူ ကိုမိုးဝေ က ယခုလို ပြောသည်။

“မနေ့က လရောင်းကနေလာတဲ့ မြန်မာအလုပ်သမား ၂၈ ယောက်ပါလာတဲ့ ကားက ညနေ ၅ နာရီ ခွဲကနေ ၆ နာရီကြားမှာပေ့ါနော်၊ ချအမ်မှာ ရဲကတားတော့ မနားပဲနဲ့ ကားမောင်းပြေး တော့ အဲဒီမှာ ကားမှောက်သွားတယ်။ ပွဲချင်းပြီး ၈ ယောက်သေသွားတယ်။ ဆေးရုံသွားတဲ့ လမ်းမှာ တစ်ယောက် ဆုံးသွားတယ်။ အားလုံးပေါင်း ၉ ယောက်ပေ့ါနော်။ နောက်ပြီးတော့ ဒဏ်ရာရသွားတဲ့သူ ၁၉ ယောက် က အခု ချအမ်ဆေးရုံမှာ ရောက်နေတယ်ဗျ။”  

သို့သော် သေဆုံးသူ ၁၃ ဦးရှိပြီး ၎င်းတို့အား နေရာအခက်အခဲကြောင့် ဘုန်းကြီးကျောင်း တစ်ခုသို့ ပို့ထားကြောင်း ချအမ်းဆေးရုံတာဝန်ရှိသူ တစ်ဦးက ယခုလိုပြောသည်။

“ချအမ်းမှာယာဉ်တိုက်မှုတစ်ခုဖြစ်လို့ ဆေးရုံရောက်လာတယ်။ သေတဲ့သူ ၁၃ ယောက် ရှိတယ်။ အ လောင်းတွေက ဆေးရုံမှာ မရှိတော့ဘူး။ ဆေးရုံမှာက အလောင်းထားမယ့် နေရာမရှိဘူးလေ။ ဒါ ကြောင့် ၀ပ်ထမ့်တယောက် ဘုန်းကြီးကျောင်းမှာပို့ထားတယ်။”

ကားမောင်းလာသူ အသက် ၅၁ နှစ်အရွယ် နိုင်ချွန်းဖုန်း ပထဝဏ်အား ဒေသအာဏာပိုင် ကဖမ်းဆီးထားပြီး တရားဥပဒေအရ အရေးယူ သွားမည်ဟု ချအမ်းရဲစခန်းမှ တာဝန်ရှိသူ တဦးက ယခုလိုပြောသည်။

“ကားမောင်းတဲ့သူကို တရားဥပဒေအရ အရေးယူဖို့ရှိတယ်။ လောလောဆယ် စစ်ဆေးနေ ဆဲပဲဖြစ် တယ်။”

သေဆုံးသူများအား ဆွေမျိုးမိသားစုများမှလာရောက်မတောင်းခံပါက ဒေသတာဝန်ရှိသူများကမီးသဂြိင်္ုဟ်ရန် စီစဉ် ထားသည်ဟု သိရသည်။

ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင်ဝင်ရောက်လာကြသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများအနေနှင့် ထိုင်းအာ ဏာပိုင်တို့၏ ပစ်ခတ်သတ်ဖြတ်မှု အပြင် လူကုန်ကူးသူများ၏ နည်းမျိုးစုံသယ်ယူမှုကြောင့် ယမန်နှစ်ကလည်း သေ ဆုံးသူများရှိခဲ့သည်။

ထိုင်းနိုင်ငံအတွင်း လာရောက်အလုပ်လုပ်ကိုင်နေကြသည့် မြန်မာရွှေ့ပြောင်း အလုပ်သမား များအား စစ်အစိုးရမှ ယာယီနိုင်ငံကူးလက်မှတ်နှင့် တရားဝင်နိုင်ငံကူးလက်မှတ်များ ပြုလုပ်ပေးသော်လည်း တာဝန်ရှိသူများ၏ လိမ်ညာ မှုခံရသည့်အတွက် အလုပ်သမားများ အနေနှင့် ယခုလို လူကုန်ကူးသူများနှင့် ၀င်ရောက်လာကြခြင်းဖြစ်သည်ဟု အလုပ်သမား ရေးဆောင်ရွက်နေသူများက သုံးသပ်ပြောဆိုကြသည်။

Most read this week