ရန်ကုန်-စစ်တွေကားလမ်း တလျောက် အစစ်အဆေး အလွန်များ

ရန်ကုန်-စစ်တွေကားလမ်း တလျောက် အစစ်အဆေး အလွန်များ
ရခိုင်ပြည်နယ် အတွင်းရှိ ရန်ကုန်-စစ်တွေ ကားလမ်းတလျောက်တွင် ခရီးသည်များ အပေါ် အစစ်အဆေး အလွန်များပြားနေသည်ဟု သတင်း ရရှိ...

ရခိုင်ပြည်နယ် အတွင်းရှိ ရန်ကုန်-စစ်တွေ ကားလမ်းတလျောက်တွင် ခရီးသည်များ အပေါ် အစစ်အဆေး အလွန်များပြားနေသည်ဟု သတင်း ရရှိသည်။

ခရီးသွားလူငယ် တဦးက“ မှတ်ပုံတင် မပါဘဲနဲ့ခရီးသွားလို့ လုံးဝ မရဘူး။ ဂိတ်တိုင်း ဂိတ်တိုင်းမှာ စစ်ဆေးပါတယ်။ တမင်းဆိုင်ရှိတဲ့ နေရာမှာ ကားရပ်ရင်တောင်မှ မှတ်ပုံတင်ကို ကားစပယ်ယာက သိမ်းထားပါတယ်။ ကားထဲမှာ ပါလာတဲ့သူ တဦးဦး ကားပေါ်က ဆင်းကျန်ရစ်နေခဲ့ရင် ကားသမားတွေ စစ်ဆေးရေးဂိတ်မှာ ပြဿနာ တတ်နိုင်တဲ့ အတွက် အခုလို သိမ်းဆည်းထားတာ ဖြစ်ပါတယ်” ဟု ပြောသည်။

ယခင်က ပုံစံ တဆယ်နှင့် ရယက ဥက္ကဌ ထောက်ခံချက်ဖြင့် ခရီး သွားလာ ခွင့်ရသော်လည်း ယခု အဆိုပါ ထောက်ခံချက်ဖြင့် သွားသူများကို အချိန် အကြာကြီး စစ်ဆေး မေးမြန်းလေ့ရှိသည်ဟု သိရသည်။

check-post

“သူတို့ပြောတာက ရခိုင်ပြည်နယ်အတွင်း ဗုံးခွဲမယ်ဆိုတဲ့ သတင်းတွေ ဖြစ်နေတဲ့ အတွက် ခုလို စစ်ဆေးတာ ဖြစ်တယ်လို့ ပြောပါတယ်။ စစ်ဆေးရေး ဂိတ်တွေ ရှေ့ရောက်ရင် ခရီးသည်တွေ အကုန်လုံး ကားပေါ်က ဆင်းရပါတယ်။ တဦးချင်းစီကို စစ်ဆေးမေးမြန်းပါတယ်။ ကားပေါ်က အထုတ်အပိုးတွေကိုလည်း စစ်ဆေးပါတယ်” ဟု သူက ဆက်ပြောသည်။

စစ်တွေ- ရန်ကုန် ကားလမ်းတလျှောက်တွင် စစ်တပ် တပ်ရင်း အများအပြားကို တည်ဆောက်ထားရာ စစ်တပ် တပ်ရင်းတိုင်းက တပ်ရင်းရှေ့သို့ ကားရောက်လျှင် ခရီးသည်များကို ဆင်းခိုင်းပြီး ရှာဖွေ စစ်ဆေးမူများ ပြုလုပ်သည်ဟု အဆိုပါ လူငယ်က ပြောသည်။

ယခုကဲ့သို့ စစ်ဆေးမူမှာ သင်္ကြန်ပြီးကတည်းက ဖြစ်ပြီး ယခုကဲ့သို့ စစ်ဆေးရေး ဂိတ်တိုင်းတွင် ခရီးသည်များကို မလိုလားအပ်ဘဲ အချိန်အကြာကြီး စစ်ဆေးနေသဖြင့် ခရီးသွားသူများ အထူး ဒုက္ခရောက်နေကြရသည်ဟု သတင်း ရရှိသည်။

Most read this week