စစ်ပြေး မွန်ခလေးငယ်များ ပညာသင်ကြားခွင့်များ ဆုံးရှံုးနိုင်

စစ်ပြေး မွန်ခလေးငယ်များ ပညာသင်ကြားခွင့်များ ဆုံးရှံုးနိုင်
by -
ဆူးပန်း
ထိုင်းမြန်မာနယ်စပ်ရှိ ခလော့ဟနီဒုက္ခသည်စခမ်းကို တိမ်းရှောင်လာသည့် မွန်ပြည်သစ်ပါတီ ဗဟိုဌာန ချုပ်ဝန်းကျင််ဒေသမှ စစ်ပြေးမွန်ဒုက္ခသည်(၆ဝဝ)နီးပါးထဲတွင် ကျောင်းနေအရွယ်ခလေးများအနေနှင့် ပညာဆက် သင်ကြားရမည့်အခွင့်အရေးများ ဆုံးရှံုးနိုင်သည်ဟု မွန်အမျိုးသားပညာရေးတာဝန်ခံ မိစားဒါးမှ...

ထိုင်းမြန်မာနယ်စပ်ရှိ ခလော့ဟနီဒုက္ခသည်စခမ်းကို တိမ်းရှောင်လာသည့် မွန်ပြည်သစ်ပါတီ ဗဟိုဌာန ချုပ်ဝန်းကျင််ဒေသမှ စစ်ပြေးမွန်ဒုက္ခသည်(၆ဝဝ)နီးပါးထဲတွင် ကျောင်းနေအရွယ်ခလေးများအနေနှင့် ပညာဆက် သင်ကြားရမည့်အခွင့်အရေးများ ဆုံးရှံုးနိုင်သည်ဟု မွန်အမျိုးသားပညာရေးတာဝန်ခံ မိစားဒါးမှ ပြောပါသည်။

နယ်စပ်ဘက်သို့တိမ်းရှောင်လာသည့် ဒုက္ခသည်များအထဲတွင် ခလေးများနှင့်အမျိုးသမီးများသာ အများ စုဖြစ်ပြီး ခလေးငယ်များ သုံးပုံနှစ်စ်ပုံရှိနေသည်ဟုဆိုပါသည်။ ယခုအချိန် ကျောင်းဖွင့်သည့်ကာလ ရောက်ခါနီး ပြီဖြစ်သော်လည်း မတည်ငြိမ်သောနိုင်ငံရေးအခြေအနေကြောင့် ခလေးများပညာသင်ကြားရေး ထိခိုက်သွားမည်ကို စိုးရိမ်သည်ဟု ပညာရေးတာဝန်ခံမိစားဒါးမှပြောပါသည်။

ခလေးတွေရဲ့ပညာရေးအခြေအနေက အနာဂါတ်မှာ ပညာဆက်သင်မဲ့အခွင့်အရေးတွေဆုံးရှုံးသွား နိုင်တယ်။ နောက်ပြီးတော့ ခလေးတွေကလည်း ကျောင်းနေတဲ့ အရွယ်ဖြစ်တဲ့ အတွက်ကြောင့်မို့ ခလေး တွေစိတ်ဓါတ် ပျက်ပြားသွားနိုင်မယ် စိတ်ဓါတ်ကျသွားနိုင်မယ်လို့ မြင်တယ်ပေါ့လေ။ သူတို့က ကျောင်းဖွင့်ချိန်ဆိုတော့ ကျောင်းတက်ချင်မှာဘဲ။ ဒါပေမဲ့ကြည့်ရတာက အမျိုးသမီးနဲ့ ဒုက္ခသည်အားလုံး လူကြီးရောခလေးရော အားလုံး (၆ဝဝ) နီးပါးလောက်ရှိမယ်လို့ ကျွန်မခန့်မှန်းလို့ ရတာပေါ့နော်။  သုံးပုံတစ်ပုံလောက်က ကျောင်းနေတဲ့ အရွယ်ဘဲဖြစ်မှာပေါ့။

မွန်အမျိုးသားခလေးများ စာသင်ကြားနေပုံ

မွန်ပြည်သစ်ပါတီ ဗဟိုဌာနချုပ်ဝန်းကျင််ဒေသကျေးရွာများဖြစ်သော ပနန်းဗုန်၊ဂျော်ခပြု၊ဂနီ၊ဝယ်ဇင်၊ ချဲတိုက်၊ ဖလမ်းကျေးရွာသားများသည် ဧပြီလ(၂၂)ရက်နေ့မှ ယခုအချိန်အထိ နယ်စပ်ခလော့ဟနီဒုက္ခသည် စခန်းသို့ တဖွဲဖွဲ တိမ်းရှောင်ရောက်ရှိလာဆဲဖြစ်သည်။

မွန်ပညာရေးဌာနသည် (၁၉၇၂)ခုနှစ်တွင် မွန်စာပေကိုစတင်သင်ကြားခဲ့ပြီး(၁၉၈၄-၈၅)ခုနှစ် လောက် တွင် ဗဟိုပညာရေးအဖွဲ့ငယ်တစ်ခုကိုဖွဲ့စည်းနိုင်ခဲ့သည်။ ယခု အခါတွင် ဗဟိုပညာရေးဋ္ဌာန လက်အောက်တွင် ရှိသော မွန်အမျိုးသားကျောင်းများတွင် မူလတန်း(၁၄၂)ကျောင်း၊ အလယ်တန်း(၁၂)ကျောင်းနှင့် အထက်တန်း အဆင့် (၃)ကျောင်း၊ စုစုပေါင်း (၁၅၅) ကျောင်းရှိသည်။

မွန်အမျိုးသားကျောင်းများတွင် အခမဲ့ပညာသင်ကြားရေးစနစ် ကျင့်သုံးသည့်အတွက် ဆင်းရဲနွမ်းပါးပြီး၊ ကျောင်းပညာ တက်ရောက်လိုသူ မွန်လူငယ်များအတွက် အခွင့်ကောင်းတခုပင် ဖြစ်နေခဲ့သည်။

ယနေ့ထိတိုင် မွန်အမျိုးသားကျောင်းတွင် ပညာသင်ကြားသူ ကျောင်းသား၊ကျောင်းသူ ရေအတွက်စုစုပေါင်း တစ်သောင်းခွဲ ခန့်ရှိပြီး၊ အစိုးရကျောင်းများနှင့်တွဲဖက်ကာ မွန်စာပေသင်ကြားပေးနေသည့်ကျောင်းများတွင်မူ နှစ်သောင်း ကျော်ခန့်ရှိသည်။

အစိုးရကျောင်းများနှင့် ပူးတွဲကာ မွန်စာပေ သင်ကြားပေးနေသည့် ကျောင်း စုစုပေါင်း (၁၁၄) ကျောင်းရှိသည်ဟု မွန်ပညာရေးကော်မီတီဝင်တစ်ဦးမှပြောပါသည်။

Most read this week