မြစ်ကြီးနားတွင် လမ်းဘေးထောင် ဗုံး ၂ လုံးပေါက်ကွဲ လူထိခိုက်မှု မရှိ

မြစ်ကြီးနားတွင် လမ်းဘေးထောင် ဗုံး ၂ လုံးပေါက်ကွဲ လူထိခိုက်မှု မရှိ
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ နန်းသီတာရပ်ကွက်ရှိ ခရီးသည်တင် အဝေးပြေးကားကြီးဝန်း ဂိတ်အရှေ့ဘက်တွင် မေလ ၅ ရက်နေ့ နေ့လည် ၁၁ နာရီခန့်က လမ်းဘေး ထောင် ဗုံး ၂ လုံးပေါက်ကွဲခဲ့ကြောင်း မြစ်ကြီးနားမြို့ခံတစ်ဦးက သျှမ်းသံ တော်ဆင့်သို့...

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ နန်းသီတာရပ်ကွက်ရှိ ခရီးသည်တင် အဝေးပြေးကားကြီးဝန်း ဂိတ်အရှေ့ဘက်တွင် မေလ ၅ ရက်နေ့ နေ့လည် ၁၁ နာရီခန့်က လမ်းဘေး ထောင် ဗုံး ၂ လုံးပေါက်ကွဲခဲ့ကြောင်း မြစ်ကြီးနားမြို့ခံတစ်ဦးက သျှမ်းသံ တော်ဆင့်သို့ ပြောသည်။

အဆိုပါ ခရီးသည်တင် ကားကြီးဝန်းအရှေ့ဘက် လမ်းဘေးထောင်ထားသော ဗုံး ၂ လုံးကို ကားတစ်စီးက တက်နင်းမိ၍ ပေါက်ကွဲခဲ့ခြင်း ဖြစ်ပြီး လူထိခိုက်မှုမရှိကြောင်း သူက ဆိုသည်။

“မြစ်ကြီးနားခရီးသည်တင် ကားကြီးဝန်းဂိတ်ဝရှေ့မှာပေါ့ နေ့လည် ၁၁ နာရီလောက်က ဗုံး ၂လုံးကွဲတယ် နင်းမိုင်းပေါ့ ကား တွေနင်းတယ် ကားလည်းအထိအခိုက် မရှိဘူး လူတွေလည်းအထိအခိုက်မရှိဘူး အထိအခိုက်မရှိဘူးဆိုတော့ သိပ်ပြင်းပုံ တော့ မရဘူး ” ဟု သူက ဆိုသည်။

ယခုဗုံးကွဲပြီး နောက်ပိုင်း မြစ်ကြီးနားတွင် လုံခြံုရေးတင်းကြပ်ထားပြီး လတ်တလော ဗုံးလက်သည် တရားခံဖမ်းဆီးရမိမှု မရှိသေးကြောင်း သိရသည်။

ကချင်ပြည်နယ်တွင် လွန်ခဲ့သည့်လ ၁၇ ရက်နေ့က မြစ်ဆုံဒေသ ရေကာတာစီမံကိန်းတွင် ဗုံးများဆက်တိုက် ပေါက်ကွဲခဲ့ရာ ယခုပေါက်ကွဲမှုသည် ဒုတိယအကြိမ် ဖြစ်သည်။

မြန်မာနိုင်ငံတစ်ဝှန်းတွင် ဧပြီလမှစ၍ ဗုံးပေါက်ကွဲမှု အနည်းဆုံး ၉ ကြိမ်ခန့် ဖြစ်ပွားခဲ့ပြီး လူပေါင်း ၂၃ ဦးခန့်သေဆုံး၍ ၂၀၀ ကျော်ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သတင်း ရရှိသည်။

အဆိုပါဗုံးများ ဖေါက်ခွဲသည့် လက်သည်တရားခံများ ဖေါ်ထုတ်ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ နအဖစစ်အစိုးရ က ယနေ့ အထိ ထုတ်ပြန်ကြေငြာခြင်းမရှိပဲ မြစ်ဆုံဗုံးကွဲ မှုတွင် အနီးနားရှိ ဒေသခံအရပ်သားများကို ဖမ်းဆီးစစ်ဆေးနေကြောင်း သိရသည်။

ထို့အပြင် ပြည်ပအခြေဆိုက် ဒီမိုကရေစီ အတိုက်အခံ အင်အားစုများအား ဗုံးဖေါက်ခွဲသည့် တရားခံအဖြစ် အထောက် အထားမပြပဲ ပြောဆိုစွပ်စွဲလေ့ရှိသည်။

Most read this week