လယ်မြေအသိမ်းခံရသူများ စစ်ခေါင်းဆောင်ထံ တိုင်ကြားရန်ပြင်

လယ်မြေအသိမ်းခံရသူများ စစ်ခေါင်းဆောင်ထံ တိုင်ကြားရန်ပြင်
စစ်ကိုင်းတိုင်း ကလေးမြို့ လေဆိပ်တိုးချဲ့ရေး စီမံကိန်းအောက်တွင် လယ်မြေအသိမ်းခံရသူများက  စစ်အစိုးရအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ စာရေးတိုင်ကြားရန်...

စစ်ကိုင်းတိုင်း ကလေးမြို့ လေဆိပ်တိုးချဲ့ရေး စီမံကိန်းအောက်တွင် လယ်မြေအသိမ်းခံရသူများက  စစ်အစိုးရအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ စာရေးတိုင်ကြားရန် စီစဉ်လျက်ရှိသည်။

လယ်မြေဧက ၃၂ ဧကကို ပိုင်ရှင် ၅ ဦးထံမှ လျော်ကြေးပေးဝယ်ယူရန် သဘောတူညီချက် မရရှိဘဲ ဖြစ်နေစဉ် ဒေသအာဏာပိုင်များက သိမ်းပိုက်လိုက်ပြီး တည်ဆောက်ရေး လုပ်ငန်းများ ပြုလုပ်နေသည်ကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ အသိပေးတိုင်ကြားရန်နှင့် စာမိတ္တူကို တိုင်း၊ ခရိုင်၊ မြို့နယ်ကောင်စီများနှင့် လယ်/ဆည် ဝန်ကြီးဌာနများသို့ပါ ပေးပို့ရန် ယခုအခါ စီစဉ်နေကြခြင်း ဖြစ်သည်။

ဦးလျန်ဆို်င်း၊ ဦးခေါ်သင်အုပ်၊ ဦးပြောင်တီလွန်၊ ဒေါ်ဆင်ကာလ်နှင့် ဒေါ်တလ်ငှဲလ်တို့ပိုင် လယ်မြေများအတွက် တဧကလျှင် ကျပ် ၁ဝ သိန်းစီနှင့် အလျားပေ ၄ဝ၊ အနံပေ ၆ဝ ရှိ မြေတကွက်စီ ပြန်အစားထိုးပေးမည်ဟု ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အပါအဝင် ဌာနပေါင်းစုံက ကိုယ်စားလှယ်များ ပါဝင်သော အဖွဲ့က ကမ်းလှမ်းခဲ့သော်လည်း လယ်ပိုင်ရှင်များက ကာလပေါက်စျေးထက် ထက်ဝက်နည်းနေသည်ဟု ငြင်းဆန်ထားသည်။

သဘောတူညီမှု မရသော်လည်း ရဲအစောင့်အကြပ်ဖြင့် မြေတိုင်းဌာန ဝန်ထမ်းများက စီမံကိန်းနယ်မြေအဖြစ် သတ်မှတ်ကာ မြေညှိလမ်းဖောက်လုပ်ငန်းများအား ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက စတင်လိုက်သည်။

''ကျနော်တို့ရဲ့ ငြင်းဆန်မှုတွေက အရာမရောက်ဘူး။ အခု လယ်တွေထဲမှာ လယ်ထွန်စက်တွေနဲ့ လမ်းတွေ ဖောက်နေပြီ'' ဟု လယ်သမားတဦးက မဇ္စျိမကို ပြောသည်။