ကရင်နီတပ်ဖွဲ့ ဓါတ်တိုင်အား ဖျက်ဆီးပြီးနောက်ပိုင်း စစ်တပ်က ပြည်သူများအား ပိုမိုကင်းစောင့်ခိုင်း

ကရင်နီတပ်ဖွဲ့ ဓါတ်တိုင်အား ဖျက်ဆီးပြီးနောက်ပိုင်း စစ်တပ်က ပြည်သူများအား ပိုမိုကင်းစောင့်ခိုင်း
by -
ပါးရယ်
မြန်မာနိုင်ငံသို့ သွယ်တန်းပို့ဆောင်ပေးနေသည့် ကရင်နီပြည်မှ လောပိတ ရေးအားလျပ်စစ်ဓါတ်အား သွယ်တန်းသွားသော ဓါတ်တိုင် များကို ကရင်နီပြည် တပ်မတော်က ၀င်ရောက်ဖျက်ဆီးပြီးနောက် ဓါတ်တိုင်လုံခြုံရေး ပိုမိုတင်းကြစွာ စောင့်ခိုင်းသည်ဟု....

မြန်မာနိုင်ငံသို့ သွယ်တန်းပို့ဆောင်ပေးနေသည့် ကရင်နီပြည်မှ လောပိတ ရေးအားလျပ်စစ်ဓါတ်အား သွယ်တန်းသွားသော ဓါတ်တိုင် များကို ကရင်နီပြည် တပ်မတော်က ၀င်ရောက်ဖျက်ဆီးပြီးနောက် ဓါတ်တိုင်လုံခြုံရေး ပိုမိုတင်းကြစွာ စောင့်ခိုင်းသည်ဟု ဒေသခံများက ဆိုသည်။

ပြီးခဲ့သည့် နှစ်ဆန်းပိုင်းတွင် ကရင်နီပြည်တပ်မတော်တပ်ဖွဲ့သည် ဒီမော့ဆိုမြို့နယ်အတွင်းရှိ လျှပ်စစ်ဓါတ်အား တာဝါတိုင်များကို မိုင်းထောင်ဖောက်ခွဲခဲ့သောကြောင့် စစ်အစိုးရတပ်များက အခင်းဖြစ်ပွားရာ အနီးရှိ ကျေးရွာများအား တာဝါတိုင်ကို ပြန်လည်ပြုပြင်ခိုင်းပြီး ယခင်ကထက် ကင်းစောင်းခိုင်းသည် ဆိုသည်။

၎င်းက “မီးတိုင် စောင်းခိုင်းတာတို့၊ ကာခိုင်းတာတို့က အရင်တုန်းက လုပ်ခိုင်းဖူးပါတယ်။ ဒါပေမဲ့ အခြေအနေက နည်းနည်းတိတ်ဆိတ် ပါတယ်။ ဒါပေမဲ့ ကရင်နီ တပ်ဖွဲ့တွေ ၀င်ခွဲပြီးတဲ့နောက် မီးတိုင်တွေ ကောင်းအောင် သူတို့ ပြန်လုပ်ခိုင်းတယ်။ ကာခိုင်းတယ်။ စောင့်ခိုင်း တယ်” ဟု ပြောပါသည်။

စစ်အစိုးရတပ်များသည် ဖောက်ခွဲဖျက်ဆီးခံခဲ့ရသော လျှပ်စစ်ဓါတ်အား တာဝါတိုင်များ အနီးရှိ ကျေးရွာများကို ကျေးရွာတရွာလျှင် တာဝါတိုင်တတိုင်စီ တာဝန်ယူခိုင်းပြီး ခြံစည်းရုံးကို သစ်၊ ၀ါးများနှင့် နှစ်ထပ်ဖြင့် ကာရံထားခိုင်းသည်ဟု ထိုဒေသခံက ဆက်ပြောသည်။

မဟာဓါတ်အားလှိုင်းတိုင်များဆိုင်ရာ လုပ်အားပေးများကို စစ်အစိုးရတပ်များက စေခိုင်းလျှင် လုပ်ပေးရမည်ဖြစ်ကြောင်း၊ မသွားပါက ဒဏ်ငွေ ရိုက်ခံရမည်ဖြစ်ကြောင်း လုပ်အားပေးကို လုပ်ခဲ့ဖူးသူ ဒီမောဆိုမြို့နယ်အတွင်းရှိ ဒေါငါခါးကျေးရွာသားတဦးက ပြောသည်။

“တအိမ်ဆို အနည်းဆုံး ၀ါးတချောင်းပေါ့နော့်။ သွားကာပေးရတယ်လေ။ မလုပ်ရင် တရက်ဆို ၂၀၀၀ ပေါ့နော့်။ မသွားရင်လည်း ၂၀၀၀ ပေးရတယ်လေ။ ပိုက်ဆံ ပေးရမှာပေါ့။ မပေးရင် သုံးခါ လေးခါ ရှိပြီဆိုရင် တခုခု ကိုယ်ခံရမှာပေါ့” ဟု သူက ပြောသည်။

တာဝါတိုင် လုံခြံုရေးအတွက် ကင်းသွားစောင့်ခိုင်း၍ နေအိမ်၌ ခင်ပွန်း မရှိသောကြောင့် ဒဏ်ငွေ ပေးခဲ့ဖူးသော ဒေသခံအမျိုးသမီး တဦးကလည်း “ကင်းသွား စောင့်မယ် ဆိုရင် သူပိုက်ဆံ မတောင်းဘူး။ ဒါပေမဲ့ မသွားစောင့်ရင် သူတောင်းတယ်။ အနည်ဆုံး ၅၀၀ အထက် သူတောင်းတယ်။ တခါတလေဆို ၂၀၀၀၊ ၃၀၀၀” ဟု ပြောပါသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၂၃ ရက်နေ့တွင် ကရင်နီပြည်တပ်မတော်တပ်ဖွဲ့က ဒီးမော့ဆိုမြိုနယ် လိုတာခုကျေးရွာအနီးရှိ လောပိတမှ တောင်ငူသို့ လျှပ်စစ်ဓါတ်အား ပို့လွတ်သော ၂၃၀ ကေဗွီအေ ဓါတ်အားလိုင်းမှ တာဝါအမှတ် ၁၃၄ အား မိုင်းထောင်ဖောက်ခွဲ့ခဲ့ကြောင်း၊ အလားတူ ၉ ရက်နေ့တွင်လည်း တာဝါတိုင် အမှတ် ၁၉၉ ကို မိုင်းဖြင့် ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း သိရသည်။

လျှပ်စစ်ဓါတ်တိုင် ဖောက်ခွဲဖျက်ဆီးခြင်းနှင့်် ပတ်သက်၍ လောပိတရေးအားလျှပ်စစ်စက်ရုံသည် ကရင်နီပြည်နယ်အတွင်းတွင် တည်ရှိ ခဲ့သော်လည်း ထွက်ရှိလာသည့် အကျိုးအမြတ်က စစ်အစိုးရအာဏာပိုင် အများစုကသာ ပိုင်ဆိုကြပြီး ဒေသခံ ကရင်နီပြည်သူများမှာမူ အနည်းအကျဉ်းသာ ပိုင်ဆိုင်ကြသော်ကြောင့် လုပ်ဆောင်ရခြင်း ဖြစ်သည်ဟု ကရင်နီအမျိုးသား တိုးတက်ရေးပါတီး (ကေအဲန်ပီပီ) ဥက္ကဌ ဖြစ်သူ ခူထဲဘူးဖဲက ပြောခဲ့သည်။

၎င်းက “အမှန်ဆိုရင် စစ်တပ် အချင်းချင်း တိုက်ခိုက်ကြတယ်ဆိုတော့ စစ်ရေးအရဘက်က တရားဝင်တယ်ပဲလေ။ ဒါပေမယ့် ကျနော်တို့ အဲလိုမျိုး လုပ်တာ ဗမာပြည်ထဲက ပြည်သူလူထုတွေကို ထိခိုက်တဲ့အတွက် သူတို့ ပြောရင်လည်း ပြောမှာပေါ့။ ဒါပေမဲ့ စစ်ရေးအရက တရားဝင် တယ်ပဲလေ” ဟု ပြောခဲ့ပါသည်။

Most read this week