သတ်မှတ်ရက် ကျော်လွန်သော်လည်း မိုင်းလားတပ်ဖွဲ့ ရပ်တည်ချက်မပြောင်း

သတ်မှတ်ရက် ကျော်လွန်သော်လည်း မိုင်းလားတပ်ဖွဲ့ ရပ်တည်ချက်မပြောင်း
စရဖ အရာရှိချုပ် ဗိုလ်ချုပ်ရဲမြင့်ကိုယ်စား အဖွဲ့တဖွဲ့က နယ်ခြားစောင့်တပ်အသွင်ပြောင်းရန် မိုင်းလားတပ်ဖွဲ့ အားထပ်မံသွား ရောက်ဖိအားပေးခဲ့သည်ဟု စုံစမ်း...

စရဖ အရာရှိချုပ် ဗိုလ်ချုပ်ရဲမြင့်ကိုယ်စား အဖွဲ့တဖွဲ့က နယ်ခြားစောင့်တပ်အသွင်ပြောင်းရန် မိုင်းလားတပ်ဖွဲ့ အားထပ်မံသွား ရောက်ဖိအားပေးခဲ့သည်ဟု စုံစမ်းသိရှိရပါသည်။

“အရင် တြိဂံတိုင်း ဂျီဝမ်းခေါင်းဆောင်တဲ့ အဖွဲ့လာသွားတယ်၊ နေ့ချင်းပြန်ဘဲ၊ အရင်ကလို ဧည့်ခံကျွေးမွေးရေး ဘာမှမရှိ။ မျက်နှာလဲ သိပ်မကြည်ဘူး ဆိုဘဲ” - ဟု မိုင်းလား - ကျိုင်းတုံပြေးကားဆရာတဦးကပြောပါသည်။

ဧပြီ ၁၈ ရက်နေ့ မနက်ပိုင်း ယခင်တြိဂံစစ်တိုင်း လုံြုခံရေးအရာရှိပထမတန်း ဒုဗိုလ်မှူးကြီးသန်းထွဋ်သိန်း နှင့် အဖွဲ့ က မိုင်းလားသို့နေ့ချင်းပြန်သွားပြီး နယ်ခြား စောင့်တပ် အသွင်ပြောင်းမည့်စာရင်းများ ပေးပို့ရန်သွားရောက်သိမ်း သွင်း ဖိအား ပေးခဲ့သည်ဟုဆိုသည်။

ခိုင်လုံသည့်သတင်းရပ်ကွက်တခုကလည်း -“သတ်မှတ်ရက် ကျော်လွန်ပေမယ့် မိုင်းလားတပ်ဖွဲ့ ထပ်မံအဖြေပေး ဖို့ မရှိဘူး၊ ရွေးစရာလမ်းက ၂ ခုပေါ့၊ တခု က တောင်းဆိုထားတဲ့ အချက် ၆ ချက်ဘဲပြန်လည်တောင်းဆိုမယ်။ နောက်တခု က တခြားအပစ်ရပ်တွေလို ဘာမှမပြောမဆိုဘဲ ဒီအတိုင်းဆိတ်ငြိမ်နေလိုက်မယ် ဆိုဘဲ” - ဟု ပြော၏။

အပစ်ရပ်ဒေသဘက်သို့သွားရောက်လေ့လာခဲ့သည့် ထိုင်းနယ်စပ်နေပုဂ္ဂိုလ်တဦးက - “မိုင်းလားတပ်ဖွဲ့အပါအ ၀င်အခြား အပစ်ရပ်အဖွဲ့တွေ စစ်ရေးပြင်ဆင်မှုက မရပ် မနားဘဲ။ နအဖ ဘက်ကတော့ အပစ်ရပ်နယ်ခြားဒေသ တွေမှာလက်နက်ကြီး တွေတပ်ဆင်ထားတာကလွဲလို့ ဒီအတောအတွင်း အင်အားထပ်ဖြည့်တာမရှိသေးဘူး။ တိုက်ပွဲဖြစ် မယ့်အလားအလာလဲ ခန့်မှန်းရခက်တယ်။ ရွေးကောက်ပွဲပြီးရင်တော့မပြောတတ်ဘူး၊ အခုဟာက မိုးတွင်းလဲ ၀င်တော့မယ်။တရုတ်ဝန်ကြီးချုပ်လဲ ဗမာပြည်ကို လာမယ်ဆိုတော့၊ နအဖ ဘက်ကလဲ ချင့်ချင့်ချိန်ချိန် လုပ်နေရတဲ့ ပုံမျိုးဖြစ်နေတယ်”- ဟု သျှမ်းသံတော်ဆင့်သို့ သုံးသပ်ပြ၏။

ဒုဗိုလ်မှူးကြီးသန်းထွဋ်သိန်း

တရုတ်နယ်စပ်ဘက်အခြေစိုက်သည့် ကချင်လွတ်လပ်ရေးတပ်မတော်၊ ၀ ပြည်သွေးစည်းရေးတပ်မတော်၊ အမျိုးသား ဒီမိုကရက်တစ်တပ်မတော် - (သျှမ်းပြည် အရှေ့ပိုင်း) နှင့် အပစ်ရပ် သျှမ်းပြည်တပ်မတော်တို့သည် ကိုးကန့်အရေးအခင်း နောက်ပိုင်း၊ မိုင်းလားအတွင်းရေးမှူးလုပ်ကြံခံရသည့်နောက်ပိုင်း တဖွဲ့နှင့် တဖွဲ့ပိုမိုဝင်ထွက်နီးစပ်မှုရှိ လာကြောင်း၊မတရား အသင်းအဖွဲ့အဖြစ် နအဖကြေငြာခဲ့မည်ဆိုလျှင် လက်တွဲပူးပေါင်းတုန့်ပြန်ရန် အဆင်သင့် ရှိကြောင်း၊ကိုးကန့် အရေးအခင်း ကို သင်္ခဏ်းစာယူ၍ ပြဿနာတွဲကူဖြေရှင်းရန် မကြာခင်က သဘောတူညီမှု ရယူနိုင်ခဲ့ကြောင်း -ခိုင်လုံသည့်သတင်းက အတည်ပြု ပြောဆိုပါသည်။

၂၀၀၉ နိုဝင်ဘာ ၂၉ ရက် (သျှမ်းပြည်စစ်တိုင်း သုံးတိုင်းကြီးကြပ်သူ ) တိုင်းချုပ်ဗိုလ်ချုပ်မင်းအောင်လှိုင်ထံ တင်ပြ တောင်းဆိုသည့်အဓိကအကြောင်းရင်း ၆ ချက်မှာ -နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရလျှင်.... ၁။ နအဖ စစ်အရာရှိများ မိုင်းလားတပ်ဖွဲ့အတွင်း ၀င်ရောက်တာဝန်ထမ်းခြင်းမြုပလုပ်သေးရန်၊ ၂။ မွမ်းမံ/ စစ်သင်တန်းအား လည်း မိုင်းလားနယ်မြေအတွင်း၌သာြုပလုပ်ရန်၊  ၃။ တာဝန်ထမ်းဆောင်နိုင်သေးသည့်အသက် ၅၀ ကျော် မိုင်းလားအရာရှိများ ရာထူးမှ ရပ်နားခြင်း မပြုရန်၊ ၄။ မိုင်းလားတပ်ဖွဲ့ ထိန်းချုပ်နယ်မြေအားလုံး နဂိုအတိုင်းထားရှိ သွားရန်၊ ၅။ စစ်အစိုးရ၏ ဌာနဆိုင်ရာအုပ်ချုပ်ရေးယန္တရားများ မိုင်းလားဒေသအတွင်း ၀င်ရောက်ထမ်းဆောင် ခြင်းမပြုသေးရန်၊ ၆။ မိုင်းလားတပ်ဖွဲ့၏ စစ်တပ်ပိုင်းဆိုင်ရာ/အုပ်ချုပ်ရေးပိုင်းဆိုင်ရာ ကော်မတီများအား နဂိုအတိုင်းထားရှိရန် - စသည်တို့ဖြစ်ပါသည်။