မြန်မာ့ ရွေးကောက်ပွဲ စည်းရုံးလှုံ့ဆော်မှုများ စတင်

မြန်မာ့ ရွေးကောက်ပွဲ စည်းရုံးလှုံ့ဆော်မှုများ စတင်
by -
လာရီဂျေဂင်
သင်္ကြန်ပွဲတော် နှင့် မြန်မာ နှစ်သစ်ကူး ပွဲတော်အပြီး တွင် အနှစ်နှစ်ဆယ်ကျော်အတွင်း မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် ပြုလုပ်မည့် ရွေးကောက်ပွဲအတွက် ပြင်ဆင်မှှုများအား လုပ်ဆောင်လာကြရာ အရှိန်ရလာခဲ့ပြီ ဖြစ်သည်။ စစ်အစိုးရမှ ရွေးကောက်ပွဲရက်ကို အတိအကျ မထုတ်ပြန်သေးသော်လည်း...

သင်္ကြန်ပွဲတော် နှင့် မြန်မာ နှစ်သစ်ကူး ပွဲတော်အပြီး တွင် အနှစ်နှစ်ဆယ်ကျော်အတွင်း မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် ပြုလုပ်မည့် ရွေးကောက်ပွဲအတွက် ပြင်ဆင်မှှုများအား လုပ်ဆောင်လာကြရာ အရှိန်ရလာခဲ့ပြီ ဖြစ်သည်။ စစ်အစိုးရမှ ရွေးကောက်ပွဲရက်ကို အတိအကျ မထုတ်ပြန်သေးသော်လည်း လာမည့် ရွေးကောက်ပွဲတွင် ပါဝင် ယှဉ်ပြိုင်ရန်အတွက် အနည်းဆုံး နိုင်ငံရေးပါတီ နှစ်ဆယ်သည် မှတ်ပုံတင်ပြီးကြပြီ ဖြစ်သည်။ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် ရည်ရွယ်ထားသည့် အခြားမှတ်ပုံမတင်ရသေးသော ပါတီများသည်လည်း လာမည့် ရက်သတ္တပတ် အနည်းငယ် အတွင်းတွင် ရွေးကောက်ပွဲ ကော်မရှင်ထံ၌ မှတ်ပုံတင်ကြလိမ့်မည်ဟု မျှော်လင့်ရပေသည်။

အဓိက အတိုက်အခံ နိုင်ငံရေးပါတီဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ ့ချုပ်အနေဖြင့် ရွေးကောက်ပွဲသည် လွတ်လပ်မှှုနှင့် တရားမျှတမှှု ရှိလိမ့်မည် မဟုတ်ဟု ယူဆသည့်အတွက် ရွေးကောက်ပွဲအား သပိတ်မှောက်ရန် ဆုံးဖြတ်ချက် ချမှတ်ခဲ့သော်လည်း စစ်အစိုးရသည် ရွေးကောက်ပွဲအား နိုင်ငံတကာ၏ အသိအမှတ်ပြုခြင်းခံရရန် အထူးလိုလားနေသည်။ ထို ့ကြောင်း စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ထင်ရှားသည့် နိုင်ငံရေးလှှုပ်ရှားသူများ အပါအဝင် နိုင်ငံရေး အကျဉ်းသားများစွာအား အလုံးအရင်းနှင့် လွတ်ငြိမ်းချမ်းသာ ခွင့်ပေးရန် စီစဉ်နေသည်ဟု အဆင့်မြင့် စစ်ဘက်ဆိုင်ရာ သတင်းရင်းမြစ်များ အရ သိရသည်။

သို ့ရာတွင် လူကိုးဦး သေဆုံးစေပြီး လူပေါင်းရာနှင့်ချီကာ ဒဏ်ရာရစေခဲ့သည့် သင်္ကြန်ပွဲတော်ရက် အတွင်း ဗုံးပေါက်ကွဲမှှုက အစီအစဉ်များကို နှောင့်နှေး ကြန် ့ကြာ စေခဲ့သည်။ ထို ့ကြောင့် စစ်ဘက်မှ ပါဝင်သော ယာယီကြားဖြတ် အစိုးရ ဖွဲ ့စည်းရေးနှင့် နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရေး အစီအစဉ်အား ခေတ္တခဏ ဆိုင်းထားခြင်း ဖြစ်သည်ဟု ယူဆ ရပေသည်။

“လုံခြံုရေး ကိစ္စဆိုတာက စစ်အစိုးရ ထိပ်ပိုင်းအရာရှိတွေ အမြဲတမ်း အဓိကထားတဲ့ ကိစ္စတရပ်ပါ။ ဒါကြောင့်မို ့လို ့ ဒါဟာ သီခြား ကိစ္စတခုဖြစ်ပြီးတော့ ပူးပေါင်းကြံစည် လုပ်ဆောင်မှှု တခုလည်း မဟုတ်ဘူးလို ့သူတို ့စိတ်မချ မချင်း သူတို ့ဘာမှ ဆက်မလုပ်ဖို ့များပါတယ်” ဟု ချင်းမိုင် တက္ကသိုလ်တွင် သင်ကြားပို ့ချမှှုများ ပြုလုပ်နေသည့် ကထိက ဦးဝင်းမင်းက မှတ်ချက်ချခဲ့ပါသည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် အရာရာအား သံသယ ဝင်နေပြီး ၂ဝဝ၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေး နောက်ပိုင်း၌ နေရာဒေသတခုတွင် နှစ်ညဆက်တိုက် မည်သည့်အခါမျှ အိပ်လေ့ မရှိဟု သူ၏ မိသားစုနှင့် နီးစပ်သူများဆီမှ တဆင့် သိရသည်။ ၂ဝဝ၂ ခုနှစ် ဦးနေဝင်း၏ မိသားစုမှ အာဏာသိမ်းရန် ကြံစည်သည့် ကာလ၌ စစ်အစိုးရ ထိပ်ပိုင်းခေါင်းဆောင် သုံးဦးဖြစ်သည့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ ဒုတိယ ဗိုလ်ချုပ်မှူးကြီးမောင်အေး နှင့် ဗိုလ်ချုပ်ခင်ညွန် ့တို ့သုံးဦးသည် ဦးနေဝင်း၏ သားမက်မှ ငှားရမ်းထားသော နိုင်ငံခြား ကြေးစားစစ်သားများ၏ လုပ်ကြံမှှု ခံရမည်ကို စိုးရိမ်သည့်အတွက် စစ်ရုံးတွင် တပတ်ကျော်ခန် ့သွားရောက်ကာ အိပ်ခဲ့ရသည်ဟု ထိုအချိန်က မြန်မာ ထောက်လှမ်းရေး အရာရှိ တဦးက မဇ္စျိမကို ပြောခဲ့ဖူးသည်။

“ဗုံးပေါက်ကွဲမှှုတွေဟာ နိုင်ငံရေးအခြေအနေ တင်းမာနေမှှုကို ဖော်ပြနေပေမယ့်  ဒီလိုဗုံးပေါက်ကွဲမှှုတွေက စစ်အစိုးရရဲ့ ရွေးကောက်ပွဲ အစီအစဉ်တွေကိုတော့ ပြောင်းလဲအောင် စွမ်းနိုင်မှာ မဟုတ်ပါဘူး” ဟု လာမည့် မြန်မာနိုင်ငံ ရွေးကောက်ပွဲနှင့် ပတ်သတ်၍ အစီရင်ခံစာ စာတမ်းများ ရေးသားခဲ့သည့် မြန်မာ့အရေး အထူးကျွမ်းကျင်သူ Richard Horsey က မဇ္စျိမသို ့ ပြောကြားခဲ့ပါသည်။

သို ့သော် ထိုဗုံးပေါက်ကွဲမှှုများ၏ တရားခံကို မဖော်ထုတ်နိုင်သေး သရွေ့ ထိုဗုံးပေါက်ကွဲမှှုများက ရွေးကောက်ပွဲ အပေါ်တွင် မည်သို ့ ဂယက်ရိုက်နိုင်ကြောင်း ခန် ့မှန်းတွက်ဆရန် ခက်ခဲလိမ့်မည်ဟု မြန်မာ့ နိုင်ငံရေး ကျွမ်းကျင်သူများက ယူဆကြပါသည်။

“သန်းရွှေကိုယ်တိုင်က ရွေးကောက်ပွဲကို ရွှေ ့ချင်လို ့ဆင်ခြေဆင်လက် ရှာတာလည်း ဖြစ်နိုင်တယ်။ ဒါဆို ရွေးကောက်ပွဲကို သူ့ စိတ်ကြိုက် ရွှေ ့လို ့ရပြီးတော့ ကချင်လွတ်လပ်ရေး အဖွဲ ့(ကေအိုင်အို) နဲ ့ ဝပြည် သွေးစည်းညီညွတ်သော တပ်မတော် (UWSA) တွေက စစ်အစိုးရရဲ့ နယ်ခြားစောင့်တပ် အသွင် ပြောင်းရေး အစီအစဉ်ကို ဆက်ပြီး ဆန် ့ကျင်နေကြမယ် ဆိုရင် အဲဒီ့ဘက်ကိုလည်း လှည့်ပြီး ကိုင်တွယ်ဖို ့လို မှာ ဖြစ်တယ်။ ကချင်ပြည်နယ်မှာ လွန်ခဲ့တဲ့ ရက်အနည်းငယ်က ဖြစ်ပွါးခဲ့တဲ့ ဗုံးပေါက်ကွဲမှှု တွေကလည်း ဒီလိုအမြင်တွေကို ပိုပို ခိုင်မာ စေပါတယ်။” ဟု မြန်မာ ပညာရှင် နှင့် စစ်ဘက်ရေးရာ ကျွမ်းကျင်သူ တဦးဖြစ်သည့် ထိုင်းနိုင်ငံ ချူလာလောင်ကွန်း တက္ကသိုလ် မဟာဗျူဟာ လေ့လာရေးဌာနမှ ဒေါက်တာမောင်ဇာနည် မှ မဇ္စျိမသို ့ပြောကြားခဲ့သည်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ကာ ရွေးကောက်ပွဲ အတွက် ပြင်ဆင်လာကြသော်လည်း အများစုမှာ နိုင်ငံရေးပါတီသစ်များ၊ အဖွဲ ့အစည်းအသစ်များသာ ဖြစ်ကြသည်။ မှတ်ပုံတင်ထားသည့် နိုင်ငံရေးပါတီ ဆယ်ခု ရှိသည့်အနက် သုံးခုသာလျှင် အမျိုးသားဒီမိုကရေစီ အဖွဲ ့ချုပ်မှ အပြတ်အသတ် အနိုင်ရခဲ့သော ၁၉၉ဝ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည့် နိုင်ငံရေးပါတီဟောင်းများ ဖြစ်ကြပြီး ယခုအကြိမ်တွင်လည်း ပါဝင်ယှဉ်ပြိုင်ရန် ပြင်ဆင်နေကြသည်။

သို ့သော် မြန်မာနိုင်ငံ၏ အကြီးဆုံးစီးပွါးရေးမြို့ဖြစ်သည့် ရန်ကုန်မြို့နေ ပြည်သူများကမူ ရွေးကောက်ပွဲ အပေါ် သံသယ ဝင်ကာ စိတ်ပါဝင်စားမှှု လျော့နည်းနေသည်။ “ကျနော်တို ့ဘာလို ့ဂရုစိုက်ရမှာလဲ။ ဘာမှ ပြောင်းလဲလာမှာမှ မဟုတ်တာ” ဟု တက်စီ ယာဉ်မောင်းတဦးက သူ ့ ခံစားချက်ကို ရင်ဖွင့်ခဲ့သည်။ အသက် ၂၈ နှစ် အရွယ် ကျောင်းဆရာ တဦးဖြစ်သည့် ကိုမောင်မောင်သိန်းက “မြန်မာနိုင်ငံကတော့ ရှာမှရှားပဲ။ ကျနော်တို ့ဆီမှာ သမ္မတတော့ ရှိလာလိမ့်မယ်။ ဒါပေမယ့် အဲဒီ့ သမ္မတက ဘာအာဏာမှ ရှိမှာ မဟုတ်တဲ့ သမ္မတပဲဖြစ်မှာ” ဟု ပြောကြားခဲ့သည်။  

ဗုံးပေါက်ကွဲမှှုများသည် စစ်အစိုးရ၏ လုပ်ဆောင်ချက် အချိန်ဇယားကို နှောင့်ယှက် ဟန် ့တားကောင်း ဟန် ့တားနိုင်ပါ လိမ့်မည်။ ရွေးကောက်ပွဲ ကာလအထိ တိုင်းပြည်အား စီမံခန် ့ခွဲရန်နှင့် ရွေးကောက်ပွဲ ပြီး နောက်ပိုင်းတွင် ပေါ်ပေါက်လာမည့် အရပ်သားအစိုးရဟာ ချောမောစွာ အာဏာလွှဲပြောင်း ပေးရန် အတွက် စီမံခန် ့ခွဲ့မည့် ကြားဖြတ် အစိုးရအဖွဲ့ အမည်စာရင်းအား ကြေညာရန် နှောင့်နှေးသွားပုံရသည်။   

စစ်ဘက်အသိုင်းအဝိုင်းမှ သတင်းများအရ ဆိုလျှင် စစ်ဘက်မှ ပါဝင်မှှုရှိမည့် ကြားဖြတ်အစိုးရ အဖွဲ ့ တွင် ဝန်ကြီး ၁၇ဦး ရှိလိမ့်မည်ဟု သိရသည်။ လက်ရှိ ဝန်ကြီး အချို့သည် ရှိမြဲ ရာထူးအတိုင်း ဆက်ရှိနေလိမ့်မည် ဖြစ်ပြီး အများစုမှာမူ အငြိမ်းစားယူလျှင်ယူ (သို ့မဟုတ်) နိုင်ငံရေး လောကထဲသို ့ ဝင်ရောက်ကြလိမ့်မည် ဖြစ်သည်။ အငြိမ်းစား ယူလိမ့်မည်ဟု မျှော်လင့်ရသည့် လက်ရှိ ဝန်ကြီးချုပ်သည် ၄င်းနှင့် နီးစပ်သော ယုံကြည်စိတ်ချရသူများအား သင်္ကြန်ပြီးလျှင် မြို့တော် နေပြည်တော်ရှိ သူ၏ အစိုးရ နေအိမ်သို ့ရွှေ့ပြောင်းရမည့် အကြောင်း ပြောခဲ့သည်ဟု သိရသည်။ ထို့ပြင် စက်မှှုဝန်ကြီး ဦးအောင်သောင်း အပါအဝင် အခြား ဝန်ကြီးများသည်လည်း နေပြည်တော် ဝန်းကျင်ရှိ ခမ်းနားထည်ဝါသော နေအိမ်များသို ့ပြောင်းရွှေ့နေကြပြီ ဖြစ်ကြောင်းနှင် ့ဝန်ကြီးအချို့၏ နေအိမ်များကိုလည်း နေပြည်တော်နား တဝိုက်တွင် တည်ဆောက်လျက် ရှိကြောင်း သိရသည်။

ပြန်ကြားရေး ဝန်ကြီး ဗိုလ်ချုပ် ကျော်ဆန်း၊ ပြည်ထဲရေး ဝန်ကြီး ဗိုလ်ချုပ်မောင်ဦး နှင့် စိုက်ပျိုးရေးဝန်ကြီး ဗိုလ်ချုပ်ဌေးဦး အပါအဝင် အနည်းဆုံး ဝန်ကြီး တဒါဇင်ခန် ့သည် နိုင်ငံရေး လောကထဲသို ့ဝင်ရောက်ရန် အတွက် ရာထူးများမှ နုတ်ထွက်လိမ့်မည်ဟု သိရသည်။ ပဥ္စမမြောက် အာဏာ အရှိဆုံး နှင့် စစ်ထောက်လှမ်းရေး အကြီးအကဲဖြစ်သူ ဗိုလ်ချုပ်မြင့်ဆွေအား ကြားဖြတ် အစိုးရအဖွဲ့တွင် ဝန်ကြီးချုပ် နေရာအတွက် လျာထားခြင့် ခံရသည်ဟု ယူဆရပေသည်။ သို ့ ရာတွင် သူသည် လူ ၂ဝ သေဆုံး၍ ၂ဝဝ ကျော် ဒဏ်ရာ ရခဲ့သည့် ၂ဝဝ၅ ခုနှစ် မေလက ဗုံးပေါက်ကွဲမှှုအား စုံစမ်းစစ်ဆေးရာတွင် အဓိက တာဝန်ယူခဲ့ရပြီး လက်သည် တရားခံ မဖော်ထုတ်နိုင်ခဲ့သဖြင့် လျာထားသော နေရာ အတွက် ပြန်လည် စဉ်းစားကောင်း စဉ်းစားပေမည်။

“ပြီးခဲ့တဲ့လက ဗိုလ်ချုပ်တွေနဲ ့ဗိုလ်မှူးကြီးတွေကို သင်တန်းပေးဖို ့နေပြည်တော်ကို ခေါ်တယ်လို ့ သိရတယ်။ သူတို ့ထဲက တချို့က ကြားဖြတ်အစိုးရရဲ့ ဝန်ကြီးအဖွဲ ့မှာ ဝန်ကြီးနေရာ ယူကြလိမ့်မယ်။ တချို့ကတော့ နိုင်ငံရေး လုပ်ကြလိမ့်မယ်” ဟု ဦးဝင်းမင်းက ပြောကြားသည်။

“ပေါ်ပေါက်လာမယ့် ပါလီမန်ရဲ့ နေရာ ၂၅ ရာခိုင်နှှုန်းမှာ စစ်ဘက်ကလူတွေကို ခန် ့ ရမှာမို ့စစ်ဘက်က အရာရှိ ၂ဝဝ လောက်ဟာ အမျိုးသားလွှတ်တော် အမတ်တွေ ဖြစ်လာပါလိမ့်မယ်။ ပြီးတော့ ဒေသဆိုင်ရာ ပါလီမန် ဆယ့်လေးခုကလည်း ရှိသေးတယ် ဆိုတော့ စစ်ဘက်က လူတွေ နိုင်ငံရေးနယ်ပယ်ထဲကို ရောက်လာကြမှာပါ။ အခုဆိုရင် စစ်သား တထောင်ကျော်ကျော်လောက်ဟာ ဗိုလ်ချုပ် သူရရွှေမန်း ဦးစီးပြီး ဖွင့်တဲ့ ကျောင်းမှာ စာရင်းပေးထား တယ်လို ့သိရပါတယ်။ သူတို ့ကို နိုင်ငံရေးမှာ ပါဝင်ဖို ့ အသင့်ဖြစ်အောင်လို ့ပါလီမန်အတွင်းက လုပ်ထုံးလုပ်နည်းတွေနဲ့ အရပ်ဘက် ကိစ္စတွေ သင်တန်းပေးမယ်လို ့သိရပါတယ်” ဟု သူက ဆက်လက် ပြောသည်။

၄င်းတို ့ထဲမှ အများစုသည် စစ်တပ်မှ ဒုတိယတန်းစားများ အဖြစ် လုပ်ဆောင်ရမည်ကို နှစ်သက်မှှု မရှိကြဟု စစ်ဘက်မှ အငြိမ်းစား အရာရှိများအား အင်တာဗျူးများ ပြုလုပ်ခဲ့သည့် အနောက်နိုင်ငံမှ သုတေသီ တဦးက မဇ္စျိမကို ပြောခဲ့သည်။ ပါလီမန်တခု၏ သက်တမ်းဖြစ်သည့် ငါးနှစ်ကြာပြီး နောက်ပိုင်တွင်မူ ထိုစစ်ဘက်မှ ပုဂ္ဂိုလ်များသည် ၄င်းတို ့၏ နဂို ရာထူးများအား ပြန်လည် ရရှိ ကြလိမ့်မည်ဟု မျှော်လင့် နိုင်သော်လည်း ထိုးငါးနှစ် အတွင်းတွင် ရာထူးတိုးနိုင်မည့် အခွင့်အလမ်းများအား လက်လွှတ် လိုက်ရမည်ကို စိုးရိမ်နေကြသည်။  

၄င်း စစ်ဘက်မှ ကိုယ်စားလည်များအား အမျိုးသားလွှတ်တော်တွင် နေရာပေးခြင်းအားဖြင့် နှစ်သိမ့်ထားလိမ့်မည်။ ထိုစစ်တပ်မှ ကိုယ်စားလှည်များ အားလုံးသည် ဂုဏ်သတင်းကြီးမားသော စစ်ဘက်ဆိုင်ရာ ကျောင်းများမှ ဘွဲ့ရရှိခဲ့ကြ သူများဖြစ်သည်။ “ကျနော် နိုင်ငံရေးလောကထဲကို ဝင်ရောက်ဖို ့လေ့လာ သင်ယူခဲ့တာ မဟုတ်ပါဘူး။ တနေ ့နေ ့မှာ ဗိုလ်ချုပ်တယောက် ဖြစ်လာဖို ့ရည်ရွယ်ပြီး လေ့လာ ခဲ့တာပါ”  ဟု ဗိုလ်မှူးကြီး တဦးက ယုံကြည်မှှု အပြည့်ဖြင့် ပြောခဲ့သည်။

စစ်အစိုးရမှ အသစ်ဖွဲ့စည်းပေးလိုက်သည့် ရွေးကောက်ပွဲ ကော်မရှင်တွင် မှတ်ပုံတင်ရန် အတွက် လိုအပ်သည့် စာရွက်စာတမ်းများ တင်သွင်းပြီးသော နိုင်ငံရေး ပါတီများသည် ရွေးကောက်ပွဲ အတွက် ပေါ်ပေါ်ထင်ထင် ပြင်ဆင်မှှုများ ပြုလုပ်ရန်နှင့် တရားဝင် မဲဆွယ်စည်းရုံးနိုင်ရေးအတွက် ရွေးကောက်ပွဲ ကော်မရှင်၏ အတည်ပြုချက်ကို စောင့်ဆိုင်းနေကြရသည်။ သို ့သော် ထိုနိုင်ငံရေးပါတီများသည် ရွေးကောက်ပွဲ အတွက် ပြင်ဆင်မှှုများကို ကန် ့လန် ့ကာ နောက်ကွယ်တွင် ပြုလုပ်နေကြပေသည်။

ဒီိမိုကရက်တစ် ပါတီ၏ ခေါင်းဆောင် တဦးဖြစ်သူ ဦးသုဝေက ရွေးကောက်ပွဲ ကိုယ်စားလှည်များ မှတ်ပုံတင်ခွင့် ပေးသည်နှင့် တပြိုင်နက် အသင့်ဖြစ်စေရန် သူ၏ ပါတီမှ ပါဝင်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ် ၁ဝဝ ခန် ့ကို ရွေးချယ်ထားပြီး ဖြစ်သည်ဟု ပြောခဲ့သည်။ ၁၉၉ဝ ရွေးကောက်ပွဲတွင် ၁ဝ နေရာ အနိုင်ရကာ မဲ ၂ဝ ရာခိုင်နှှှုန်းခန် ့ ရခဲ့သည့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ (တစည) မှလည်း ရွေးကောက်ပွဲတွင် ပါဝင် ယှဉ်ပြိုင်ရန် အမတ်လောင်းများကို ရွေးချယ်ထားပြီး ဖြစ်သည်ဟု သိရသည်။ တစည ခေါင်းဆောင်မှ ကုလသမ္မဂ္ဂ လူ ့အခွင့်အရေးဆိုင်ရာ အထူးသံတမန် သောမတ်စ် အိုဂျေ ကွင်တားနားအား ဖေဖော်ဝါရီ လက ပြောကြားခဲ့ရာတွင် ၄င်းတို ့သည် ရွေးကောက်ပွဲတွင် ပါဝင် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်များအား ရွေးချယ်ထားပြီး ဖြစ်ကြောင်းနှင့် ၄င်းတို့၏ ရွေးကောက်ပွဲ နည်းဗျူဟာကို ချမှန်နေကြောင်း ပြောကြားခဲ့ပါသည်။

လွန်ခဲ့သည့် ၁၅နှစ်ကျော်ကျော်က စစ်အကြီးအကဲ ဗိုလ်ချုပ်သန်းရွှေ ကိုယ်တိုင် ဖွဲ ့ စည်းပေးခဲ့သည့် စစ်အစိုးရ ကျောထောက်နောက်ခံ အဖွဲ ့ဖြစ်သည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်းသည်လည်း နိုင်ငံရေးပါတီ အသွင်ပြောင်းကာ လာမည့် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် ရှိသည့် အတွက် စစ်တပ်မှ အသုံးချစရာ ယာဉ်တစီး သဖွယ် ဖြစ်လာပေလိမ့်မည်။ ထို အသင်း၏ လက်ရှိခေါင်းဆောင် ဖြစ်သည့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် နီးစပ်သော ဆက်ဆံရေး ရှိသူ စိုက်ပျိုးရေး ဝန်ကြီးသည် လာရောက်လည်ပတ်ကြသော သံတမန်များအား ၄င်း နိုင်ငံရေးလောကထဲသို ့ မကြာမီ ဝင်ရောက်တော့မည့် အကြောင်းကို မကြာခဏ ပြောခဲ့ဖူးသည်။ ၄င်းသည် ရွေးကောက်ပွဲ ပြီးလျှင် အရပ်သား အစိုးရ အဖွဲ့၌ ဝန်ကြီးချုပ်သစ် ဖြစ်လိမ့်မည်ဟု လူအများမှ ထင်ကြေးပေးခံနေရသူလည်း ဖြစ်သည်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင် ့ဖွံ့ဖြိုးရေး အသင်း၏ သင်္ကေတ အမှတ်တံဆိပ်မှာ ခြင်္သေ့ဖြစ်သည်။ ထိုအသင်းအနေဖြင့် နိုင်ငံရေး ပါတီ ဖြစ်လာခဲ့လျှင် ၄င်း ခြင်္သေ့ သင်္ကေတကိုပင် ဆက်လက် သုံးစွဲလိမ့်မည်ဟု လေ့လာသူ အများစုက သုံးသပ်ကြသည်။

၁၉၉ဝ ရွေးကောက်ပွဲတွင် အပြတ်အသတ် အောင်ပွဲခံ အနိုင်ရရှိခဲ့သော်လည်း အစိုးရ ဖွဲ ့ခွင့်မရခဲ့သည့် အမျိုးသားဒီမိုကရေစီ အဖွဲ ့ချုပ် အနေနှင့်မူ ၄င်းတို့၏ ခေါင်းဆောင် နိုဗယ် ငြိမ်းချမ်းရေး ဆုရှင် ဒေါ်အောင်ဆန်းစုကြည်အား ရွေးကောက်ပွဲ ဖြစ်စဉ်မှ ပထုတ်ထားသဖြင့် မှတ်ပုံမတင်ရန် ဆုံးဖြတ်ခဲ့ကြသည်။  

နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအရ ထောင်ဒဏ် ချမှတ်ခံထားရသူများသည် နိုင်ငံရေးပါတီ တွင် အဖွဲ ့ဝင် ဖြစ်ခွင့် မရှိပေ။ ထိုဥပဒေသည် လက်ရှိအခြေအနေတွင် နေအိမ်အကျယ်ချုပ် ကျခံနေရသည့် ဒေါ်အောင်ဆန်းစုကြည်အား ပထုတ်ထားသကဲ့သို ့ဖြစ်နေသည်။ သူမသည် လွန်ခဲ့သည့် ၂၁ နှစ် အတွင်း၌ ၁၄နှစ်ကျော် ပြစ်ဒဏ်ချမှတ် ခံခဲ့ရသူဖြစ်သည်။ သူမသည် ၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲ၌လည်း နေအိမ်အကျယ်ချုပ် ကျခံနေရသဖြင့် ပါဝင်ယှဉ်ပြိုင်ခြင်းမှ တားမြစ်ခြင်း ခံခဲ့ရသည်။

ဒေါ်အောင်ဆန်းစုကြည်၏ အခန်းကဏ္ဍအား ရွေးကောက်ပွဲမှ ဖယ်ထုတ်ထားသည့် အချက်သည် နိုင်ငံရေးလှှုပ်ရှားသူများနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းအား ရွေးကောက်ပွဲသည် လွတ်လပ်မှှုနှင့် တရားမျှတမှှု မရှိကြောင်း ယုံကြည်စေခဲ့သည်။ ထိုကဲ့သို ့ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံရေးမှ ဖယ်ထုတ်လိုခြင်းသည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံတွင် အမြဲကိန်းအောင်းနေသည် ့ဆန္ဒတခု ဖြစ်ကြောင်း လေ့လာသူများက သုံးသပ်ကြသည်။     

“စစ်အစိုးရရဲ့ ရွေးကောက်ပွဲဥပဒေ တွေက အမျိုးသားဒီမိုကရေစီ အဖွဲ ့ချုပ်နဲ ့ ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲဖြစ်စဉ် ကနေ ပထုတ်ချင်လို ့ဆိုတာ ထင်ရှားပါတယ်” ဟု ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အတ္ထုပ္ပတ္တိကို ရေးခဲ့သူ ဗြိတိသျှ လူမျိုး မြန်မာ့ရေးရာ ကျွမ်းကျင်သူဖြစ်သည့် ဂျပ်စတင် ဝင်းတဲ(လ်) က ပြောကြားခဲ့ပါသည်။ ၄င်း၏ ထင်မြင်ချက်သည် အနောက်နိုင်ငံမှ သံတမန်များ၏ ထင်မြင်ချက်နှင့်လည်း ဆင်တူနေပါသည်။ “ကျနော်တို ့အနေနဲ ့ရွေးကောက်ပွဲ ဥပဒေတွေ နဲ ့အမျိုးသား ဒီမိုကရေစီ အဖွဲ ့ချုပ် ရင်ဆိုင်နေရတဲ့ အခြေအနေ တွေ အတွက် အထူး စိုးရိမ်မကင်း ဖြစ်မိပါတယ်။ ဒီဥပဒေတွေဟာ အတိုက်အခံတွေကို အရမ်း ခက်ခဲ့တဲ့ အခြေအနေတွေဆီကို တွန်းပို ့လိုက်ပါတယ်” ဟု အာဆီယံဆိုင်ရာ အမေရိကန် သံအမတ် စကော့ မာစီယယ် မှ မဇ္စျိမကို မကြာသေးမီက ပြောခဲ့ဖူးပါသည်။

ဝေဖန်မှှုများအား မဖြံုသည့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် လာမည့်လတွင် နိုင်ငံရေး အကျဉ်းသားများ ရာနှင့်ချီကာ လွှတ်ပေးခြင်း အားဖြင့် ဖိအားများကို လျှော့ချလိမ့်မည်ဟု ယူဆရပါသည်။ လွတ်ငြိမ်းချမ်းသာခွင့် ရမည့် နိုင်ငံရေး အကျဉ်းသားများ စာရင်းအား ပြုစုပြီး ဖြစ်ကြောင်းနှင့် စိစစ်အတည်ပြုရန်အတွက် ဗိုလ်ချုပ်မှူးကြီးထံသို ့ပေးပို ့ထားပြီးပြီ ဖြစ်ကြောင်းကိုလည်း နေပြည်တော်မှ သတင်းများ အရ သိရပါသည်။

ထိုစာရင်းတွင် အုပ်စုပေါင်းစုံမှ နိုင်ငံရေး အကျဉ်းသားများ ပါဝင်ကြသည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ ့ ချုပ်မှ နိုင်ငံရေး လှှုပ်ရှာသူ အချို ့ပါဝင်ပြီး အဓိက အများစုမှာ တိုင်းရင်းသား လက်နက်ကိုင်များ၊ ၈၈ မျိုးဆက်များ၊ ယခင် စစ်ထောက်လှမ်းရေး အကြီးအကဲ ဗိုလ်ချုပ်ခင်ညွန့် လက်အောက်မှ စစ်ထောက်လှမ်းရေး အရာရှိဟောင်းများ ပါဝင်ကြသည်။  

ထိုစာရင်းတွင် လူမှှုရေး တက်ကြွ လှှုပ်ရှားသူများလည်း ပါဝင်ကြသည်။ ၄င်းတို ့ထဲမှ အများအပြားမှာ မြန်မာ နိုင်ငံတွင် နာဂစ်မုန်တိုင်း တိုက်ခတ်ပြီးနောက်ပိုင်း ကယ်ဆယ်ရေးနှင့် လူမှှုရေး လုပ်ငန်းများ ပြုလုပ်သည့်အတွက် ပြစ်ဒဏ် ချမှတ် ခံခဲ့ကြရခြင်း ဖြစ်သည်။ ထင်ရှားသည့် လူရွှင်တော် ဖြစ်သူ ဇာဂနာ သည်လည်း ထိုအထဲတွင် ပါဝင်ကြောင်း သေချာသလောက်ရှိသည်။ အင်တာနက် ရာဇဝတ်မှှု ကျူးလွန်သူများဟု စွပ်စွဲ ခံခဲ့ရသူများနှင့် ဂျာနယ်လစ်(စ်) များလည်း ထိုစာရင်းတွင် ပါဝင်ကြသည်။ ထို လွတ်ငြိမ်းချမ်းသာခွင့် ပေးမည့် စာရင်းတွင် တိုင်းရင်းသား ခေါင်းဆောင်များ ပါဝင်ကြသော်လည်း ရှမ်းလူမျိုး ခေါင်းဆောင် ခွန်ထွန်းဦးတော့ ပါဝင်ဖွယ် မရှိချေ။

ရိုဟင်ဂျာ အချို ့လည်း ထိုစာရင်းထဲတွင် ပါဝင်နိုင်သည်ဟု စစ်ဘက်မှလာသော သတင်းများ အရ သိရသည်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် စစ်အစိုးရနှင့် နီးစပ်သူများ  ရွေးကောက်ပွဲတွင် အနိုင်ရရေး အတွက် ရိုဟင်ဂျာများအား အသုံးချဖွယ်ရာ ရှိနေသည်။ ရိုဟင်ဂျာများသည် သနားစဖွယ် ကံဆိုးသော သူများ ဖြစ်ကြပြီး ၄င်းတို ့ထိမ်းမြား လက်ထပ်လိုလျှင် အာဏာပိုင်များထံမှ ခွင့်ပြုချက် ရယူပြီးမှ လက်ထပ်ကြရသူများ ဖြစ်ကြသည်။

ထိုအကျဉ်းသားများအနက် ၈၈ ကျောင်းသားခေါင်းဆောင်များနှင့် ဇာဂနာတို့ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်လိမ့်မည်ဟု စစ်ခေါင်းဆောင်က မျှော်လင့်ထားသည်။ သို့သော်လည်း အန်အယ်ဒီ၏မကြာသေးခင်က ဆုံးဖြတ်ချက်ကြောင့် သူတို့အနေဖြင့် ရွေးကောက်ပွဲလမ်းကြောင်းကို ရွေးချယ်မှာ မဟုတ်ပါ။ ဘယ်လိုပဲဖြစ်ဖြစ် သန်းရွှေကတော့ ရွေးကောက်ပွဲလုပ်ငန်းစဉ်တွင် ဘက်စုံပါဝင်ရေးနှင့် ယုံကြည်မှုရအောင် လုပ်ပါသည်ဆိုခြင်းကို ပြသနိုင်လိမ့်မည်ဟု မျှော်လင့်နေမှာဖြစ်သည်။

ဒါပေမယ့်လည်း နိုင်ငံရေးလေ့လာသုံးသပ်သူ မြန်မာစာရေးစာဆရာတဦး မဇ္ဈိမကို မကြာသေးခင်က ပြောခဲ့ဖူးသလို၊ မြန်မာတွေကိုလျှော့တွက်လို့မရပါ။ ” ပြည်သူတွေက အစိုးရကို အပြစ်ပေးလိမ့်မယ်” ဟု သူက ဆိုသည်။ ” လက်စားချေတာကို ရွေးကောက်ပွဲမှာ တွေ့ရပါလိမ့်မယ်ဗျာ”