ရခိုင်ပြည်မြောက်ပိုင်းတွင် မယကဥက္ကဌတို့က ကြံ့ဖွံပါတီအတွက် မဲဆွယ်နေ

ရခိုင်ပြည်မြောက်ပိုင်းတွင် မယကဥက္ကဌတို့က ကြံ့ဖွံပါတီအတွက် မဲဆွယ်နေ
by -
ခိုင်သော်က
ရခိုင်ပြည်နယ် မြောက်ပိုင်းရှိမြို့နယ်တို့တွင် မြို့အာဏာပိုင်များက သက်ကြီးပူဇော်ပွဲကျင်းပကာ ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး (ကြံ့ဖွွံ့)ပါတီအတွက် မဲဆွယ် စည်ရုံးခဲ့သည်ဟု....

ရခိုင်ပြည်နယ် မြောက်ပိုင်းရှိမြို့နယ်တို့တွင် မြို့အာဏာပိုင်များက သက်ကြီးပူဇော်ပွဲကျင်းပကာ ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး (ကြံ့ဖွွံ့)ပါတီအတွက် မဲဆွယ် စည်ရုံးခဲ့သည်ဟု သတင်းရရှိသည်။

ရခိုင်ပြည်နယ် မြောက်ပိုင်း ကျောက်တော်၊ မြောက်ဦး၊ ရသေ့တောင််၊ မင်းပြားနှင့် ပုဏ္ဍားကျွန်းမြို့ တို့တွင် မြို့နယ်အလိုက် မယကဥက္ကဌ နှင့် အဖွဲ့ဝင်များမှ ဦးစီး၍ မြန်မာနှစ်ဆန်း(၁)ရက် (ဧပြီလ (၁၇) ရက်) နေ့တွင်  မြို့နယ်အတွင်းရှိ အသက်(၇၅)နှစ် အထက် သက်ကြီးရွယ်အို မြို့မိမြို့ဖများ အား ခေါ်ယူပြီး သက်ကြီးပူဇော်ပွဲ အသီးသီးကျင်းပခဲ့ကြောင်း သိရသည်။

အပူဇော်ခံရန် ရောက်ရှိလာသော အဖိုးကြီးအဖွါးကြီး တဦးလျှင် မြန်မာကျပ်ငွေ (၂၅၀၀) နှင့် လူကြီးဝတ်စုံတစုံစီဖြင့်  ကန်တော့ခဲ့ကြကြောင်းသိရသည်။

၎င်းသက်ကြီး ပူဇော်ပွဲတွင် လက်ရှိ အစိုးရ ကောင်းကြောင်း၊ ကျန်းမာရေး၊ ဘာသာရေး၊ ပညာရေး၊  စီးပွါးရေး၊ ကားလမ်း ၊ ရထားလမ်း နှင့် မဖွံ့ဖြိုး မတိုးတက်သော ဒေသများကိုလည်း ဖွံ့ဖြိုးတိုးတက်အောင် စီမံကိန်းများချပြီး ဆောင်ရွက် နေကြောင်း၊ ပိုမိုဖွံ့ဖြိုး တိုးတက်အောင် လုပ်နိုင်ရန် အတွက် ပြည်သူများ၏ မဲပေးထောက်ခံရန် လိုကြောင်းပြောသည်ဟု မင်းပြားမြို့ခံ အမည်မဖေါ်လိုသူ ကျောင်းဆရာတဦးမှ သတင်းပေးချက်အရ သိရသည်။

“ကျွန်တော်တို့ မင်းပြားမြို့မှာ သက်ကြီးပူဇော်ပွဲ ကို အထက်တန်းကျောင်းတွင်ပြုလုပ်ပြီး၊ သက်ကြီးရွယ်အို စာရင်းကို မူ နှစ်ရက်အလိုကပင် အတိကျကောက်ယူပြီး မလာမနေရ ခေါ်ထားသဖြင့် အသက်(၇၅)နှစ်ပြည့်သူ ရွယ်အို(၁၂၄) သွားရောက်ခဲ့သည်”ဟု ၄င်းကပင် ဆက်လက်ပြောပြသည်။

မြောက်ဦးမြို့မှာလည်း အစိုးရအထက်တန်းကျောင်းတွင် ပြုလုပ်ခဲ့ရာ သက်ကြီးရွယ်အို(၉၆)ဦး သွားရောက်ခဲ့ကြောင်း အမည်မဖေါ်လိုသူ မြောက်ဦးမြို့ခံတဦးက ပြောပြသည်။

အလားတူ  ကျောက်တော်မြိုတွင် သက်ကြီးရွယ်အို(၈၄)ဦး၊ ရသေတောင်မြို့မှာ(၈၀)ဦး ၊ ပုဏ္ဍားကျွန်းမြို့တွင်(၆၃)ဦး အသီးသီး သွားရောက် အပူဇော်ခံခြင်းနှင့် အစည်းရုံးခံခဲ့ကြသည်ဟု သိရှိရပါသည်။

 

 

Most read this week