ကျေးရွာအာဏာပိုင်များက တံတားပြုပြင်စရိတ် မထည့်ဝင်နိုင်သူများထံ အိမ်သုံးပစ္စည်းများ သိမ်းယူ

ကျေးရွာအာဏာပိုင်များက တံတားပြုပြင်စရိတ် မထည့်ဝင်နိုင်သူများထံ အိမ်သုံးပစ္စည်းများ သိမ်းယူ
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ပျဉ်းခုန်ကြီးအုပ်စုအတွင်း ကျေးရွာ အာဏာပိုင်များက တံတားပြုပြင်စရိတ် အတွက် ရံပုံငွေ မထည့်ဝင်နိုင်သူများ ထံမှ အိမ်သုံးပစ္စည်းများ အတင်းအဓမ္မ သိမ်းယူနေသည်ဟု...

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ပျဉ်းခုန်ကြီးအုပ်စုအတွင်း ကျေးရွာ အာဏာပိုင်များက တံတားပြုပြင်စရိတ် အတွက် ရံပုံငွေမထည့်ဝင်နိုင်သူများထံမှ အိမ်သုံးပစ္စည်းများ အတင်းအဓမ္မ သိမ်းယူနေသည်ဟု သိရသည်။

ကလေးမြို့မှ အနောက်မြောက်ဖက် (၆) မိုင်အကွာတွင်ရှိသည့် ဆည်ကြီးတံတားပြုပြင်ရန်အတွက် ယခုနှစ် မတ်လ မှစပြီး ကျေးရွာအာဏာပိုင်များက တအိမ်လျှင် ကျပ်ငွေ ၂ဝဝဝ မှ ၅ဝဝဝ အကြား ကောက်ခံခဲ့ရာ ငွေမထည့် နိုင်သူများထံမှ မိသားစုသုံး စက်ဘီး နှင့် အပ်ချုပ်စက်များကို သိမ်းယူခြင်း ဖြစ်သည်။

“ကျတော်တို့ဒီတံတားရံပုံငွေကို မပေးချင်လို့မဟုတ်ဘူး၊ မပေးနိုင်သေးတာပါ၊ အဲဒါကို အာဏာပိုင်တွေ က စက်ဘီး တွေ အပ်ချုပ်စက်တွေ သိမ်းယူသွားတယ်၊ ဒီဒေသ မှာတော့ စက်ဘီးက မိသားစုအတွက် မရှိမဖြစ်လို အပ်တာ လေ၊”ဟု ဒေသခံဖြစ်သူ ဦး ထောင်းငါ က ပြော သည်။

ကျေးရွာရယကအဖွဲ.က ရံပုံငွေမထည့်ဝင်နိုင်သူများထံမှ သိမ်းဆည်းသွားသည့် စက်ဘီး အစီးပေါင်း ၂ဝဝ ကျော် နှင့် အပ်ချုပ် စက်အလုံး ၁ဝဝ ခန့်ရှိသည်ဟု သိရသည်။

“သိရသလောက်တော့ စက်ဘီးစီးရေ ၂ဝဝ ကျော် ရှိမယ်၊ အပ်ချုပ်စက်အလုံး ၁ဝဝ ခန့်ရှိမယ်၊ သိမ်းယူ ထားတဲ့ ပစ္စည်းတွေ ဘယ်လိုလုပ်သွားကြတယ်ဆိုတာ မသိဘူး” ဟု ဒေသခံ ဦး ချူးမာ က ပြောသည်။

ကလေးမြို့နယ်၊ ပျဉ်းခုန်ကြီးအုပ်စုတွင် ကျေးရွာပေါင်း ရ ရွာ၊ အိမ်ခြေပေါင်း ၁၈ဝဝ ခန့်ရှိသည်ဟု သိရ သည်။

အဆိုပါ ဆည်ကြီးတံတားသည် ယမန်နှစ်မိုးတွင်း ရေကြီးမှုကြောင့် ပျက်စီးသွားခဲ့ခြင်းဖြစ်ပြီး အစိုးရမှပြန် လည် ပြုပြင်ပေးရန် ဒေသခံများ က အထက်သို့ အကြိမ်ကြိမ် တင်ပြကြ သော်လည်း အထက် မှ ဆောင်ရွက်ပေးမှု မရှိသဖြင့် ယခုကဲ့သို့ကိုယ်ထူကိုယ်ထဖြင့် ငွေကောက်ခံပြီး ပြုပြင်ကြခြင်း ဖြစ်သည်။

Most read this week