ဘင်္ဂါလာဒေရှ် နိုင်ငံရှိ နော်ယာဖါရာ ရိုဟင်ဂျာဒုက္ခသည်စခန်းတွင် ဧပြီလ ၁၅ ရက်နေ့ ၁၂း ၃၀ နာရီအချိန် တွင် ဒုက္ခသည် လင်မယားနှစ်ယောက်အကူအညီဖြင့် ဒေသခံ လူငယ်တဦးသည် ၎င်းစခန်းနေ အမျိုးသမီး တဦးအား မုဒိမ်းကျင့်ခဲ့ကြောင်း ဒုက္ခသည်စခန်းကော်မတီတဦး၏ပြောပြချက်အရ....
ဘင်္ဂါလာဒေရှ် နိုင်ငံရှိ နော်ယာဖါရာ ရိုဟင်ဂျာဒုက္ခသည်စခန်းတွင် ဧပြီလ ၁၅ ရက်နေ့ ၁၂း ၃၀ နာရီအချိန် တွင် ဒုက္ခသည် လင်မယားနှစ်ယောက်အကူအညီဖြင့် ဒေသခံ လူငယ်တဦးသည် ၎င်းစခန်းနေ အမျိုးသမီး တဦးအား မုဒိမ်းကျင့်ခဲ့ကြောင်း ဒုက္ခသည်စခန်းကော်မတီတဦး၏ပြောပြချက်အရ သိရသည်။
မုဒိိမ်းကျင့်ခံရသူသည် နော်ယာဖါရာစခန်း၏ အကွက်အမှတ် X နေ၊ ဒုက္ခသည်မှတ်ပုံတင် အမှတ် xxxx ကိုင် ဆောင်သူ ဦး xxxx၏ သမီး မရော်ဟီမာ ဘေဂေါမ် ( နာမည်အရင်းမဟုတ်) အသက် ၁၃ နှစ် ဖြစ်သည်။
၎င်း၏ အခန်းနှင့် မနီးမဝေးတွင် နေထိုင်သော ဒေါ်မုစ်တာဖါ၏ ဖိတ်ခေါ်မူကြောင်း သူမအခန်းမှ ဒေါ်မုစ်တာဖါ အခန်း သို့ သွားခဲ့ကြောင်း၊ အတွင်းသို့ခေါ်ပြီး၊ လ္ဘက်ရည်နှင့်မုန့်သာရေစာကျွေးခဲ့ကြောင်း၊ ၎င်းအချိန် တွင် အခန်းထဲ၌် ဒေါ်မုစ်တာဖါ၏ လင်ယောက်ကျား နူရ်မိုဟာမတ်အတူ ဒေသခံ လူငယ် မိုဟာမတ် ဆီဒိက် အသက် ၂၆ နှစ် ရှိကြောင်း မရော်ဟိမ်မာ၏ ဆွေးမျိုးတဦးပြောပြချပ်အရ သိရသည်။
အမှတ်မတင် ဒေါ်မုစ်တာဖါနှင့် ဒိလ်မိုဟာမတ်တို့နှစ်ယောက် ပူးပေါင်းပြီး မရော်ဟိမ်မာကို အခန်းအတွင်းသို့ အတင်းခေါ်သွားခဲ့ကြောင်း၊ ၎င်းအချိန်တွင် မိုဟာမတ်ဆီဒိက်လည်း အခန်း အတွင်းသို့ ၀င်ပြီး မုဒိမ်းကျင့်ခဲ့ ကြောင်း၊ ထိုအချိန်တွင် ဒေါ်မုစ်တာဖါတို့ အခန်းအပြင်မှ စောင့်ပေးကြောင်း ၎င်းကပင် ပြောပြသည်။
မုဒိမ်းကျင့်အပြီး မရော်ဟိမ်မာအား ယခုအကြောင်းအရာ လူများကို ပြောပြပါက အသေ သတ်ဖြစ်မည်ဟု ခြိမ်းခြောက်ခဲဲ့ပြီး လွတ်ပေးကြောင်း သိရသည်။
သို့သော်လည်း မရော်ဟိမ်မာသည် မိမိအခန်းသို့ပြန်ပြီး ငို၍ အဖေအမေတို့အား တိုင်းကြား ပြောဆိုခဲ့သဖြင့် ဒုက္ခသည်စခန်းရှိ ဆေးပေးခန်းတွင် သွားရောက်သွေးစစ်ရာ တာဝန်ရှိ ဆရာဝန်မရှိသဖြင့် နောက်နေ့ တွင် ဆေးစာတွင် မုဒိမ်းကျင့်ခံရကြောင်းသိရသည်။
မရော်ဟိမ်မာ၏ မိသားစုသည် ဒုက္ခသည်လင်မယားနှစ်ယောက်နှင့် မိုဟာမတ်ဆီဒိက်အတွက် တဲခ်နာဖ်မြို့ရှိ ရဲစခန်းတွင် အမှုဖွင့်ခဲ့ကြောင်း သိရသည်။
“ဘင်္ဂါလာဒေရှ်နိုင်ငံအစိုးရ၏ ဒုက္ခသည်များအပေါ် ယခုနှစ်ဆန်းမှ စ၍ ပြောင်းလဲသွားသော ကန့်သတ် ချုပ်ကျယ်မူဝါဒါဖြစ်လာပြီးနောက်ပိုင်းတွင် ယခုလို ပြဿနာပေါင်းများစွာ ကြံုတွေ့ရကြောင်း” ဒုက္ခသည် လူကြီးတဦးက ပြောပြသည်။
အဖမ်းခံရမည်ကို စိုးရိမ်းပြီး ဒုက္ခသည် လင်မယားနှစ်ယောက် နှင့် မိုဟာမတ် ဆီဒိက်တို့ ထွက်ပြေး ရှောင်တိမ်းနေ ကြောင်း သိရသည်။
မရော်ဟိမ်မာ၏ မိသားစုသည် စခန်းတာဝန်ခံနှင့် ကုလသမဂ္ဂဒုက္ခသည်များ မဟာမင်းကြီးရုံးဆိုင်ရာ တာဝန်ခံများကိုလည်း တိုင်းကြားထားကြောင်း သိရသည်။