မောင်တောမြို့တွင် ဆိုင်ကယ်သမားများဆီမှ ယာဉ်ထိန်းအရာရှိ ငွေကောက်နေ

မောင်တောမြို့တွင် ဆိုင်ကယ်သမားများဆီမှ ယာဉ်ထိန်းအရာရှိ ငွေကောက်နေ
by -
ကုလားတန် သတင်းဌာန
မောင်တောမြို့၊ ယာဉ်ထိန်းအရာရှိ သန်းဌေသည် ရိုဟင်ဂျာဆိုင်ကယ်သမားများဆီမှ ဗုဒ္ဓဘာသာ နှစ်သစ် သင်္ကြန်ပွဲအတွက် ဧပြီလ ၅ ရက်မှစ၍ ငွေကော်ခံနေကြောင်း မောင်တောမြို့မှ ဆိုင်ကယ်သမားတဦး၏ သတင်း ပေးပို့ချက်အရ...

မောင်တောမြို့၊ ယာဉ်ထိန်းအရာရှိ သန်းဌေသည် ရိုဟင်ဂျာဆိုင်ကယ်သမားများဆီမှ ဗုဒ္ဓဘာသာ နှစ်သစ် သင်္ကြန်ပွဲအတွက် ဧပြီလ ၅ ရက်မှစ၍ ငွေကော်ခံနေကြောင်း မောင်တောမြို့မှ ဆိုင်ကယ်သမားတဦး၏ သတင်း ပေးပို့ချက်အရ သိရသည်။

၎င်းအရာရှိသည် ဆိုင်ကယ်သမားတဦးဆီမှ ငွေ ၁၀၀၀၀ ကျပ်မှ ၁၅၀၀၀ ကျပ်ထိကောက်ခံနေကြောင်း သိရသည်။

မြန်မာနှစ်သစ် သင်္ကြန်ပွဲ ကို မြန်မာပြည် တပြည်လုံးတွင် ဧပြီလ ၁၃ ရက်မှ စ၍ ကျင်းပနေသော်လည်း မောင်တောမြို့တွင်မူ ဧပြီလ ၁၇ ရက်မှ စတင်ကျင်းပလျက် ရှိကြောင်း မောင်တောမြို့မှ ဒေသခံ လူကြီးတဦ၏ ပြောပြချက်အရ သိရသည်။

နှစ်စဉ် နှစ်တိုင်း မောင်တောမြို့တွင် ရခိုင်လူမျိုးများသည် ရခိုင်ရိုးရာ ဓလေ့ထုံးစံ အတိုင်း သင်္ကြန် ရေလှောင်း ရန် အတွက် အပြိုင်အဆိုင် မဏ္ဍပ််များကို ဆောက်တည်် ကြသည်။

ယခုနှစ်တွင်မူ စစ်အစိုးရ၏စည်ကမ်းသတ်မှတ်ချက်အရ မောင်တောမြို့မ စျေးအနီးနှင့် တခြား နေရာတကာ တွင် မဏ္ဍပ်ဆောက်ခွင့်မပေးသော်လည်း မောင်တောမြို့ ဗလီကြီးအနီး ရဲလိုင်တန်းတွင်တခု၊ မြို့မ ကညင် တန်းရှိ ခယက ရုံးရှေ့တွင် တခု၊ စရဖ ရုံးရှေ့တွင် တခုနှင့် သဇင်တည်ခိုခန်း အနီးတွင် တခု ဆောက်ခွင့် ပေးထား သည်။

မောင်တောမြို့မှ ရိုဟင်ဂျာ လူကြီးများနှင့် ခေါင်ဆောင်များသည် ရခိုင်လူကြီးများနှင့်ခေါင်ဆောင်များအား တွေ့ဆုံပြီး ဗလီကြီးအနီးဆောက်နေသော ရေလှောင်း မဏ္ဍပ်အား တခြားနေရာ တွင် ဆောက်လုပ်ပါရန် တောင်းဆိုခဲ့ပါသော်လည်း  ရခိုင် လူကြီးများနှင့် ခေါင်းဆောင်များ၏တုံပြန်မှုမရှိခဲ့သည့်အတွက် ၎င်းနေရာ တွင် ရေလှောင်းမဏ္ဍပ် တခု နှစ်စဉ် ဆောက်လုပ်လျက်ရှိသည်။

၎င်းရေလှောင်းမဏ္ဍပ်ကြောင်း ၀တ်ပြုရန် သွားနေကျ ရိုဟင်ဂျာ လူမျိုးများအတွက် များစွာ အခက်ခဲရှိကြောင်း၊ ဆူပူမှု နှင့် တေးသီချင်းသံများကြောင်း ၀တ်ပြုရန် ခက်ခဲလျက်ရှိကြောင်း မောင်တောမြို့မှ ရိုဟင်ဂျာ လူကြီးတဦး၏ ပြောချက်အရ သိရသည်။

မကြာမီး အချိန်တွင် ၀န်ကြီးချုပ် သန်းစိန် နှင့် ဒုပြည်ထဲရေး ၀န်ကြီး ဖုန်းဆွေတို့နှင့် အတူ ရန်ကုန်မှ ရိုဟင်ဂျာ ကုန်သည်တချို့လာရောက်ပြီး လာမည့် ရွှေးကောက်ပွဲ အတွက် မဲဆွယ် စည်းရုံးရေး လုပ်ခဲ့သည့် အတွက် ရခိုင်ခေါင်ဆောင်များသည် ရိုဟင်ဂျာများအပေါ် မကျေမနပ်ဖြစ်နေသည်ဟု မောင်တောမှ ဒေသခံ တဦးက မှတ်ချက် ချခဲ့သည်။

ရိုဟင်ဂျာများသည် နအဖဆီမှ အခွင့်အရေးအချို့ရနေသည် ကို မကျေမနပ်ဖြစ်နေသည့် ရခိုင်များသည် ယခု သင်္ကြန်ပွဲ တွင် ပြဿနာရှာနိုင်ကြောင်း၊ ၎င်းအတွက် ကြောင့် တတ်နိုင်သမျှ ပြဿနာမဖြစ်နိုငအောင််ကြိုးစား ပါရန် ရိုဟင်ဂျာ ခေါင်ဆောင်များက တောင်းဆိုခဲ့ကြောင်းသိရသည်။

နှစ်စဉ်နှစ်တိုင်း သင်္ကြန်အချိနတွင် ရခိုင်နှင့် ရိုဟင်ဂျာကြား ပြဿနာများ ဖြစ်သည့်အခါတိုင်း ရိုဟင်ဂျာများ သာ ခံရကြောင်း မောင်တောမြို့မှ ကျောင်းဆရာတဦး၏ပြောချက်အရ သိရသည်။

Most read this week