မှတ်ပုံတင်ရေး မတင်ရေး အစည်းအဝေး ဥက္ကဋ္ဌ မတက်

မှတ်ပုံတင်ရေး မတင်ရေး အစည်းအဝေး ဥက္ကဋ္ဌ မတက်
by -
ဆလိုင်း ဟံသာစန်း
ရွေးကောက်ပွဲ ကော်မရှင်ထံ ပါတီကို ပြန်လည်မှတ်ပုံတင်ရေး မတင်ရေးအတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့နှင့် ပြည်နယ်/တိုင်း ဗဟိုဦးစီးအဖွဲ့ဝင် ဆွေးနွေးပွဲသို့ ပါတီဥက္ကဌ ဦးအောင်ရွှေ တက်ရောက်ခြင်းမရှိဟု....

ရွေးကောက်ပွဲ ကော်မရှင်ထံ ပါတီကို ပြန်လည်မှတ်ပုံတင်ရေး မတင်ရေးအတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့နှင့် ပြည်နယ်/တိုင်း ဗဟိုဦးစီးအဖွဲ့ဝင် ဆွေးနွေးပွဲသို့ ပါတီဥက္ကဌ ဦးအောင်ရွှေ တက်ရောက်ခြင်းမရှိဟု သိရသည်။

CEC အဖွဲ့ဝင်ပေါင်း ၂ဝ ဦးနှင့် CC အဖွဲ့ဝင်ပေါင်း ဦးရေ ၁ဝဝ ရှိသည့်အနက် ယနေ့အစည်းအဝေးသို့ CEC ထဲမှ ဥက္ကဋ္ဌ ဦးအောင်ရွှေ၊ အတွင်းရေးမှူး ဦးလွင်၊ အဖွဲ့ဝင် ဦးလွန်းတင်တို့မှလွဲ၍ ကျန်အဖွဲ့ဝင်များ တက်ရောက်ကြပြီး၊ CEC နှင့် CC အဖွဲ့ဝင်ပေါင်း ၁၁၁ ဦး တက်ရောက်နေကြသည်။

ရန်ကုန်တိုင်း ဗဟန်းမြို့နယ်ရှိ ရုံးချုပ်၌ ပြုလုပ်သော အစည်းအဝေးတွင် ပါတီ၏ ရပ်တည်ချက်နှင့် ပတ်သက်သော အရေးပါသော ဆွေးနွေးပွဲကို နေ့လည် ၁၂ နာရီမှ စတင်၍ တင်ပြရာ ၁ နာရီ ၄၅ မိနစ်တွင် ပထမပိုင်း အစည်းအဝေး ရပ်နားခဲ့သည်။ ဒုတိယပိုင်းကို နေ့လည် ၂ နာရီတွင် ပြန်လည်စတင်ခဲ့သည်။

“ကျနော်က ဆွေးနွေးတဲ့အထဲကို မဝင်ရဘူး။ ဒါပေမဲ့ သူတို့ ချောမွေ့တယ်လို့ ပြောပါတယ်။ မဲခွဲတယ်ဆိုတာ နောက်ဆုံးအဆင့်ပေါ့နော်။ နောက်ဆုံးအဆင့်ကျမှ အဲလို ဆုံးဖြတ်မယ်ထင်တယ်။ ကျနော်ထင်တာက မဲမခွဲလောက်ဘူး ထင်တယ်။ အခုတော့ တိုင်းနဲ့ပြည်နယ် အသီးသီးက CC တွေက သဘောထားတွေ ပြောတုန်းရှိသေးတယ်” ဟု NLD ရုံးချုပ်ရှေ့တွင် အစည်းအဝေး ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေသည့် ပါတီလူငယ် အဖွဲ့ဝင်တဦးက မဇ္စျိမကို ေပြောသည်။

ယခုလ ၈ ရက်နေ့တွင် စတင်ထုတ်ပြန်ခဲ့သည့် စစ်အစိုးရ၏ ရွေးကောက်ပွဲ ဥပဒေများအရ ပါတီအား ပြန်လည်မှတ်ပုံတင်မည်ဆိုလျှင် နေအိမ်တွင် ပြစ်ဒဏ် ၁၈ လ ကျခံနေရသည့် ပါတီအထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်၊ အကျဉ်းကျခံနေရသည့် ဗဟိုဦးစီးအဖွဲ့ဝင် ၁ဝ ဦးနှင့် ပါတီဝင်များအား ပါတီမှ ထုတ်ပယ် ပစ်ရမှာဖြစ်သည်။

အကယ်၍ ထုတ်ပယ်ခြင်း မရှိလျှင်၊ ရက် ၆ဝ အတွင်း မှတ်ပုံတင်ခြင်း မရှိလျှင် ပါတီသည် အလိုလျောက် ဖျက်သိမ်းရမည့် အခြေအနေတွင် ရောက်ရှိနေသဖြင့် NLD ပါတီ ခေါင်းဆောင်ပိုင်းအတွင်း ရွေးကောက်ပွဲ ကော်မရှင်ထံ ပြန်လည်၍ မှတ်ပုံတင်ရေး၊ မတင်ရေးဟူသည့် အငြင်းပွားမှုများ ဖြစ်ခဲ့ရသည်။

ယခုလ ၁၃ ရက်နေ့တွင်မူ ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပါတီမှတ်ပုံမတင်စေလိုကြောင်း သူမ၏ သဘောထားကို ရှေ့နေ နှစ်ဦးထံ ပြောဆိုခဲ့ပြီး၊ ဒီမိုကရေစီ နည်းလမ်းတကျ ပါတီအနေဖြင့် ဆုံးဖြတ်သွားစေလိုကြောင်း ပြောခဲ့သည်။

NLD ခေါင်းဆောင်များ အစည်းအဝေး ကျင်းပနေစဉ်တွင် ရွှေဂုံတိုင် မီးပွိုင့်အနီး၌ လုံထိန်းကား ၂ စီးနှင့် မီးသတ်ကား ၂ စီး လုံခြံုရေးချထားပြီး၊ ဗဟန်း အထက ၃ ကျောင်းဝင်းအတွင်း လုံထိန်းကား ၈ စီး ချထားကြောင်း သိရသည်။

ဦးအောင်ရွှေ