စစ်အစိုးရအား မူလတောင်းဆိုချက် ၉ ချက် အတိုင်း ပုံသေမသွားဘဲ အလျှော့အတင်းြုပလုပ်၍ အကြေအလည် ဆွေးနွေးကြရန် တရုတ်တိုက်တွန်းချက်ကို လက်မခံနိုင်ကြောင်း ၀ ခေါင်းဆောင် အသိုင်းအဝိုင်းက ပြောကြပါသည်။
“၂၀၀၉ နိုဝင်ဘာ ၁၀ ရက် ရက်စွဲနဲ့ ဥက္ကဌကြီး လက်မှတ်ရေးထိုးတင်ပြတဲ့ ကန့်သတ်ချက်တွေထဲမှာ ၀ ဘက်က လိုက်လျောထားတာအများကြီးပါ။ လုံးဝအလျှော့ မပေးတာ နအဖဘဲ” - ခေါင်းဆောင်ပိုင်းတဦးက ပြောကြောင်း - ၀ ခေါင်းဆောင်အချို့နှင့် နီးစပ်သူတဦးက ပြောပါသည်။
နယ်စပ်ရှုပ်ထွေးမှုမဖြစ်ပေါ်စေရန် ယူနန်ပြည်နယ်မှ တရုတ်ဆက်ဆံရေးအရာရှိများ ၀ ခေါင်းဆောင်တို့အား ပြီးခဲ့ သည့်အပတ်က တိုက်တွန်းခဲ့ခြင်းဖြစ်သည်။
“တောင်ပိုင်း ၀ နယ်မြေတောင် တပ်ရုပ်ပေးဖို့မဖြစ်နိုင်ဘူး၊ မိုင်းပေါက် မိုင်းဖျဲန်နယ်မြေဆို ပိုဝေးတာပေါ့၊ အဲဒါ မြောက်ပိုင်း ၀ နယ်မြေရဲ့ အသက်ရှူပေါက်ဘဲ”- ဟု ၀ တပ်မှူးတဦးက လည်းဆို၏။
ထို့အပြင် အဆိုပါ ၀ တပ်မှူးက - အမှတ် ၁၇၁ စစ်ဒေသ တောင်ပိုင်း ၀ နယ်မြေမှ ၀ တပ်ရုပ်ပေးရေး စစ်အုပ်စုလိုလားမှု အပေါ်တရုတ်တို့၏တိုက်တွန်းမှုကို လိုက်လျောပေးရန် မဖြစ်နိုင်ကြောင်း၊ တောင်ပိုင်းနယ်မြေအား အသက်ရာထောင်ချီ ရင်း၍ ခွန်ဆာ့လက်မှတိုက်ယူရကြောင်း၊ တောင်ပိုင်းဒေသသို့ ၀ ပြည်သူများ ရွှေ့ပြောင်းခဲ့ စဉ်က ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ကိုယ်စား ဗိုလ်ချုပ်ခင်ညွန့်က ညွှန်ကြားခဲ့ခြင်းဖြစ်ကြောင်း၊ မိမိတို့ဆန္ဒအရ ပြောင်း ရွှေ့လာခြင်းမဟုတ် ကြောင်း၊ စီးပွားရေးဘက်တွင်လည်း အရင်းအနှီးများစွာ မြုပ်နှံထားခဲ့ရပြီဖြစ်ကြောင်း ဆက်ပြောပါသည်။
သီးခြားအတည်မြုပနိုင်သေးသည့် သတင်းရပ်ကွက်အရ လာမည့် မတ်ချ် ၂၅ ရက်၌ နအဖ နှင့် ၀ တပ်ဖွဲ့ ကိုယ်စားလှယ် များတန့်ယန်းတွင် ထပ်မံတွေ့ဆုံရန် ရှိသည်ဟုဆိုသည်။
၀ တပ်ဖွဲ့ တပ်ရုပ်ဆုတ်ခွါရန် - နအဖ အလိုရှိသော မိုင်းယန်းမြောက်ဘက် မိုင်းပေါက် နှင် ့မိုင်းဖျဲန်ဒေသမှာလည်း ၀ နယ်မြေဖွဲ့စည်းပုံအရ ခရိုင်အဆင့်သတ်မှတ်ပြီး တပ်မဟာ ၄၆၈ ၏ ထိန်းချုပ်နယ်မြေဖြစ်၏။ တောင်ပိုင်း ၀ဒေသတွင် လည်း အမှတ် ၁၇၁ စစ်ဒေသ လက်အောက်ခံ တပ်မဟာ ၅ ခုရှိ၏။
၂၀၀၂ ဧပြီ လားဟူအမျိုးသားဖွံ့ဖြိုးရေးအဖွဲ့ Lahu National Development Organisation ကထုတ်ပြန်သော (Un settling Moves, The Wa forced resettlement in Eastern Shan State ( 1999-2001) အစီရင်ခံစာ အရ ၀ လူထု ၁၂၀,၀၀၀ တောင်ဘက်ပိုင်း (သံလွင်အရှေ့ခြမ်း ထိုင်းနယ်စပ်တလျှောက် မိုင်းဆတ် မိုင်းတုံမြို့နယ်) သို့ပြောင်း ရွှေ့ခဲ့ကြသည်ဟု ထုတ်ပြန်ခဲ့ဘူးသော်လည်း ၀ အာဏာပိုင်များကမူ လူဦးရေ ၈ သောင်းသာပြောင်းရွှေ့ခဲ့သည် ဟု ပြောပါသည်။