ရမခ တိုင်းမှူးအား အပစ်ရပ် SSA ဥက္ကဌ တဦးတည်းသွားတွေ့

ရမခ တိုင်းမှူးအား အပစ်ရပ် SSA ဥက္ကဌ တဦးတည်းသွားတွေ့
အသွင် ပြောင်းရေးအတွက် သျှမ်းပြည်မြောက်ပိုင်း လားရှိုးအခြေစိုက်အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူး ဗိုလ်ချုပ်အောင်သန်းထွဋ်အား အပစ်ရပ် SSA ဥက္ကဌ ဗိုလ်ချုပ်လွယ်မောဝ် တဦးသည်း သွားရောက်တွေ့ဆုံခဲ့သည်ဟု...

အသွင် ပြောင်းရေးအတွက် သျှမ်းပြည်မြောက်ပိုင်း လားရှိုးအခြေစိုက်အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူး ဗိုလ်ချုပ်အောင်သန်းထွဋ်အား အပစ်ရပ် SSA ဥက္ကဌ ဗိုလ်ချုပ်လွယ်မောဝ် တဦးသည်း သွားရောက်တွေ့ဆုံခဲ့သည်ဟု စုံစမ်းသိရှိရပါသည်။

“ဥက္ကဌကြီး စဝ်လွယ်မောဝ် တယောက်ထဲဘဲသွားတာ၊  အားလုံးအတွက် အသေခံတယ် ငါသွားတွေ့မယ် ဆိုပေမယ့် ဒီတခေါက်တွေ့ဆုံပွဲက တအားကြီး အကြပ်မကိုင်ဘူးလို့ပြောတယ်” - ဟု လားရှိုးသျှမ်းအသိုင်း အဝိုင်း တဦးက ပြောပါသည်။

အပစ်ရပ် SSA ခေါင်းဆောင် ဗိုလ်ချုပ်လွယ်မောဝ်

ဖေဖေါ်ဝါရီ ၂၈ ရက်နေ့ ရမခ တိုင်းမှူး ဗိုလ်ချုပ်အောင်သန်းထွဋ်အား ဗိုလ်ချုပ်လွယ်မောဝ်က သွားရောက်တွေ့ ဆုံခဲ့ကြောင်း၊ တိုင်းမှူးနှင့်တွေ့ဆုံပြီးနောက်ပိုင်း ဗိုလ်မှူးကြီးဝင်းသိန်းနှင့်လည်း ထပ်မံတွေ့ဆုံခဲ့ကြောင်း၊ နအဖ ကိုယ်စားလှယ်များက နယ်မြေစောင့်တပ်/ပြည်သူ့စစ်တပ် အသွင်ပြောင်းရေး အမြန်ဆုံး စာရင်းပေးသွင်းရန် သာ ပြောကြားခဲ့ကြောင်း သိရ၏။

အပစ်ရပ် ှှဗ ဥက္ကဌ ဗိုလ်ချုပ်လွယ်မောဝ်က - “အတတ်နိုင်ဆုံးကြိးစားပြီးရှင်းပြပေးပါတယ်။ ကျနော်က ဥက္ကဌ ဆိုပေမယ့် တယောက်ထဲ အသွင်ပြောင်းဖို့ ဆုံးဖြတ်လို့မရဘူး၊ တခြားခေါင်းဆောင်ပိုင်းတွေက အသွင်ပြောင်းရေး အတွက် နားမလည်လို့ ခင်ဗျားတို့နဲ့တောင် လာမတွေ့နိုင်ကြဘူး- စသဖြင့်ပေါ့ ” - ဟု ပြောဆိုခဲ့ကြောင်း စုံစမ်းသိရှိရပါ သည်။

ယခုလ ၁ ရက်နေ့ကလည်း အပစ်ရပ်သျှမ်းပြည်တပ်မတော် ခေါင်းဆောင်ပိုင်းများ၊ ကေဒါ တပ်သားများ အသွင် ပြောင်းရေး မပြောင်းရေးအတွက် အကြိတ်အနယ်နွေးခဲ့ကြသော်လည်း အပေါင်းလက္ခဏာဆောင်ခြင်း တစုံ တရာမရှိဟု တပ်မှူးအချို့နှင့် ရင်းနှီးသည့် လားရှိုးသားတဦးက ပြောပြပါသည်။

ဖေဖေါ်ဝါရီလဆန်းပိုင်း အပစ်ရပ် SSA ခေါင်းဆောင်ဗိုလ်ချုပ်လွယ်မောဝ်းအား စရဖ အရာရှိချုပ် ဗိုလ်ချုပ်ရဲမြင့်က သတ်မှတ်ထား သည့် ပြည်သူ့စစ် အသွင်ပြောင်း အင်အားစာရင်း ဖေဖေါ်ဝါရီလနောက်ဆုံး မပေးပို့ပါက အင် အားသုံး တိုက်သင့် ကတိုက်မည် ဟု အဓိပ္ပါယ်ပါသည့် လေသံမျိုးပြောခဲ့သော်လည်း ဗိုလ်ချုပ်အောင်သန်းထွဋ် က ထိုကဲ့သို့သုံးနှုန်း ပြောဆိုခြင်း မရှိပေ။