ဟူကောင်းဒေသ၏ နယ်မြေ ဧက ၄ သိန်းထိ ယုဇနကုမ္ပဏီ တိုးချဲ့သိမ်းပိုက်

ဟူကောင်းဒေသ၏ နယ်မြေ ဧက ၄ သိန်းထိ ယုဇနကုမ္ပဏီ တိုးချဲ့သိမ်းပိုက်
ကချင်ပြည်နယ်၏ အနောက်ဘက် ဟူကောင်းချိုင့်ဝှမ်းဒေသမှ နယ်မြေ ဧက ၄ သိန်းထိကို ရန်ကုန်အခြေစိုက် ယုဇနကုမ္ပဏီက ထပ်မံတိုးချဲ့ သိမ်းပိုက်လိုက်ကြောင်း သိရပါတယ်။ ...

ကချင်ပြည်နယ်၏ အနောက်ဘက် ဟူကောင်းချိုင့်ဝှမ်းဒေသမှ နယ်မြေ ဧက ၄ သိန်းထိကို ရန်ကုန်အခြေစိုက် ယုဇနကုမ္ပဏီက ထပ်မံတိုးချဲ့ သိမ်းပိုက်လိုက်ကြောင်း သိရပါတယ်။

လီဒိုလမ်းမ ဘေးတွင်တွေ့ရတဲ့ ယုဇနကုမ္ပဏီ ၀န်ထမ်းနေအိမ်တချို့ပြီးခဲ့တဲ့ ၂၀၀၆ ခုနှစ်က လီဒိုကားလမ်းမအတိုင်း နမ္မတီး မှ တနိုင်း ကြား နယ်မြေ ဧက ၂ သိန်းကို ယုဇနကုမ္ပဏီ က စစ်အစိုးရထံမှ ၀ယ်ယူခဲ့သော်လည်း ယခုချိန် ဌာနေကချင်ပြည်သူများ၏ မြေကွက်များအပါ၀င် နယ်မြေ ဧက ၂ သိန်းကို ထပ်မံ၍သိမ်းပိုက်လိုက်တာဖြစ်တယ်လို့ ဒေသခံများ ပြောပြပါတယ်။

တချိန်ထဲမှာပဲ ကုမ္ပဏီဟာ ၎င်းသိမ်းပိုက် နယ်မြေရှိ သစ်တောများကို အခင်းအတွက် အကုန်ခုတ်ထစ်ရှင်းလင်းပြီး တချို့သစ်တုံးကြီများကို ပြည်ပသို့ထုပ်ရောင်းရန် ရန်ကုန်သို့ ရထားဖြင့် သယ်ယူနေပါတယ်။

အခုလို စစ်အစိုးရ၏အကာကွယ်ပေးမှုအောက် ယုဇနကုမ္ပဏီ၏ မြေသိမ်းပိုက်မ​​ှု နဲ့ သဘာဝသစ်တောများကို အခင်းအဖြစ် ပြောင်းလဲခြင်းပေါ် ဌာနေ ဒေသခံများကတော့ အလွန်မကျေမနပ် ဖြစ်နေကြောင်း စုံစမ်းသိ ရပါတယ်။

Most read this week