ဂျပန်တွင် ကျင်းပသော ပြည်ထောင်စုနေ့အခမ်းအနား လူပေါင်း ရ၀၀ တက်ရောက်

ဂျပန်တွင် ကျင်းပသော ပြည်ထောင်စုနေ့အခမ်းအနား လူပေါင်း ရ၀၀ တက်ရောက်
ဂျပန်နိုင်ငံ တိုကျိုမြို့တွင် ဖေဖေါ်ဝါရီလ ၁၄ ရက်နေ့က ကျင်းပ ပြုလုပ်သော ၆၃ နှစ်မြှောက် ပြည်ထောင်စုနေ့အခမ်း အနားသို့ ဂျပန်တွင် ရောက်ရှိနေသော မြန်မာ့ တိုင်းရင်းသား လူမျိုးပေါင်းစုံ ရ၀၀ ခန့်တက်ရောက်ခဲ့သည်ဟု...

ဂျပန်နိုင်ငံ တိုကျိုမြို့တွင် ဖေဖေါ်ဝါရီလ ၁၄ ရက်နေ့က ကျင်းပ ပြုလုပ်သော ၆၃ နှစ်မြှောက် ပြည်ထောင်စုနေ့အခမ်း အနားသို့ ဂျပန်တွင် ရောက်ရှိနေသော မြန်မာ့ တိုင်းရင်းသား လူမျိုးပေါင်းစုံ ရ၀၀ ခန့်တက်ရောက်ခဲ့သည်ဟု သတင်း ရရှိသည်။

အခမ်းအနားကို ညီညွတ်သော တိုင်းရင်းသားများအဖွဲ့ (ဂျပန်)က ဦးဆောင်ကျင်းပခဲ့ခြင်း ဖြစ်ပြီး အခမ်းအနားကို နေ့လည်(၁) နာရီမှ ညနေ (၉) နာရီထိ စည်ကား သိုက်မြိုက်စွာ ကျင်းပခဲ့သည်။

အခမ်းအနားတွင် သဘာပတိ အဖြစ် ညီညွတ်သော တိုင်းရင်းသားများ အဖွဲ့ (ဂျပန်) ဥက္ကဌ စိုင်းစီဝမ်း၊ ဒုဥက္ကဌ လဖိုင်ဇော်လ ၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ပြည်ပ) နာယက ခိုင်အောင်ဝင်း ၊ ချင်းအမျိုးသား ကောင်စီ အကြံပေး ပီတာဗျိုင်းယံ ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ - ဂျပန် ဌာနခွဲ ) ဥက္ကဌ ဦးသန့်ဇင်ဦး တို့မှ ဆောင်ရွက်ပြီး အခန်းအနားမှုးများ အဖြစ် ညီညွတ်သော တိုင်းရင်း သားများအဖွဲ့ (ဂျပန်) အထွေထွေ အတွင်းရေးမှုး ဦးမင်းဝင့် တေဇ (PMNS) ၊ တွဲဖက် အထွေထွွေ အတွင်းရေးမှု(၁) ဦးကျော်သန်းလှိုင် (ALD EXILE - JAPAN) ၊တွဲဖက်အထွေထွွေ အတွင်းရေးမှု (၂) ဦးသိန်းရယ် (KNS) တို့နှင့် ဘာသာပြန်အဖြစ် ဦးရွှေဘ တို့မှ ဆောင်ရွက်ခဲ့သည် ။

ALP-Japan

အခမ်းအနားတွင် သဘာပတိများနှင့် အထူးဧည့်သည်တော်များဖြစ်ကြသော ဂျပန် အောက်လွတ်တော် ဥက္ကဌ SUIMATSU YOSHINORI SENSEI, ဂျပန် အလုပ်သမားများအဖွဲ့ မှကိုယ်စားလှယ် SHIOTA SENSEI ၊ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားညွန်ပေါင်းအဖွဲ့ အထွေထွေ အတွင်းရေးမှုး ဦးမောင်မောင်တို့မှ ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံသမိုင်းနှင့် လက်ရှိ မြန်မာနိုင်ငံ အခြေအနေများကိုု ရှင်းလင်းပြောကြားခဲ့သည်။

၎င်းနောက်ပိုင်း တိုင်ရင်းသားများ ယဉ်ကျေးမူ အကပဒေသာများကို တင်ဆက်ကပြရာ ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ်(ပြည်ပ- ဂျပန်) မှ ပြိုင်လောင်း အက (လှေပြိုင်ပွဲအက) ၊ ရထား ပန်းယိုင် အက တို့ဖြင့် ကပြဖျော်ဖြေရာ တက်ရောက်လာသော ဧည့်ပရိတ်သတ်များက တခဲနက် အားပေးခဲ့ကြသည်ဟု သိရသည်။

ALD-Japan

ညီညွှတ်သော တိုုင်းရင်းသားများ အဖွဲ့ (ဂျပန်) သည်တိုင်းရင်းသား လူမျိုးများ၏ စာပေ နှင့်ယဉ်ကျေးမှု များကို ဖော်ထုတ်ရန် ရည်ရွယ်ချက်များဖြင့် ဖွဲ့စည်းထားသော အဖွဲ့ဖြစ်ပြီး မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ရရှိရေးနှင့် ဖယ်ဒရယ် ပြည်ထောင်စု ဖြစ်ပေါ်လာရေး အတွက် တိုက်ပွဲဝင်နေသော အဖွဲ့အစည်း တခုလည်း ဖြစ်သည်။ အဆိုပါ အဖွဲ့တွင် ဂျပန်ရောက် မြန်မာ့ တိိုင်းရင်းသား ပါတီ အဖွဲ့အစည်း ၁၀ ဖွဲ့ ပါ၀င်သည်။

Most read this week