ရွှေ့ပြောင်း အလုပ်သမားများ အတွက် ယာဉ်မောင်းလိုင်စင် လုပ်ပေး

ရွှေ့ပြောင်း အလုပ်သမားများ အတွက် ယာဉ်မောင်းလိုင်စင် လုပ်ပေး
by -
မင်းအဲ၊မိလရီထော
ထိုင်းနိုင်ငံတွင် အလုပ်လုပ်နေသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများအတွက် ထိုင်းအစိုးရတို့မှ တရားဝင် ယာဉ်မောင်းလိုင်စင်များ...

ထိုင်းနိုင်ငံတွင် အလုပ်လုပ်နေသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများအတွက် ထိုင်းအစိုးရတို့မှ တရားဝင် ယာဉ်မောင်းလိုင်စင်များ ပြုလုပ်ပေးနေသည်။

လွန်ခဲ့သည့် ၂၀၀၉ ခုနှစ်၊ နိုဝင်ဘာလမှစပြီး ထိုင်းနိုင်ငံတွင် အလုပ်လုပ်နေသည့် ရွေ့ပြောင်းလုပ်သမားများ ယာယီနိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသူအပါအဝင် လက်မှတ်တခုခုကိုင်ဆောင်ထားသူတိုင်း ထိုင်းအစိုးရတို့မှ ယာဉ်မောင်းလိုင်စင် ထုပ်လုပ်ပေးသည်။

“ဒီယာဉ်မောင်းလိုင်စင် လုပ်ဖို့အတွက် လိုင်စင်လုပ်ပေးတဲ့ဌာနကနေ ထိုင်းတနိုင်ငံလုံးမှာ ကြေငြာထားပြီးပြီ၊ အခုချိန်မှာဆိုရင် မြန်မာရွှေ့ပြောင်းအလုပ်သမား အများစုကတော့ လုပ်နေကြပြီး” ဟု ယာဉ်မောင်းလိုင်စင် ပြုလုပ်ပြီးခဲ့သူ မဟာချိုင်ဒေသ မွန်ရွေ့ပြောင်းအလုပ်သမား နိုင်ထွန်းဝင်းက ပြောသည်။

လိုင်စင်ပြုလုပ်ရန်အတွက် ၁၀ နှစ်မှတ်ပုံတင်ကိုင်ဆောင်ထားသူများ၊ ယာယီနိုင်ငံကူးလက်မှတ်ရှိသူနှင့် အလုပ်သမားကဒ်ရှိသူတို့က ၄င်းလက်မှတ်တို့ကို ကော်ပီကူးယူပြီး နာမည်၊ နေရပ်လိက်စာအတိကျ ဖြည့်စွတ်ပြီး ၄င်းတို့အတွက် ၁၂၀ ဘတ်ကုန်ကျပြီး ရောဂါစစ်ဆေးရာမှာ ၄၀ ဘတ်ကုန်ကျသည်ဟု နိုင်ထွန်းဝင်း ဆက်ပြောသည်။

ယာဉ်မောင်းလိုင်စင်ပြုလုပ်ရာတွင် လိုင်စင်လုပ်ပေးရေးဌာနမှ မေးခွန်း အချက် (၃၀) ချက်ကို မေးမြန်းမှာဖြစ်ပြီး၊ ထိုမှ (၂၃) ချက်နှင့်အထက် ဖြေဆိုနိုင်သူများ ယာဉ်မောင်းလိုင်စင် လုပ်ခွင့်ရသည်ဟု သူက ဆက်ပြောသည်။

“ထိုင်းနိုင်ငံမှာအလုပ်လုပ်နေတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ ကား၊ ဆိုင်ကယ်ရှိပေမယ့် လိုင်စင်မရှိတဲ့အတွက် သွားလာဖို့ အခတ်အခဲဖြစ်ကြတယ်၊ တခုခုဖြစ်ရင်လည်း ဖြေရှင်းဖို့ မလွယ်ဘူး၊ အခုလို လိုင်စင်လုပ်ခွင့်ရတော့ နောက်နောင် မတော်တဆဖြစ်ခဲ့ရင်လည်း ဥပဒေအရ ထိုင်းလူမျိုးတွေလို ဖြေရှင်းခွင့်ရမယ်၊ ဒီလိုင်စင်က တရားဝင်လုပ်ထားပေးတဲ့လိုင်စင်ဖြစ်တယ်” ဟု (LPN) မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

လွန်းခဲ့သည့် နိုဝင်ဘာလမှ ယခုချိန်အထိ ထိုင်းအစိုးရတို့က ဒေသအသီးသီးရှိ ပြည်နယ်၊ ခရိုင်အလိုက် ယာဉ်မောင်လိုင်းစင်များကို တရားဝင်အဖြစ် ထုတ်ပေးနေပါသည်ဟု (Labor Promotion Network) LPN မှ သိရသည်။

“ဒါဟာ ကျနော်တို့ အလုပ်သမားတွေအတွက် အခွင့်အရေးကောင်းတခုပဲ၊ ပြီးတော့ ကျနော်တို့အတွက် သွားရ လာရတာလည်း အများကြီး အဆင်ပြေတယ်” ဟု ဆူရတ်ဌာနီဒေသမှ ရာဘာခြံအလုပ်သမားတစ်ဦးက ပြောသည်။

ထိုင်းနိုင်ငံရှိ မြန်မာရွေ့ပြောင်းအလုပ်သမားများ လုပ်ငန်းအဆင်ပြေချောမွေ့စွာ လုပ်ကိုင်သွားလာနိုင်ရန် ယခုကဲ့သို့ ယာဉ်မောင်းလိုင်စင်များ လုပ်ပေးကြောင့် အလုပ်သမားများ အလွယ်တကူ အလုပ်လုပ်ကိုင်သွားလာနိုင်ကြောင်း အလုပ်သမားများ ပြောဆိုနေကြသည်။

Most read this week