ထိုင်းနိုင်ငံ မြောက်ပိုင်း မယ်ဆိုင်မြို့ရှိ Osaka ဖိနပ်စက်ရုံတွင် ဆန္ဒပြသဖြင့် အလုပ်ထုတ်ခံရသော အလုပ်သမားများ အတွက် နစ်နာကြေးကို အလုပ်ရှင်က လျော်ပေးလိုက်ပြီ ဖြစ်သည်။
အလုပ်ရှင်က ပြီးခဲ့သည့် သောကြာနေ့တွင် ထိုင်းနိုင်ငံ ချင်းရိုင်းမြို့ရှိ အလုပ်သမားကာကွယ် ရေးရုံးသို့ သွားရောက်ပေးခဲ့ခြင်း ဖြစ်ပြီး အလုပ်ထုတ်ခံရသူ ၄ ဦးက ယင်းရုံးတွင် ယနေ့သွား ရောက် ထုတ်ယူခဲ့ကြောင်း အလုပ်ထုတ်ခံရသူ တဦးက မဇ္စျိမကို ပြောသည်။
လျော်ကြေးငွေများအဖြစ် ယင်းစက်ရုံတွင် အလုပ်လုပ်သည့် သက်တမ်းပေါ်မူတည်၍ ၃၇၀၀၀ နှင့် ၄၅၀၀၀ ဘတ် အသီးသီးရကြသည်။
ထိုင်းနှင့် မြန်မာအလုပ်သမားများ လခတန်းတူ မရရှိသည့်အတွက် စက်ရုံရှိ မြန်မာအလုပ် သမား ရ၂ ဦးက ဇန်နဝါရီလ ၂၃ ရက်နေ့တွင် ဆန္ဒပြခဲ့ကြသည်။ ဆန္ဒပြပွဲ ခေါင်းဆောင်ခဲ့ သည်ဟုဆို၍ ၄ ဦးကို ၂၆ ရက်နေ့တွင် စက်ရုံမှ အလုပ်ထုတ်ခဲ့သည်။
ဆန္ဒပြတောင်းဆိုခဲ့သော လုပ်ခတိုးမြင့်ရရှိရေးနှင့် အလုပ်ထုတ်ခံခဲ့ရသူများအတွက် နစ်နာ ကြေးရရှိနိုင်ရန် MAP Foundation က ချင်းရိုင်းမြို့ရှိ အလုပ်သမားကာကွယ်ရေးရုံးတွင် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်သည်။
ယင်းနောက် အလုပ်ထုတ်ခံရသူများမပါ ကျန်စက်ရုံရှိ မြန်မာ-ထိုင်း အလုပ်သမားများအားလုံး လည်း တရက် လုပ်ခ ၁၅၇ ဘတ် အထိ ရရှိခဲ့ပြီးဖြစ်သည်။