ငြိမ်းအဖွဲ့များ ကျူးလွန်သည့် ပြစ်ချက်များကို နအဖ ပုလိပ်စုဆောင်း

ငြိမ်းအဖွဲ့များ ကျူးလွန်သည့် ပြစ်ချက်များကို နအဖ ပုလိပ်စုဆောင်း
လက်နက်ကိုင် ငြိမ်းချမ်းရေးအဖွဲ့အစည်းများမှ ကျူးလွန်ထားသော ပြစ်မှုများကို မြန်မာနိုင်ငံရဲတပ်ဖွဲ့ စုဆောင်းလျှက်ရှိ ကြောင်း သိရသည်။
လွန်ခဲ့သည့် တစ်နှစ်တာကာလအတွင်း ငြိမ်းချမ်းရေးအဖွဲ့အစည်းများမှ ကျူးလွန်သည့် ပြစ်ချက်များ အမြန်စုံစမ်း တင်ပြနိုင်ရန်အတွက်  စုဆောင်းနေရခြင်း ဖြစ်ကြောင်း  သျှမ်းပြည် ရဲတပ်ဖွဲ့မှ အမည်မဖေါ်လိုသူ ၀န်ထမ်း တစ်ဦး က...

လက်နက်ကိုင် ငြိမ်းချမ်းရေးအဖွဲ့အစည်းများမှ ကျူးလွန်ထားသော ပြစ်မှုများကို မြန်မာနိုင်ငံရဲတပ်ဖွဲ့ စုဆောင်းလျှက်ရှိ ကြောင်း သိရသည်။
လွန်ခဲ့သည့် တစ်နှစ်တာကာလအတွင်း ငြိမ်းချမ်းရေးအဖွဲ့အစည်းများမှ ကျူးလွန်သည့် ပြစ်ချက်များ အမြန်စုံစမ်း တင်ပြနိုင်ရန်အတွက်  စုဆောင်းနေရခြင်း ဖြစ်ကြောင်း  သျှမ်းပြည် ရဲတပ်ဖွဲ့မှ အမည်မဖေါ်လိုသူ ၀န်ထမ်း တစ်ဦး က သျှမ်းသံတော်ဆင့် သို့ ပြောသည်။

မြန်မာ ပြည်ထဲရေးဝန်ကြီးဌာနက ပြည်နယ်နှင့်တိုင်းများရှိ ရဲတပ်ဖွဲ့များထံ ပြစ်မှုဆိုင်ရာ အချက်အလက်များ စုဆောင်းရေး နှင့် ပတ်သက်၍ ဇန်နဝါရီလပိုင်းကမှ ညွန်ကြားရာတွင် ငြိမ်းချမ်းရေးအဖွဲ့များအတွက် သီးသန့် ညွန်် ကြားထားခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ညွန်ကြားချက်သည် နယ်ခြားစောင့်တပ်အသွင်ပြောင်းရေး အဆိုကို ငြင်းဆန်နေသည့် ငြိမ်းအဖွဲ့များ အား လုံးနှင့် အကျံုးဝင်သည်ဟု ဆိုသည်။

လတ်တလော နအဖ၏ နယ်ခြားစောင့်တပ်ဖွဲ့အသွင်ပြောင်းရေး ငြင်းဆိုနေသည့် လက်နက်ကိုင်ငြိမ်းချမ်းရေး အဖွဲ့ များမှာ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ၊ မွန်ပြည်သစ်ပါတီ NMSP ၊ ၀ပြည်သွေးစည်းညီညွတ်ရေးပါတီ UWSA ၊ အပစ်ရပ် SSA ၊ အမျိုးသားဒီမိုကရက်တစ် မဟာမိတ် တပ်မတော် NDAA မိုင်းလား တပ်ဖွဲ့ စသည့် အဖွဲ့ များဖြစ်သည်။

အဆိုပါအဖွဲ့များ အပစ်အခတ်ရပ်ဆဲခဲ့စဉ်က တရားဥပဒေဘောင်အတွင်း ၀င်ရောက်လာသည့် အဖွဲ့အစည်းများ အဖြစ် နအဖ သုံးနှုန်းခေါ်ဝေါ်ခဲ့သော်လည်း သျှမ်းပြည်တပ်မတော်(အပစ်ရပ်) ဥက္ကဌ ဗိုလ်ချုပ်ဆေထဲန့် ကို နိုင်ငံရေးစွဲချက်များဖြင့် ထောင်ဒဏ် ၁၀၆ နှစ် အထိ ပြစ်ဒဏ်ပေးခဲ့သည်။

ရာဇဝတ်မှုခင်းကျူးလွန်သည့် ငြိမ်းချမ်းရေးအဖွဲ့ဝင်များကို တိုက်ရိုက်ဝင်ရောက် တရားစွဲဆိုသော ဖြစ်ရပ်များကို ယနေ့အထိ ထင်ထင်ရှားရှား မတွေ့ရသေးဟု အကဲခတ်များက ဆိုသည်။

အကဲခတ်များအဖို့ ယခုကိစ္စအား နအဖမှ ဥပဒေ လမ်းကြောင်းမှတဆင့် အဆိုပါ ငြိမ်းချမ်းရေးအဖွဲ့များ အတွင်းစည်းပိုင်းကို ခြယ်လှယ် ချုပ်ကိုင်နိူင်ရန် အားထုတ်မှု တစ်ခုအဖြစ် ရှုမြင်နေကြသည်။