ကြက်သွန်သစ်ထွက်ချိန်မှာ ကြက်သွန်စျေးမြင့်

ကြက်သွန်သစ်ထွက်ချိန်မှာ ကြက်သွန်စျေးမြင့်
ယခုနှစ် ဆောင်းဥတုရာသီ ကြက်သွန်အသစ် ပေါ်ချိန်မှာ နယ်စပ်ဒေသဘက်မှာ ကြက်သွန်စျေးနှုန်း သုံးပုံတစ်ပုံခန့် မြင့်တက်သွားကြောင်း ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့ရှိ ကုန်သည်တစ်ဦးထံမှ သိရ ...

ယခုနှစ်ဆောင်းဥတုရာသီ ကြက်သွန်အသစ်ပေါ်ချိန်မှာ နယ်စပ်ဒေသဘက်မှာ ကြက်သွန်စျေးနှုန်း သုံးပုံတစ်ပုံခန့် မြင့်တက်သွားကြောင်း ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့ရှိ ကုန်သည်တစ်ဦးထံမှ သိရသည်။

“အခု ကြက်သွန် တစ်ကီလို ၄၀ ဘတ်ပေးရတယ်၊ ပြီးခဲ့တဲ့အပတ်က တစ်ကီလို ၃၂ ဘတ်ပဲရှိတယ်၊ တပတ်ထဲနဲ့ စျေးက အဲလောက်ထိတက်သွားတယ် ဒါပေမယ့် ဝယ်စားတဲ့သူတွေကတော့ စျေးကြီးလည်း ဝယ်စားတာပဲ၊ နေ့တိုင်းစားနေရတယ်ဆိုတော့ မဝယ်လို့မရဘူးဖြစ်နေတယ်၊ အရောင်းအဝယ်ကတော့ ပုံမှန်ပါပဲ” ဟု ၄င်းက ပြောသည်။

ယခုကဲ့သို့ နယ်စပ် ကြက်သွန်စျေးမြင့်တက်ခြင်းမှာ လမ်းပန်းဆက်သွယ်ရေးကြောင့် အပါဝင် မော်လမြိုင်တွင်လည်း စျေးတက်နေခြင်းကြောင့်ဖြစ်သည်ဟု ၄င်းက ဆက်ပြောသည်။

ကြက်သွန်စျေးသည် နယ်စပ်ဒေဘက်မှာသာမက မြန်မာပြည်တွင်းရှိ ဒေသအများစုမှာလည်းစျေးတက်နေပြီး၊ မွန်ပြည်နယ်အတွင်းမှာ စျေးထက်ဝက်နီးပါး တက်သွားကြောင်း သိရသည်။

“ဒီတစ်ပတ်နှစ်ပတ်အတွင်းမှာ ကြက်သွန်စျေးက တဝက်နီးပါးတက်သွားတယ်၊ ၁ ပိဿာ ၁၈၀၀ ထိ ဖြစ်သွားတယ်၊ အခုတော့ နည်းနည်း ပြန်ငြိမ်းသွားပြီး၊ အရင်ကဆို တစ်ပိဿာ ရ၀၀/၈၀၀ လောက်ပဲရှိတယ်” ဟု မုဒုံမြို့နယ် ရောင်းဒေါင်းဒေသခံတစ်ဦးက ပြောသည်။

ယမန်နှစ်က ယခုလိုအချိန်မှာ ကြက်သွန်တစ်ပိဿာလျှင် အမြင့်ဆုံးစျေးနှုန်အဖြစ် တစ်ထောင့်ငါးရာကျပ်ထိသာ တက်သည်။ ဒီနှစ်မှာ ကြက်သွန်တစ်ပိဿာ ၂၀၀၀ ကျပ် ကျော်ထိထိုးတက်သည်။

မော်လမြိုင်မှာ ကြက်သွန်တစ်ပိဿာလျှင် ၂၂၀၀ ကျပ်ဖြင့် ဝယ်ယူရပြီး၊ ဘုရားသုံးဆူသို့ရောက်သည့်အခါ တစ်ကီလိုကို ဘတ် (၄၀/၄၂) ဖြင့် ပြန်လည်ရောင်းချမှာသာ တွက်ခြေကိုက်မည်ဟု ဘုရားသုံးဆူမြို့ရှိ ကုန်စုံရောင်းဝယ်သူတစ်ဦးက ပြေသည်။

ယခုလက်ရှိအခြေနေမှာ ကုန်စျေးနှုန်း အဆမတန်မြင့်တက်မှုမရှိသော်လည်း လူတို့ အဓိက နေ့စဉ်စားသုံးနေကြရသည့် ဆန်၊ စပါးစျေးနှုန်းသည် ယမန်နှစ်ကထက် ထက်ဝန်နီးပါး ထိုးတက်သွားကြောင်း သိရသည်။

“လူတွေ စားနေရတဲ့ ကုန်စျေးနှုန်းတွေ သိပ်မတက်ပေမယ့်လည်း၊ အဓိက ဖြစ်တဲ့ ဆန်ကျတော့ တက်နေတာ ပြီးရောပဲ၊ အဲဒါက အဓိကပဲလေ လျော့စားလို့လဲမရဘူး မဝယ်လို့လဲမရဘူး၊ တခြားကုန်စည်တွေကျတော့ လျော့ဝယ်လို့ရတယ်” ဟု မုဒုံဒေသခံတစ်ဦးက ပြောသည်။