ရွာသားများကို စစ်တပ်မှ မိုင်းဖောက်၍ ခြိမ်းခြောက်

ရွာသားများကို စစ်တပ်မှ မိုင်းဖောက်၍ ခြိမ်းခြောက်
by -
ကို(၂)
ကရင်နီပြည် လွိုင်ကော်မြို့မှ ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး(ကလလတ) ထိန်းချုပ်ရာ နယ်မြေ ဖြစ်သည့် ထိုင်း-မြန်မာနယ်စပ် ဟွေပူလောင်းကျေးရွာသို့ အလည်လာ ...

ကရင်နီပြည် လွိုင်ကော်မြို့မှ ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး(ကလလတ) ထိန်းချုပ်ရာ နယ်မြေ ဖြစ်သည့် ထိုင်း-မြန်မာနယ်စပ် ဟွေပူလောင်းကျေးရွာသို့ အလည်လာသော ခရီးသည်ရွာသားများကို စစ်အစိုးရတပ်မှ အကြောင်းမဲ့ မိုင်းဖောက်ခွဲ၍ ခြိမ်းခြောက်ခဲ့သည်ဟု ခြိမ်းခြောက်ခံရသော ရွာသားများက ပြောသည်။

လွိုင်ကော်မှ ဟွေပူလောင်းသို့ ပြေးဆွဲသော ပုဂ္ဂလိကခရီးသည် လိုင်းကားများသည် စစ်တပ်မှ ရံပုံငွေ ရှာဖွေရေးအတွက် ငွေလမ်းကြောင်း ပိတ်သည့်အတွက် တပ်ရင်းမှူး ဗိုလ်ညီညီမင်း ဦးဆောင်သည့် စစ်ကြောင်း အမှတ် ၁၈ ခမရ ၅၇၄ တပ်ဖွဲ့မှ အမျက်ဒေါသထွက်ကာ ယခုလို ခရီးသည်လိုင်းကားအား တားဆီးနှောက်ယှက်ခြင်း ဖြစ်ပြီး ပါလာသော ခရီးသည်ရွာသားများကိုပါ မိုင်းဖောက်၍ ခြိမ်းခြောက်ခြင်း ဖြစ်သည်ဟု ခြိမ်းခြေက်ခံရသော ရွာသားတဦးက ပြောသည်။

၎င်းက “သူတို့ မိုင်းဖောက်ခွဲပြီး ခင်ဗျားတို့ အသက်ပါသွားမယ်။ ခင်ဗျားတို့ကို အခုချက်ချင်း ဖမ်းလို့ ရတယ်” ဟု အဖြစ်အပျက်ကို ပြန်လည်ပြောပြပါသည်။

ဤအခင်းနှင့် ပတ်သက်ပြီး ဟွေပူလောင်းမှ ကျေးရွာတာဝန်ရှိသူ တဦးနှင့် အပစ်ရပ်အဖွဲ့ တဦးမှ ပြောလည်ရာ ပြေလည်ကြောင်း လာရောက်ဖြေရှင်းပေးရာတွင် ဗိုလ်ညီညီမင်းသည် အဖွဲ့အစည်းလည်း နားမလည်ကြောင်း၊ လက်နက်များပါ သိမ်းဆည်းသွားမည်ဆိုပြီ ခြိမ်းခြောက် ပြောဆိုခဲ့ကြောင်း ဆိုသည်။

ခရီးသည်ရွာသားတဦးက “သူတို့ ကားပြေးဆွဲပေးပါ ဆိုပြီး တောင်းတဲ့ ပုံစံက အမိန့်ဆိုတာ အမိန့်ပဲ။ အဖွဲ့အစည်းလည်း နားမလည် ဘူးပေါ့။ အခအကြေးလည်း မပေးဘူးလေ” ဟု ပြောသည်။

ကလလတမှ ပြီးခဲ့သည့် နိုဝင်ဘာလ ၈ ရက်နေ့က မြန်မာစစ်အစိုးရ၏ ဖိအားပေးမှုကြောင့် နယ်ခြားစောင့်တပ်အဖြစ်သို့ ပြောင်းလဲ လိုက်ပြီးနောက် စစ်တပ်မှ ယခုလို နယ်ခြားစောင့်တပ်များ ထိန်းချုပ်သည့် နယ်မြေတွင် ခရီသည် ရွာသားများအား ခြိမ်းခြောက်မှုများ ရှိလာခဲ့သည်။