ရွှေ့ပြောင်းအလုပ်သမားများ ယာဉ်မောင်းလိုင်စင် မကြာမီ ပြုလုပ်ခွင့် ရမည်

ရွှေ့ပြောင်းအလုပ်သမားများ ယာဉ်မောင်းလိုင်စင် မကြာမီ ပြုလုပ်ခွင့် ရမည်
by -
နွယ်လေး
ထိုင်းနိုင်ငံတွင်းရှိ မြန်မာ၊ လာအိုနှင့် ကမ္ဘောဒီးယား နိုင်ငံများမှ ရွှေ့ပြောင်းအလုပ်သမားများ ယာဉ်မောင်းလိုင်စင် မကြာမီ ပြုလုပ်ခွင့် ရရှိမည်ဖြစ်သည်။ ကုန်းလမ်း ပို့ဆောင်ရေးမှ စည်းကမ်းချက်များ ပြန်လည်ညှိနှိုင်းနေ ...

ထိုင်းနိုင်ငံတွင်းရှိ မြန်မာ၊ လာအိုနှင့် ကမ္ဘောဒီးယား နိုင်ငံများမှ ရွှေ့ပြောင်းအလုပ်သမားများ ယာဉ်မောင်းလိုင်စင် မကြာမီ ပြုလုပ်ခွင့် ရရှိမည်ဖြစ်သည်။

ကုန်းလမ်း ပို့ဆောင်ရေးမှ စည်းကမ်းချက်များ ပြန်လည်ညှိနှိုင်းနေကာ အလုပ်သမား လက်မှတ်ဖြင့် ကိုယ်ပိုင်နာ မည်နှင့် ယာဉ်ဝယ်ယူခွင့်၊ နာမည်လွဲပြောင်းခွင့်ရရှိပြီးနောက် ၂ လ အကြာတွင််ယခုလို ညွှန်ကြားလာခြင်းဖြစ် သည်။

ကုန်းလမ်းပို့ဆောင်ရေးမှ လိုအပ်သည့် စာရွက်စာတမ်း အချက်အလက်နှင့် ပတ်သက်ပြီး ထပ်မံညွန်ကြားလာ မည်ဟု ချင်းမိုင်အခြေစိုက် လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအစီ အစဉ် (HRDF) မှ ကိုစိန်ဌေးက ယခုလို ပြောသည်။

“တကယ်လို့လုပ်ရမယ်ဆို ထိုင်းနဲ့ တန်းတူကုန်ကျရမယ်။ ထိုင်းနဲ့ အတူဖြစ်လိမ့်မယ်လို့ ထင်ပါတယ်။ ယာဉ်မောင်းသင်တန်း စာမေးပွဲတော့ဖြေရမယ်။”

ယခင်က ရွှေပြောင်းအလုပ်သမားများ ယာဉ်မောင်းလိုင်စင်မရှိသဖြင့် ဒဏ်ငွေပေးဆောင်ရခြင်းနှင့် ပတ်သက်၍ ထိုင်းတာဝန်ရှိသူများထံ ညှိနှိုင်းခဲ့သော်လည်း အဆင်ပြေခြင်းမရှိခဲ့ကြောင်း ပြီးခဲ့သည့် စက်တင်ဘာလဆန်းပိုင်း တွင် ထိုင်းကုန်းလမ်းပို့ဆောင်ရေး ဒု-ညွန်ကြားရေးမှုးချုပ်နှင့် သွားရောက်ဆွေးနွေးရာမှ အဆင်ပြေလာသည်ဟု ကိုစိန်ဌေးက ပြောသည်။

ကိုစိန်ဌေးက ရွှေ့ပြောင်းအလုပ်သမားများ ရင်ဆိုင်ရသည့် အခက်အခဲများကို ယခုလို ဆက်ပြောသည်။

“ချင်းမိုင်ဘက်က အလုပ်သမားတွေဆို ဆိုင်ကယ်မောင်းတာနဲ့ ပတ်သက်ပြီး တအားပြဿနာ တက် တယ်။ တစ်ခါမိ ၂၀၀၀ ခုဆိုုမဟာချိိုင်ဘက်လဲ အဲလိုဖြစ်နေတယ်။ ထိုင်းတယောက် ကျရင် လို်င်စင် မ ရှိလည်း ဒဏ်ငွေက ၂၀၀ နဲ့ဆိုပြီးတယ်။ မြန်မာဆို ဆိုင်ကယ်သိမ်း၊ လိုင်စင်မရှိလို့ ဒဏ်ငွေ ၂၀၀၀ အ ပြင် ဆိုင်ကယ်ပိုင်ရှင် ကိုယ်တိုင်သွားထုတ်မှရတယ်။ ဒါတောင် ဒဏ်ငွေ ၁၀၀၀ လောက်ပေးရတယ်။”

ယာဉ်မောင်းလိုင်စင် ပြုလုပ်ခွင့် တရားဝင်ရရှိခဲ့ပါက ကြေငြာချက်များနှင့် လူထုကို အသိပေး သွားမည်ဖြစ်ပြီး ကိုယ်ပိုင်နာမည်ဖြင့် တရားဝင်ယာဉ်ဝယ်ခြင်း၊ နာမည်လွှဲပြောင်းခြင်းများကိိုု စံပြအနေနှင့် မဲဆောက်၊ မဟာချိုင်၊ ချင်းမိုင်တွင် ပြုလုပ်လျှက်ရှိသည်။

Most read this week