မူးယစ်ဆေးရောင်းသူထံ ငွေတောင်းသည့် ရဲဝန်ထမ်းနှစ်ဦး လက်နက်နှင့်အတူ ထွက်ပြေး နှစ်ဦးဖမ်းမိ

မူးယစ်ဆေးရောင်းသူထံ ငွေတောင်းသည့် ရဲဝန်ထမ်းနှစ်ဦး လက်နက်နှင့်အတူ ထွက်ပြေး နှစ်ဦးဖမ်းမိ
by -
ဇော်ကြီး
ထိုင်းမြန်မာနယ်စပ် မြဝတီမြို့နယ်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးရောင်းသူထံ လာဘ်ငွေယူသည့် ရဲဝန်ထမ်း ၄ ဦးအား ဗ ဟိုအထူးစစ်ဆေးရေးအဖွဲ့မှတာဝန်ရှိသူများက ယမန်နေ့ညနေက ဖမ်းဆီးခဲ့ရာ ရဲဝန်ထမ်းနှစ်ဦး ...

ထိုင်းမြန်မာနယ်စပ် မြဝတီမြို့နယ်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးရောင်းသူထံ လာဘ်ငွေယူသည့် ရဲဝန်ထမ်း ၄ ဦးအား ဗ ဟိုအထူးစစ်ဆေးရေးအဖွဲ့မှတာဝန်ရှိသူများက ယမန်နေ့ညနေက ဖမ်းဆီးခဲ့ရာ ရဲဝန်ထမ်းနှစ်ဦးကို ဖမ်းဆီးမိခဲ့ပြီး နှစ်ဦးမှာ လက်နက်နှင့်အတူ ထွက်ပြေးသွားခဲ့သည်။

အဆိုပါ ၄ ဦးသည် မြဝတီမြို့နယ် အင်ကြင်းမြိုင်ကျေးရွာရှိ ယာဘခေါ်စိတ်ကြွဆေးပြား ရောင်းဝယ်သူတဦးထံမှ ငွေတောင်းခံခဲ့သည့်အပေါ်အထက်အာဏာပိုင်အဖွဲ့မှသိရှိပြီး ဖမ်းဆီးလိုက်ခြင်းဖြစ်သည်ဟုမြဝတီမြို့ခံတဦးက ယခု လိုပြောသည်။

“ပိုက်ဆံတောင်းလိုက်တာကို အဲဒီ အမျိုးသမီး (မူးယစ်ဆေးရောင်းသူ)ကမကျေနပ်တော့ မှုခင်းသတင်း ထောက် ကိုပြောပြတော့ မှုခင်းသတင်းထောက်အဖွဲ့ကနေ ကောက်ပြီးတင်လိုက်တာ။ တင်လိုက်တော့ သူတို့ (အထက်အာဏာပိုင်) ကလာစစ်တာပေ့ါနော်။ မနေ့က ညက နှစ်ယောက် ထွက်ပြေးသွားတယ်။ သေနတ်အတို တစ်လက်ပါသွားတယ်။ ဒုရဲအုပ် တစ်ယောက်နဲ့ တပ်ကြပ် တစ်ယောက်ကတော့ ဖမ်းခံ ထိထားတယ်ပေ့ါနော်။”

လက်နက်နှင့်အတူ ထွက်ပြေးသွားသူရဲဝန်ထမ်းနှစ်ဦးမှာ တပ်ကြပ်ကြီးထွန်းအောင်နှင့် ဟန်သိန်းဦးတို့ ဖြစ်ကြပြီး ဖမ်းဆီးခံထားရသူနှစ်ဦး၏ အမည်များကို မသိရကြောင်း ၎င်းကဆက်ပြောသည်။

မြဝတီမြို့နယ်အတွင်း ဖြစ်ပေါ်နေသည့်လာဘ်စားမှုများအား မြန်မာနိုင်ငံမှုခင်းသတင်း ထောက်အဖွဲ့ဖြစ်သည့် ဒေါန မြေ မှုခင်းသတင်းထောက်အဖွဲ့မှဖော်ထုတ်ချက်အရ အထက်အာဏာပိုင်များအနေနှင့် ယခုလိုလာရောက်စစ်ဆေး ခြင်းဖြစ်သည်ဟု အဆိုပါမြို့ခံ ကပြောသည်။

“မှုခင်းသတင်းထောက်အဖွဲ့က တင်တာကလည်း ရိုးရိုးတန်းတန်းတင်တာမဟုတ်ဖူးလေ။ သူတို့က ဓါတ် ပုံတွေ၊ သက်သေအထောက်အထားအပြည့်အစုံနဲ့တင်တာကိုး။ တင်တော့ အထက်ကမလုပ်လို့မရတော့ ဘူး ဖြစ်သွားတာပေ့ါ။”

ဖမ်းမိ်ထားသူရဲဝန်ထမ်းနှစ်ဦးအား မြဝတီမြို့နယ်ရဲစခန်း၌ချုပ်နှောင်ထားပြီး  စစ်ဆေးနေဆဲဟု သိရှိရသည်။

မြဝတီမြို့ ဒုစရိုက်နှိမ်နင်းရေးအဖွဲ့မှ တာဝန်ကျ အရာရှိအားအဆိုပါကိစ္စနှင့် ပတ်သက်၍ ဆက်သွယ်မေးမြန်းကြည့် ရာ မဟုတ်မှန်ကြောင်းငြင်းဆိုခဲ့သည်။

Most read this week