စစ်တကောင်း တောင်တန်းနယ်တွင် သီတင်းသုံးနေသော မြန်မာ ရဟန်းတော်တပါး ဖမ်းဆီးခံရ

စစ်တကောင်း တောင်တန်းနယ်တွင် သီတင်းသုံးနေသော မြန်မာ ရဟန်းတော်တပါး ဖမ်းဆီးခံရ
ဘင်္ဂလာဒေချ့် နိုင်ငံ စစ်တကောင်းတောင်တန်းနယ်တွင် သီတင်းသုံးနေသော ရဟန်းတော် တပါးကို ဘင်္ဂလာဒေချ့် နယ်ခြားစောင့်တပ်ဖွဲ့ ဘီဒီအာရ်မှ ဖမ်းဆီးပြီး ရဲလက်သို့ လွဲပြောင်းပေး ...

ဘင်္ဂလာဒေချ့် နိုင်ငံ စစ်တကောင်းတောင်တန်းနယ်တွင် သီတင်းသုံးနေသော ရဟန်းတော် တပါးကို ဘင်္ဂလာဒေချ့် နယ်ခြားစောင့်တပ်ဖွဲ့ ဘီဒီအာရ်မှ ဖမ်းဆီးပြီး ရဲလက်သို့ လွဲပြောင်းပေးလိုက်သည်ဟု အရှင် ဦးသီလဝံသက ပြောသည်။

“ အဖမ်းခံခဲ့ရတဲ့ ရဟန်းတော်က နတ်ကျောက်ဆရီ ဗျိုင်းမတောက် သက်ရွာ ဘုန်းတော်ကြီးကျောင်းမှာ သတင်းသုံးနေတဲ့ ဦးသုဇာတ ဖြစ်ပါတယ်။ သူ့ကို ဘီဒီအာရ်က လာမေးတဲ့ အခါ ဘင်္ဂလီလို ကောင်းမွန်စွာ မပြောတတ်တဲ့အတွက် မြန်မာနိုင်ငံသားဆိုပီး ဖမ်းဆီးခေါ်ဆောင်သွား ခဲ့တာ ဖြစ်ပါတယ်။ မနေ့ကတော့ နတ်ကျောက်ဆရီ ရဲဌာနကို လွဲပြောင်းပေးအပ်လိုက်တယ်လို့ သိရပါ တယ်။” ဟု သူကမိန့်ကြားသည်။

ဘင်္ဂလာဒေချ့်နိုင်ငံတွင် တရားမဝင် နေထိုင်သူ မြန်မာနိုင်ငံသားများကို မြန်မာနှင့် ဘင်္ဂလာနယ်စပ် တင်းမာမူ ဖြစ်ပွားချိန်မှစပြီး ဘင်္ဂလာဒေချ့် အာဏာပိုင်များက စတင်ဖမ်းဆီးနေရာ ယခု ရဟန်းတော်မှာ ပထမဆုံး အကြိမ် အဖမ်းခံရသော မြန်မာ့ ရဟန်းတော်တပါး ဖြစ်သည်။

“ သူ့ကို ဖမ်းဆီးထောင်ချမလား၊ မြန်မာနိုင်ငံကို ပြန်ပို့မလားဆိုတာတော့ မသိရသေးဘူး။ ရဲကို လွဲပြောင်းတယ် ဆိုကတည်းက သူ့ကို နို်င်ငံခြား မတရားခိုးဝင်မူနဲ့ တရားစွဲနိုင်ပါတယ်။ ခုလို သတင်းသုံးနေတဲ့ မြန်မာရဟန်းတော်တွေကို အရင်က တခါမှ ဖမ်းဆီးတာ မရှိတဲ့အတွက် ခုဖမ်းဆီးမူ အပေါ် ဦးဇင်းတို့လည်း ကြောင့်ကြ စိုးရိမ်ပါတယ် ဒကာကြီး” ဟု ဥင်္ီးဇင်း သီလဝံသက ပြောသည်။

ဘင်္ဂလာဒေချ့်နိုင်ငံတွင် မြန်မာနိုင်ငံက သာသနာပြုရန် လာရောက် နေထိုင်သူ ရဟန်းတော်များ အရေအတွက်မှာ ရာဂဏန်းအထက် ထောင်နီးပါးရှိပြီး အများစုမှာ နှစ်ပေါင်းများစွာ နေထိုင်သီတင်းသုံးနေသော ရဟန်းတော်များ ဖြစ်သည်ဟု သိရသည်။

ထိုအထဲတွင် ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေး အပြီး ထွက်ပြေး တိမ်းရှောင်လာသော ရဟန်းတော် များလည်း ပါ၀င်သည်။ အဆိုပါ ရဟန်းတော်များ အထဲမှ အနည်းစု ရ ဟန်းတော်များကိုသာ ကုလ မဟာမင်းကြီးရုံးက ဒုက္ခသည် အဖြစ် အသိအမှတ်ပြုထားပြီး အများစု ရဟန်းတော်များမှာ ဒုက္ခသည် အဖြစ် အသိအမှတ်ပြု မခံရဟု သိရသည်။

“ ယူအန်က ခွဲခြားဆက်ဆံမူတွေရှိနေတဲ့အတွက် ရဟန်းတော် အများစုက ကုလသမဂ္ဂ မဟာမင်းကြီးရုံးမှာ ဒုက္ခသည် အဖြစ် အသိအမှတ်ပြုခြင်း မခံရပါဘူး။ ခုလို ရဟန်းတော်တွေကို ဖမ်းဆီးမယ်၊ ဗမာပြည်ကို ပြန်ပို့မယ်ဆိုရင်တော့ ယူအန် အသိအမှတ်ပြု မခံရတဲ့ ရွှေဝါရောင်တော်လှန်ရေးမှာ ပါ၀င်ခဲ့တဲ့ ရဟန်းတော် အနေနဲ့ အခု အခက်ကြံုတွေ့ ရနိုင်ပါတယ်။ ဗမာပြည်ပြန်ပို့ခံရရင် နှစ်ရှည် ထောင်ဒဏ်တွေ ချမှတ်ခံရနိုင်ပါတယ်” ဟု ဦးဇင်းက ပြောသည်။

သို့သော်လည်း နောက်ထပ် မြန်မာနိုင်ငံမှ ရဟန်းတော်များကို ဆက်လက် ဖမ်းဆီးမူ ရှိမရှိကို စောင့်ကြည့်ရအုံးမည် ဖြစ်ကြောင်း ဦးဇင်းသီလဝံသက မိန့်ကြားသွားသည်။

Most read this week