မောင်တောမြောက်ပိုင်း ဆန်ရှားပါးမှုနှင့့် ရင်ဆိုင်

မောင်တောမြောက်ပိုင်း ဆန်ရှားပါးမှုနှင့့် ရင်ဆိုင်
မောင်တောမြို့နယ်အတွင်းရှိ ရေတွင်းပြင်၊ ဦးရှဉ်ကျ နှင့် ငခူရကျေးရွာများတွင် ဆန်စပါး ရှားပါးမှု နှင့် ရင်ဆိုင်နေရကြောင်း ၎င်းဒေသမှ ကျေးရွာကောင်စီ အဖွဲ့ဝင်တဦး၏ ပြောပြ ချက်အရ သိရှိရ ...

မောင်တောမြို့နယ်အတွင်းရှိ ရေတွင်းပြင်၊ ဦးရှဉ်ကျ နှင့် ငခူရကျေးရွာများတွင် ဆန်စပါး ရှားပါးမှု နှင့် ရင်ဆိုင်နေရကြောင်း ၎င်းဒေသမှ ကျေးရွာကောင်စီ အဖွဲ့ဝင်တဦး၏ ပြောပြ ချက်အရ သိရှိရသည်။

၎င်းဒေသများမှ ထုတ်လုပ်သော ဆန်စပါးများသည် ဒေသခံများအတွက် မလုံလောက် သဖြင့် တခြားဒေသများမှ ဆန်စပါးများသယ်ယူစားသုံးနေရသည်ကို အချို့သော စီးးပွါး ရေးသမားများက အခွင့်ကောင်းယူပြီး မယကနှင့် ပူးပေါင်းပြီး ၎င်းဒေသများသို့ ဆန်များကို စက်လှေများဖြင့် သယ်ယူ ရောင်း ချလျက်ရှိ ကြောင်း ၎င်း ရယကအဖွဲ့ဝင်မှပင် ဆက်လက် ပြောပြသည်။

ထိုသို့ရောင်းချရန်အတွက် ဆန်များကို မောင်တောမြို့နယ်မှ ၎င်းဒေသသို့ သယ်ယူရာ တွင် နယ်စပ်လုံခြံုရေးကင်းစခန်းတခု ဖြစ်သော ရွှေဇားကျေးရွာအုပ်စုရှိ ကညင်ချောင်း နစက ကင်းစခန်း ကို ဖြတ်သန်းရပြီး၊ ၎င်းစခန်မှ ဗိုလ်ကြီး အောင်ထွန်းမြင့်သည် သြဂုတ်လ ၁၀ ရက် နေ့တွင် ဖြတ်သန်းသွား သော အဆိုပါဆန် စက်လှေ သုံးစီနှင့်အတူ ဆန်အိတ် ၂၀၀ ကျော် ကို ဖမ်းဆီးထားပြီး သြဂုတ်လ ၁၅ ရက် နေ့တွင် ငွေ ကျပ် ၁၅ သိန်း ယူပြီး လွတ် ပေးခဲ့ကြောင်း မယကရုံး၏ အကျိုးတော် ဆောင်တဦး၏ ပြောပြချက်အရ သိရှိရသည်။

စီးပွါးရေးသမားများသည် ကညင်ချောင်းနစကကင်းစခန်းမှ စက်လှေများကို ရရှိပြီး၊ ဆန်များကို စစ်ဆေးကြည့်ရာ များစွာသောဆန်အိတ််များသည် မိုးရေစိုစွတ်ပြီး ပျက်စီး သွားကြောင်း၊ ၎င်းဒေသအတွင်းသို့ အချိန်မီ မေပေးနိုင်၍ ကုန်သည်များသည် ဆန်စျေးနှုန်း ကိုအဆမတန်မြှင့်တင်မှုကြောင်း ဆင်းရဲသားပြည်သူများ အငတ်ဘေးနှင့် ကြံုတွေ့နေရ ကြောင်း ၎င်း မယက အကျိုးဆောင်မှပင် ဆက်လက်ပြောဆိုသည်။

ထို့အတူ နစက နယ်မြေ ၄ ၏ နယ်မြေမှုး ဗိုလ်မှုး သန်းနိုင်သည် လွန်ခဲ့သောလမှစ၍ ၎င်းနယ်မြေတွင် ဆန် ရောင်းဝယ်ခြင်းကို ပိတ်ပင်ထားပြီး၊ ၎င်းကိုယ်တိုင် ဆန်များကို မောင်တောမြို့မှ သယ်ယူ လာပြီး၊ ယခင်ဆန်စျေးနှုန်းထက်ပိုမိုစျေးတင်ပြီး ရောင်းချနေ၍ ကျေးရွာပြည်သူများအတွက် များစွာ အခက်အခဲနှင့်ရင်ဆိုင်နေကြောင်း ကုန်သည်တဦး၏ ပြောပြချက်အရ သိရှိရသည်။

Most read this week