ထိုင်း-မြန်မာနယ်စပ် ရနောင်းမြို့တွင် တရားမဝင် ဝင်ရောက်လာသည့် ရိုဟင်ဂျာလူမျိုး အယောက် ၅၀ ကျော်ကို ထိုင်းစစ်တပ်တို့က ဖမ်းဆီး ထားပြီး ၄င်းတို့ကို ပြန်ပို့ရန်အတွက် နေရပ်မသိသောကြောင့် အချုပ် ခန်းထဲတွင် တစ်လကျော် ချုပ်နှောင်ထားရဆဲဖြစ်သည်။
“ရိုဟင်ဂျာ အယောက် ၅၀ ကျော်လောက်က ရနောင်းမှာ ထိုင်းစစ်တပ် တွေက ဖမ်းဆီးထားတယ်၊ သူတို့တွေကို နေရပ်ပြန်ပို့ဖို့ရှိတယ်။ ဒါပေမယ့် သူတို့ကို ပြန်ပို့ဖို့က ဘယ်ကိုပို့ရမှန်းမသိတော့ အခုလောလောဆယ်မှာ ရနောင်းအချုပ်ခန်းထဲမှာ ချုပ်ထားရတာ တစ်လကျော်သွားပြီး” ဟု ကော့ သောင်းမြို့ခံတစ်ဦးက ပြောသည်။
၄င်းရိုဟင်ဂျာလူမျိုးများသည် ရခိုင်ပြည်နယ်မြောက်ပိုင်းမှ လှေငယ်က လေးဖြင့် ရနောင်းသို့ ခိုးဝင်လာပြီး ထိုမှတဆင့် မလေးရှားနိုင်ငံကို ပွဲစား မှတဆင့် ဝင်ရောက်ရန်ကြိုးပမ်းနေကြသည်ဟု ၄င်းကော့သောင်း မြို့ခံက ဆက်ပြောသည်။
“သူတို့ကို ဖမ်းထားတာဟာ တစ်လကျော်ရှိသွားပြီး၊ ဘယ်ကိုပို့ရမှန်းမသိ တော့ ထိုင်းအစိုးရက အချုပ်မှာပဲ ကျေးမွေးပြီးတော့ ဆက်ချုပ်ထားရ တယ်”ဟု အချုပ်ခန်းထဲမှာ ရိုဟင်ဂျာတွေကို မြင်တွေ့ခဲ့သူတစ်ဦးက ပြောပြသည်။
ဇန်နဝါရီလ ၃၀ ရက်နေ့ထုတ်မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြထား သည်မှာ ပြည်တောင်စုမြန်မာနိုင်ငံတော်ရှိ တိုင်းရင်းသားလူမျိုးစု ၁၀၀ ကျော်တွင် ရိုင်ဟင်ဂျာဟူသည့်လူမျိုး ပါဝင်ခြင်းမရှိပါ။
ထို့အတူ ထိုင်းနိုင်ငံက ထုတ်ပြန်ခဲ့သော သတင်းထုတ်ပြန်ချက်တွင်လည်း အဆိုပါ ထိုင်းနိုင်ငံသို့ ပင်လယ်ရေကြောင်းမှ တရားမဝင် ဝင်ရောက်ရန် ကြိုးပမ်းခဲ့သူများသည် မြန်မာနိုင်ငံမှဖြစ်သည်ဟူ၍ ဖော်ပြထားခြင်း မရှိပါ ဟုလည်း အစိုးရပိုင်သတင်းစာမှာ ဖော်ပြထားသည်။
ရိုဟင်ဂျာလူမျိုးများ ထိုင်းနိုင်ငံသို့ တရားမဝင်ဝင်ရောက်လာနေခြင်းသည် ထိုင်းနိုင်ငံအနေဖြင့် ဒုက္ခသည်စခန်းဖွင့်ပြီး လက်ခံထားမည်မဟုတ်ဘဲ နေ ရပ်သို့ ပြန်ပို့မည်ဖြစ်ကြောင်း ထိုင်းအစိုးရက တရားဝင်ကြေညာထား ကြောင်းကိုလည်း မဇ္စျိမသတင်းဌာနမှာ ဖော်ပြထားသည်။
လွန်ခဲ့သည့် ဇန်နဝါရီလတွင် ဗီအိုအေသတင်းဌာနမှာဖော်ပြထားသည်မှာ ရခိုင်ပြည်နယ်မြောက်ပိုင်းက ရိုဟင်ဂျာမွတ်ဆလင်ဘာသာဝင် အယောက် ၄၀ ကျော်ကို ထိုင်းနိုင်ငံ ရနောင်းမြို့အနီးက ကျွန်းတကျွန်းမှာ ထိုင်းကမ်း ခြေစောင့်တပ်တွေက ဖမ်းဆီးလိုက်သည်။
၄င်းရိုဟင်ဂျာတို့သည် ထိုင်းနိုင်ငံသို့ ခိုးဝင်လာရသည်မှာ အာဏာပိုင်တေ ွက လယ်ယာမြေသိမ်းယူမှု အဓမ္မလုပ်အားပေးစေခိုင်းမှုနှင့် လွတ်လပ်စွာ ခရီးသွားလာပြီး စီးပွားရှာခွင့်မရရှိမှု စသည့်လူ့အခွင့်အရေး ချိုးဖောက်မှု များကြောင့်ဟုလည်း ဗီအိုအေမှာ ဖော်ပြထားသည်။ အိမ်၊ မြေ၊ နွားများကို ရောင်းပြီး အရှည်ပေ ၃၀ လောက်ရှိသည့် စက်လှေတစင်းကို ကျပ်ငွေ ၁၂ သိန်းဖြင့် စုဝယ်ပြီး ထိုင်းနိုင်ငံကိုခိုးဝင်လာခြင်းဖြစ်သည်။
မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး အခြေနေနှင့် ရိုဟင်ဂျာအကျပ်အတည်း တို့အပေါ် ၁၄ ကြိမ်မြောက်အာဆီယံ စုံညီအစည်းအဝေးတွင် ရိုဟင်ဂျာ ဆိုသည်မှာ ဘဂါင်္လီလူမျိုးများသာဖြစ်၍ မြန်မာတိုင်းရင်းသားထဲတွင် မပါ ဝင်ကြောင်း မြန်မာစစ်အစိုးရ၏ နိုင်ငံခြားရေးဝန်ကြီးညီးဉာဏ်ဝင်းက ပြောခဲ့သည်။