ယမန်နေ့က မွန်ပြည်နယ်တွင် ၂၀၀၈-၂၀၀၉ ပညာသင်နှစ်အတွက် ဆယ်တန်းအောင်ချက် ၅၀ ရာခိုင်နှုန်းပြည့်မီ ကျောင်းများသို့ ဒုတိယဗိုလ်ချုပ်ကြီးခင်ဇော်က ကျောင်းအုပ်ဆရာ၊ ဆရာမများထံ ဆုငွေကျပ် ၁၀ သိန်းစီ ချီးမြှင့်ခဲ့သည်ဟု သိရသည်။
မော်လမြိုင်မြို့ မြို့တော်ခန်းမတွင် အခမ်းနားကျင်းပပြီး၊ ဗိုလ်ချုပ်ကြီးခင်ဇော်က “ကျောင်းသားတွေ ပညားရေမှာ ထက်မြက်အောင်ကြိုးစာဖို့လိုတယ်၊ ပညာရေးမှာ ထက်မြက်မှ အနာဂတ်နိုင်ငံရေးလည်း ကောင်းမယ်၊ ဒါကြောင့် ကျောင်းသူ၊ ကျောင်းသားတွေက အရည်းအချင်းပြည့်မီတဲ့ ကျောင်းသားတွေဖြစ်အောင် လုပ်ရမယ်” ဟု အခမ်းအနားတွင် ပြောသွားခဲ့သည်။
၂၀၀၈-၂၀၀၉ ပညာသင်နှစ်မှာ မွန်ပြည်နယ်မှ အထက်တန်းကျောင်းပေါင်း ၉၆ ကျောင်း တက္ကသိုလ်ဝင်စားမေးပွဲကို ဖြေဆိုခဲ့ပြီး၊ ၄င်းအနက် အောင်ချက် ၅၀ ရာခိုင်နှုန်းနှင့် ကျောင်းသား အယောက် ၁၀၀ အောင်မြင်ခဲ့သည့် ကျောင်းပေါင်း ၁၆ ကျောင်းရှိသည်။ အောင်ချက် ၅၀ ရာခိုင်နှုန်းပြည့်မီပြီး ကျောင်းသား အရေတွက် မပြည့်မီသည့်ကျောင်းပေါင်း ၁၃ ကျောင်းတို့ကို ဗိုလ်ချုပ်ကြီးခင်ဇော်က ယမန်နေ့တွင် ဆုငွေချီးမြှင့်ခဲ့သည်။
မော်လမြိုင်မြို့ရှိ ဆုငွေရခဲ့သည် ကျောင်းအုပ်ဆရာမကြီး တစ်ဦး၏ ပြောပြချက်အရ ကျောင်းတွေကို ပေးတဲ့ဆုငွေတွေက စီးပွားရေးလုပ်ငန်းရှင်တွေမှာ အလှုခံထားတဲ့ ငွေတွေဖြစ်တယ်။ မုဒုံမြို့မှ စီးပွားရေသမားများထံမှ ငွေသိန်း ၄၀ နှင့် သံဖြုုဇရပ်မှ ငွေသိန်း ၃၀ လှုဒါန်ခဲ့ရသည်ဟု ပြောသည်။
“အစိုးရက သူတို့ပိုက်ဆံနဲ့ ဆုငွေပေးသလိုလုပ်တယ်၊ အမှန်က မွန်ပြည်နယ်မှာရှိတဲ့ စီးပွားရေးသမားတွေထံမှာ ပိုက်ဆံတောင်းပြီးတော့ ကျောင်းတွေကို ဆုငွေချလိုက်တာပဲ၊ ကျောင်းသားတွေ အောင်ချက်ကောင်းဖို့အတွက် ဒီငွေ ၁၀ သိန်းနဲ့ ဘယ်လိုမှမလောက်ဘူး ကျွန်မတို့က ကျောင်းသားတွေဆီမှာပဲ ပြန်ကောက်ရအုံးမယ်” ဟု ၄င်းကျောင်းအုပ်ဆရာမကြီးက ဆက်ပြောသည်။
ယမန်နေ့ အခမ်းအနားတွင် စီးပွားရေးလုပ်ငန်ရှင်များ၊ မြို့နယ်အလိုက် ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ကြသည်ဟု သိရသည်။
“ကျွန်တော်တို့က စီးပွားရေးသမားဆိုတော့ အာဏာပိုင်တွေနဲ့ အဆင်ပြေအောင်တော့ ပေါင်းရတယ်၊ သူတို့တောင်းတဲ့ငွေကိုလည်း ပေးရတယ်။ သူတို့က အလှုခံလိ့ုပြောပြီးတောင်းတာ ကိုယ်က မပေးပြန်ရင်လည်း မကောင်းဘူး” ဟု မုဒုံမြို့နယ်ရှိ စီးပွားရေး လုပ်ငန်ရှင်တစ်ဦးက ပြောသည်။
ယခုနှစ် ၁၀ တန်းအောင်စာရင်းကို အရင်နှစ်ကထက် စောစွာထုတ်ပြန်ခဲ့ပြီး မွန်ပြည်နယ်သည် တနိုင်ငံလုံးတွင် အောင်ချက်အမြင့်ဆုံးအဖြင့် အောင်မြင်ခဲ့သည်။ ထို့အတူ မုဒုံမြို့လည်း မြို့နယ်အလိုက် အောင်ချက်အမြင့်ဆုံးဖြစ်ပြီး တခွန်တိုင် အထက်တန်ကျောင်းသည် မုဒုံမြို့နယ်မှာ အောင်ချက် အမြင့်ဆုံးကျောင်းအဖြစ် အောင်မြင်ခဲ့သည်။
ယမန်နှစ်က တနသာင်္ရီတိုင်းသည် တစ်နိုင်ငံလုံးတွင် ပထမ၊ မွန်ပြည်နယ် ဒုတိယနှင့် ရန်ကုန်တိုင်းက တတိယအောင်ချက်အမြင့်မာဆုံးဖြင့် အောင်မြင်ခဲ့ကြသည်။