မြန်မာစစ်အစိုးရက ဒေါ်စုကိုလည်း နေအိမ်အကျယ်ချုပ်မှ လွှတ်ပေးသင့်ကြောင်း NLD ပြောဆို

မြန်မာစစ်အစိုးရက ဒေါ်စုကိုလည်း နေအိမ်အကျယ်ချုပ်မှ လွှတ်ပေးသင့်ကြောင်း NLD ပြောဆို
by -
ပနွတ်ကျား
မြန်မာစစ်အစိုးရက အမေရိကန်နိုင်ငံသား ဂျွန်ဝီလျံယက်တောကို လွှတ် ပေးလိုက်သကဲ့ နေအိမ်အကျယ်ချုပ် ချခံရသည် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း လွှတ်ပေးသင့်ကြောင်း အမျိုးသားဒီမိုက ရေစီဖွဲ့ချုပ် (NLD) က ပြော ...

မြန်မာစစ်အစိုးရက အမေရိကန်နိုင်ငံသား ဂျွန်ဝီလျံယက်တောကို လွှတ် ပေးလိုက်သကဲ့ နေအိမ်အကျယ်ချုပ် ချခံရသည် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း လွှတ်ပေးသင့်ကြောင်း အမျိုးသားဒီမိုက ရေစီဖွဲ့ချုပ် (NLD) က ပြောသည်။

လွန်ခဲ့သည့် သြဂုတ်လ (၁၄) ရက်နေ့တွင် မြန်မာနိုင်ငံသို့ သွားရောက်ခဲ့ သည့် အမေရိကန်အထက်လွှတ်တော်အမတ် မစ္စတာဂျင်မ်ဝက်(ဘ်) ဗိုလ် ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံပြီး ဒေါ်အောင်ဆန်းစုကြည် နေအိမ်ခြံဝင်းအ တွင်းသို့ ခိုးဝင်မှုဖြင့် ထောင်ဒဏ် (၇) နှစ် ကျခံရသည့် အမေရိကန်နိုင်ငံ သား ဂျွန်ဝီလျံယက်တောကို လွှတ်ပေးခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောရခွင့်ရပုဂ္ဂိိုလ် ဦးညာဏ်ဝင်းက “မြန်မာ စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်အမှုမှာ တကယ့်အဓိက ပုဂ္ဂိုလ်ကို တောင် လွှတ်ပေးလိုက်ပြီဆိုတော့ ဒေါ်စုကိုလည်း သူတို့ လွှတ်ပေးသင့် တယ် “ ဟု ပြောသည်။

မြန်မာစစ်အစိုးရက ဂျွန်ဝီလျံယက်တောအား လွတ်ပေးပြီး အမှုနဲ့ ဆက်စပ် နေသည့် ပုဂ္ဂိုလ်များအား ဗကတိအတိုင်း ဆက်လက်ထားရှိခြင်းမှာ လုံးဝမ သင့်လျော်သည့် အခြေအနေဖြစ်သည်ဟု ဦးညာဏ်ဝင်းက ဆက်ပြော သည်။

အမေရိကန်အထက်လွှတ်တော်အမတ် မစ္စတာဂျင်မ်ဝက်ဘ် မြန်မာနိုင်ငံသို့ (၂) ရက်ကြာခရီးစဉ်တွင် မြန်မာ့ဒီမိုကရေစီခေါင်ဆောင်း ဒေါ်အောင်ဆန်း စုကြည်၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ NLD နှင့် တိုင်းရင်းသားပါတီများအား သီးခြားတွေ့ဆုံခဲ့သည်။

မစ္စတာဂျင်မ်ဝက်ဘ်က ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် တွေ့ဆုံစဉ် ဒေါ်အောင် ဆန်းကြည်အား လွှတ်ပေးရန် တောင်းဆိုးခဲ့သည်ဟု ထိုင်းနိုင်ငံတွင် ပြု လုပ်သည့် ၄င်းဧ။်သတင်စာ ရှင်းလင်းပွဲတွင် ထုတ်ဖော်ပြောကြားခဲ့သည်။

အမေရိကန်အထက်လွတ်တော်အမတ် မစ္စတာဂျင်မ်ဝက်ဘ်က မြန်မာနိုင် ငံမှာ ဖြစ်ပျက်နေသည့် အခြေအနေတွေကို  လေ့လာဖို့လာနှင့် မြန်မာနိုင် ငံအပေါ်မှာ ထားရှိတဲ့ အမေရိကန်ရဲ့ပေါ်လစီတွေကို အပြောင်းအလဲတစ်ခု လုပ်ဖို့  မြန်မာပြည်ကို လာတာဖြစ်သည်ဟု  ရခိုင် အမျုုိးသားဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်နှင့် လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPP) အတွင်းရေးမှုး ဦးအေးသာအောင်က ပြောသည်။

“မစ္စတာ ဂျင်မ်ဝက်ဘ် မြန်မာပြည်ကို မလာလည်း မြန်မာအစိုးရက ဂျွန်ဝီ လျံယက်တောကို နယ်နှင်ဒဏ် ပေးမှာပဲ၊ ဂျင်မ်ဝက်ဘ်လာလို့ ယတ်တော ကို လွှတ်ပေးလိုက်တယ်လို့ မမြင်ဘူး။ ယက်တောကို ပြစ်ဒက်ချတာ မချ တာတစ်ပိုင်း အဓိကတော့ ဒေါ်အောင်ဆန်းစုကြည်ကို ဒီရွှေးကောက်ပွဲမ တိုင်ခင် တစ်နည်းနည်းနဲ့ သူတို့အပြင်ကိုမထွက်အောင် ထိမ်းသိမ်းထားဖို့ ရည်ရွယ်ချက်နဲ့ လုပ်တာပဲ” ဟု ဦးအေးသာအောင်က ဆက်ပြောသည်။

မြန်မာအစိုးရမှ နိုင်ငံခြားသားတစ်ဦးအား ဖမ်းဆီးထားခြင်းမှာ ၄င်းတို့အ တွက် ပိုမိုဖိအားပေးခံရဖွယ်ရှိ၍ ယက်တောအား လွှတ်ပေးလိုက်ခြင်းဖြစ် သည်ဟု မွန်ပြည်သစ်ပါတီဝင်ဟောင်းတစ်ဦးက ပြောသည်။

“မြန်မာစစ်အစိုးရမှ ယတ်တောကို ဖမ်းထားတာဟာ ဘာမှမထူးဘူး သူတို့ အတွက် ဘာမှ အဓိပ္ပာယ်မရှိဘူး ပြည်ပအတိုက်အခံတွေပဲ များလာမယ်။ ဒါကြောင့် လွှတ်ပေးတာ၊ ဒေါ်အောင်ဆန်းစုကြည်ကို အစိုးရက ဘယ်လိုမှ လွှတ်ပေးမှာမဟုတ်ဘူး” ဟု ၄င်းက ဆက်ပြောသည်။

Most read this week