နယ်ခြားစောင့်တပ်ဖွဲ့ မလုပ်ဟု မွန်ပြည်သစ်ပါတီ ပြော

နယ်ခြားစောင့်တပ်ဖွဲ့ မလုပ်ဟု မွန်ပြည်သစ်ပါတီ ပြော
by -
ခွန်အောင်မြတ်
နယ်ခြားစောင့်တပ်ဖွဲ့အဖြစ် အသွင်ပြောင်းလဲရန် လက်မခံနိုင်ဟု မွန်ပြည်သစ်ပါတီက ယနေ့ မြန်မာစစ်အစိုးရ အား တရားဝင် တုန့်ပြန်လိုက်သည်။ ၂၀၁၀ ရွေးကောက်ပွဲတွင် အာဏာရလာမည့် အစိုးရသစ်နှင့်သာ ဆွေးနွေးမည်ဟု မွန်ပြည်သစ် ပါတီ ပြုလုပ် ...

နယ်ခြားစောင့်တပ်ဖွဲ့အဖြစ် အသွင်ပြောင်းလဲရန် လက်မခံနိုင်ဟု မွန်ပြည်သစ်ပါတီက ယနေ့ မြန်မာစစ်အစိုးရ အား တရားဝင် တုန့်ပြန်လိုက်သည်။

၂၀၁၀ ရွေးကောက်ပွဲတွင် အာဏာရလာမည့် အစိုးရသစ်နှင့်သာ ဆွေးနွေးမည်ဟု မွန်ပြည်သစ် ပါတီ ပြု လုပ်သည့် အရေးပေါ် အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့သည်ဟု မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီတဦးက ပြော သည်။

“မွန်ပြည်သစ်ပါတီကတော့ ဒီမွန်ပြည်သူလူထုတွေရဲ့ သဘောတူညီချက်အပေါ်မှာ ဆန္ဒအပေါ် မှာ သူ တို့ဆက်ပြီးတော့ အမျိုးသားရေးအတွက် လှုပ်ရှားသွားမယ်။ အဲဒီဆန္ဒ သဘောထား ကတော့ သူတို့ မှာတော့ ရှိပါတယ်။ လက်နက်ချဖို့ကိစ္စရော ပြီးတော့ နယ်ခြားစောင့်တပ်ဖွဲ့ ပြောင်းဖို့ ကိစ္စရော လုံးဝ လက်မခံနိုင်ပါဘူး။ ဖြစ်လာမယ့် အဆိုးဆုံးအခြေအနေကိုပဲ ရင်ဆိုင်သွားမယ်။ အဆိုးဆုံး အခြေကျ တော့ ဒီအစိုးရကနေပြီးတော့ နိုင်ငံရေး စစ်ရေးအရ ဖိအားပေး လာနိုင်မယ့် အခြေအနေကို ပြောတာ ပါ။”

မြန်မာစစ်အစိုးရ ကျင်းပမည့် ၂၀၁၀ ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ရန် တိုက်တွန်း ချက်ကိုလည်း ငြင်း ပယ်ခဲ့သည်။ ၂၀၀၈ ခုနှစ်တွင် အတည်ပြုခဲ့သည့် မြန်မာစစ်အစိုးရ၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို မွန်ပြည်သစ်ပါတီ အသိမှတ်ပြု လက်မခံခဲ့ပေ။

မြန်မာစစ်အစိုးရ ကမ်းလှမ်းချက်ကို မွန်ပြည်သူလူထုနှင့် ရဟန်းသံဃာတော်များ၏ သဘောထား ဆန္ဒနှင့်အညီ ဆုံးဖြတ်ခြင်းဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။

“ဒီစစ်အစိုးရတင်ပြထားတဲ့ အချက်အလက်တွေအပေါ်မှာ ပြည်သူလူထုတွေအနေနဲ့ ရဟန်း သံဃာ တော်တွေနဲ့ပေါ့နော် လုံးဝလက်မခံနိုင်ဘူးဆိုတဲ့ အဖြေတခုကို ကျနော်တို့ရလာခဲ့ တယ်။ ပြီးတော့ ကျ နော်တို့ရဲ့သဘောကတော့ ငြိမ်းချမ်းရေးလည်း မပျက်စေချင်ဘူး။ နိုင်ငံရေး ပြဿနာကို နိုင်ငံရေး နည်းလမ်းနဲ့ပဲ ဖြေရှင်းဖို့ ဆိုပြီးတော့ သူတို့အကြံပေးထားတယ်။ တိုက်တွန်းချက်တွေ သဘောတူညီ ချက်လေးတွေပေါ့နော်။ သူတို့သဘောဆန္ဒလေးတွေ တင်ပြလာတယ်။ အဲဒီ အဲဒီတင်ပြလာတဲ့ အပေါ် မှာပဲ မွန်ပြည်သစ်ပါတီက ဆုံးဖြတ်ချက်ချ လိုက်တာ။”

မြန်မာစစ်အစိုးရက နယ်ခြားစောင့်တပ်ဖွဲ့ သို့မဟုတ် ပြည်သူ့စစ်အသွင်ပြောင်းရန် ဖိအားပေး လာပြီးနောက် မွန် ပြည်သစ်ပါတီက ဗဟိုကော်မတီ အရေးပေါ်အစည်းအဝေးကို ရေးချောင်းဖျားရှိ ဌာနချုပ်တွင် ဇူလိုင်လ ၂၇ ရက် နေ့မှ သြဂုတ်လ ၁ ရက်နေ့ အထိ ကျင်းပ ခဲ့သည်။

မြန်မာစစ်အစိုးရထံ မွန်ပြည်သစ်ပါတီ၏ ဆုံးဖြတ်ချက်သဘောထားကို ယနေ့ ကျရောက်သည့် (၆၂) ကြိမ် မြောက် မွန်အမျိုးသား တော်လှန်းရေးနေ့တွင် တရားဝင် ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

မွန်အမျိုးသားအတွက် ကိုယ်ပိုင်ပြဌာန်းခွင့် အာမခံချက် မရှိဘဲ ပါတီနှင့်တပ်ခွဲထားခြင်း၊ ဖျက်သိမ်းခြင်းကို လက်ခံ မည်မဟုတ်ကြောင်း အပစ်ရပ်စဲရေးကို ဆက်လက်ထိန်းသိမ်းပြီး တွေ့ဆုံဆွေးနွေးခြင်းဖြင့် နိုင်ငံရေးပြဿနာကို ဖြေရှင်းသွားရန် လက်ရှိအစိုးရ၊ အနာဂတ် အစိုးရသစ်နှင့် ရပ်တည်တောင်းဆိုသွားမည်ဟု ယနေ့ထုတ်ပြန်သည့် ကြေညာချက်တွင် ပါရှိသည်။

နယ်ခြားစောင့်တပ်ဖွဲ့၏ တပ်တတပ်တွင် အရာရှိအဆင့် ၁၈ ဦး အပါအဝင် အင်အား ၃၂၆ ဦး သတ်မှတ်ထားပြီး၊ အုပ်ချုပ်ရေး၊ တပ်ရေး၊ တပ်ထောက်စသည့် အရေးပါသည့် ရာထူး နေရာ များကို စစ်အစိုးရတပ်မှ အရာရှိ ၃၀ ခန့် ပါ၀င်မည် ဖြစ်သည်။

မြန်မာစစ် အစိုးရက ၀ပြည်သွေးစည်းညီညွှတ်ရေးပါတီ၊ ကချင်လွတ်လပ်ရေးအဖွဲ့၊ ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း) စသည်အဖွဲ့တို့ကို နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲ ဖွဲ့စည်းရန် ဆွေးနွေးခဲ့သော်လည်း ငြင်း ပယ်ခြင်း ခံခဲ့ရသည်။

Most read this week