ကြက်ဥအတုများ နယ်စပ်ဒေသမှ မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်

ကြက်ဥအတုများ နယ်စပ်ဒေသမှ မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်
ဓာတုဗေဒနည်းဖြင့် ပြုလုပ်ထားသော ကြက်ဥအတုများ နယ်စပ်ဒေသမှတဆင့် ဝင်ရောက်ကာ မြန်မာနိုင်ငံ နယ်စပ်ဒေသတချို့နှင့် အချို့ ပြည်တွင်း စျေးကွက်အတွင်းသို့ ဝင်ရောက်ကာ ရောင်းချလျှက်ရှိကြောင်း ယနေ့ထုတ် အစိုးရပိုင် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြ ...

 
ဓာတုဗေဒနည်းဖြင့် ပြုလုပ်ထားသော ကြက်ဥအတုများ နယ်စပ်ဒေသမှတဆင့် ဝင်ရောက်ကာ မြန်မာနိုင်ငံနယ်စပ်ဒေသတချို့နှင့် အချို့ပြည်တွင်းစျေးကွက်အတွင်းသို့ ဝင်ရောက်ကာ ရောင်းချလျှက်ရှိကြောင်း ယနေ့ထုတ် အစိုးရပိုင် မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြထားသည်။
 
နယ်စပ်ဒေသမှာ ကြက်ဥအတု ဝင်ရောက်သည့်အကြောင်းနှင့် ပတ်သက်ပြီး၊ မြဝတီနှင့် မူဆယ်နယ်စပ် မှာရှိသည့် ကုန်သည်များကို မေးမြန်းရာတွင် အခုချိန်ထိ ဘာမှ မကြားရသေးကြောင်း ကော့သောင်းနယ်စပ်ဒေသရှိ မြို့ခံတစ်ဦးက ပြောသည်။
 
“ကျွန်မတို့က ကုန်ပစ္စည်းတွေကို ထိုင်းကနေ မြဝတီကို နေ့တိုင်းကုန်ပစ္စည်းချနေတယ်၊ ဒါပေမယ့် ကြက်ဥအတု ပေါ်လာပြီး မြန်မာပြည်ထဲကို သွင်းနေတာကိုတော့ အခုထိ ဘာမှာ မကြားရသေးဘူး” ဟု မြဝတီမြို့ ကုန်သည်တစ်ဦးက ပြောသည်။
 
ကြက်ဥအတုများမှာ မွေမြုုရေးကြက်များနှင့် ပုံစံတူပြီး ဒေသန္တရကြက်ဥ (အိမ်းမွေးကြက်ဥ) နှင့် အနည်းငယ် ကွဲပြားသည်။ ကြက်ဥအတု၏အကာပိုင်းကို ဘင်ဇိုရမ်အက်စစ်၊ ဂျယ်လီ၊ အမည်မသိဓာတုဆေးမှုန့်၊ ကော်ရည် ပြုလုပ်ရာတွင် ထည့်သွင်းအသုံးပြုသည့် ဓာတုပစ္စည်းများနှင့် မုန့်ဖုတ်ရာတွင်အသုံးပြုသော ဓာတုပေါင်ဒါများဖြင့် ရောစပ်ပြုလုပ်ထားပြီး၊ ၄င်း၏အနှစ်ကို အမည်မသိ အဝါရောင်ပေါင်ဒါမှုန့်အား အရည်တစ်မျိုးဖြင့် သမအောင်မွှေကာ ကယ်ဆီယမ်ကလိုရိုက်ဒ် ထည့်သွင်းဖျော်စပ်ထားသည့် Magic Water ခေါ် အရည်တစ်မျိုးဖြင့် ရောစပ်ပြုလုပ်ထားသည်။
 
ကြက်ဥအတု၏ အကာနှင့်အနှစ်ကို အဝိုင်းပုံသဏ္ဍာန်ရှိသည့် ပလတ်စတစ်ပုံသွင်းခွက်ထဲသို့ လောင်းထည့်ကာ ပုံသွင်းရကြောင်းနှင့် ကြက်ဥအကာနှင့်အနှစ်တို့အကြား ရောနှောသွားခြင်းမရှိစေရန် Magic Water က ပါးလွှာသောအမြှေးပါးအသွင်ဖြင့် ပိုင်းခြားပေးထားကြောင်း၊ ကြက်ဥအခွံကိုမှု ပါရာဖင်းဓာတ်ပါဝင်သော ဖယောင်းနှင့် အမည်မသိအဖြုုရောင်ဓာတုဆေးရည်တစ်မျိုးတို့ ရောစပ်ပြုလုပ်ပြီး ၄င်းအရည်ကို အပိုင်းပုံ သဏ္ဍာန်ပြုလုပ်ထားသော ပလတ်စတစ်ပုံစံခွက်အတွင်း ထည့်ထားသည့်အနှစ်အတုနှင့် အကာအတုများ အပေါ်သို့ လောင်းချ၍အချိန်အနည်းငယ်ကြာအောင် အခြောက်ခံထားပါက ကြက်ဥအစစ်နှင့် ထပ်တူထပ်မျှ အသွင်သဏ္ဍာန်တူသော ဓာတုဗေဒနည်းဖြင့် ပြုလုပ်ထားသည့် ကြက်ဥအတုကို ရရှိသည်ဟု သတင်းစာတွင် ဖော်ပြထားသည်။
 
၄င်းကြက်ဥအတုနှင့်အစစ်ကို ခွဲခြားရန်အတွက် ကြက်ဥအတုကို ခပ်ပြင်းပြင်း လှုပ်ကြည့်ပါက အဆန်ချောင် နေသည်ကို တွေ့ရပြီး ကြက်ဥအစစ်က အဆန်ချောင်ခြင်း မရှိဟု သိရသည်။ ကြက်ဥအတု၏အရောင်က ပိုရင့်ပြီး အတု၏အခွံသည် ဖယောင်းနှင့်ပြုလုပ်ထားခြင်းဖြစ်သည့်အတွက် ပိုမိုအလင်းပြန်ကြောင်း၊ ကြက်ဥများကို ပွတ်ကြည့်လျှင် အတု၏အခွံမျက်နှာပြင်က ပို၍ကြမ်းကြောင်း၊ ကြက်ဥကို ခွဲ၍ကြည့်ပါက အတု၏အနှစ်နှင့်အကာသည် သီးသန့်မနေဘဲ ရော၍သွားကြောင်း၊ အတု၏အခွံ၌ အမြှေးမပါဘဲ အစစ်၌ အမြှေးပါးကြောင်း၊ ပြုတ်လိုက်ပါက အတုသည် အစစ်ကဲ့သို့ အနှစ်နှင့်အကာသီးခြားမနေဘဲ ရော၍သွားကြောင်း တွေ့ရှိရသည်ဟု ၄င်းသတင်းစာတွင် ဖော်ပြထားသည်။
 
အဆိုပါ ကြက်ဥအတုကို လူကိုအဟာရဖြစ်စေသည့် ပရိုတိုန်းဓာတ် မပါဝင်ဘဲ ဓာတုပစ္စည်းများဖြင့် ပြုလုပ်ထားသောကြောင့် ကျန်မားရေးကို ထိခိုက်နိုင်သည်ဟု ဆေးပညာရှင်များက သတိပေးထားသည်။
 
မြန်မာအဏာပိုင်တွေကလည်း ကြက်ဥစားသုံးသူများအနေဖြင့် သတိပြုကြရန်နှင့် ၄င်းကြက်ဥအတုများ ရောင်းချနေသည်ကို တွေ့ရှိပါက စည်ပင်သာယာရေအဖွဲ့က သိမ်းဆည်းမည်ဖြစ်ကြောင်း ၎င်းသတင်စားက ရေးသားထားသည်။