ကရင်ပြည်နယ်ရှိ ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ) ထိန်းချုပ်ထားရာ တောင်ငူဒေသတွင် နအဖတပ်များ၏လှုပ်ရှားမှု ကြောင့် တောထဲတောင်ထဲသို့ ပုန်းအောင်းနေထိုင်ကြသည့် ကလေးလူငယ်များသည် အတန်းကျောင်းပညာကို ကောင်းမွန်စွာ သင် ယူခွင့်မရဘဲ အနာဂတ်ပညာရေးမှာ လမ်းစပျောက်နေသည်ဟု ဒေသခံများက ဆိုကြသည်။
တောင်ငူခရိုင်၊ သံတောင်နှင့် ထန်းတပင်မြို့နယ်အတွင်းမှ ကေအဲန်ယူ ထိန်းချုပ်ထားသည့်နေရာများတွင် ပြည်တွင်းဒုက္ခသည် ပေါင်း ၈‚၀၀၀ခန့်ရှိသည့်အနက် သုံးပုံတပုံမှာ အသက် ၅နှစ်နှင့် ၁၈နှစ်အကြား ကလေးလူငယ်များဖြစ်ပြီး ပညာသင်ကြားဆည်းပူး ချင်ကြသော်လည်း နယ်မြေမတည်ငြိမ်မှုအပြင် မိသားစုဝမ်းစာအတွက် ရုန်းကန်နေကြရသည်။
ယခု စာသင်နှစ်တွင် ထိုဒေသရှိ ကလေးသူငယ်များ အခြေခံစာ ရေးတတ်ဖတ်တတ်ရန်အတွက် စာသင်ကျောင်း အတည်တကျမရှိ ဘဲ အိမ်ခြေလေးငါးဆယ်လုံးခန့် တစု၊ စုစည်းကာ စေတနာရှိသည့် မိဘများက စာသင်ပေးနေကြကြောင်း ဆရာစောအယ်ဝါးက ယခုလို ပြောပြသည်။
“အခု အခြေအနေက အဲဒီဒေသမှာ အိမ်လေးငါးဆယ်လုံး တစုပေါ့။ ရေးတတ်ဖတ်တတ်တဲ့ မိဘတွေက သူတို့လက်လှမ်းမီတဲ့ စာ အုပ်တွေနဲ့ ကလေးတွေကို စာသင်ပေးနေကြတာ၊ တောင်ယာခင်းနားမှာတို့၊ ဖာလာခင်းနားမှာတို့ စုပြီးတော့ သင်ကြတာ။ မိဘတွေ ကလည်း သူတို့ကလေးတွေ ပညာအဆင့်မြင့်မြင့် မသင်ရသည့်တိုင် ရေးတတ်ဖတ်စေချင်တယ်”ဟု ကေအိုင်စီကို ပြောသည်။
ယင်းအခက်အခဲများကြားမှာ ကိုယ်တိုင်ဖြတ်ကျော်ရင်း ကလေး(၄)ယောက် မိ်ခင်လည်းဖြစ်၊ ဘူးခီးရွာတွင် ကလေးများကို စာသင် ပေးနေသည့် ဆရာမ နော်ကမွီးဖောက ကလေးလူငယ်များ၏ အနာဂတ်ပညာရေး လမ်းဆုံးမှာကို စိုးရိမ်နေသည်ဟု ဆိုသည်။
သူမက “နအဖ တပ်တွေ ကျမတို့ဒေသမှာလာရင် ရွာသားတွေကို သတ်တယ်။ ခြံတွေယာတွေ ဆုံးရှုံးပြီး ရွာတွေပျက်တော့ ကျမတို့ တောထဲမှာ လိုက်ပုန်းနေထိုင်ရတယ်။ ကျန်းမာရေး၊ အစားအစာ၊ နေထိုင်ရေး အခက်အခဲတွေ အမျိုးမျိုး ရင်ဆိုင်ရတယ်။ ဒါ့အပြင် ကလေးတွေ ပညာရေး လမ်းစပျောက်နေတယ်။ သူတို့ကို စာတတ်မြောက်စေချင်တယ်။ စာဖတ်တတ်ရေးတတ်ဖို့အပြင် သူတို့ အရွယ်ရောက်ရင် အမှားအမှန်ဝေခွဲတတ်ဖို့ ကျမ တတ်နိုင်သလောက် စာသင်ပေးနေတာပါ”ဟု ရင်ဖွင့်ပြောဆိုခဲ့သည်။
ယင်းအခြေခံအတန်းပညာကို အောင်မြင်သွားသည့် ကလေးလူငယ်များသည် အတားအဆီး၊ အခက်အခဲအမျိုးမျိုးကြောင့် ကျောင်း ဆက်မတက်နိုင်ဘဲ မိဘများ၏အလုပ်ကို ပြန်ဝိုင်းကူကြရသည်ဟု ဆရာစောအယ်ဝါးက ပြောသည်။
“အဲဒီဒေသမှာ နအဖ တပ်တွေက ဝင်ရောက်လှုပ်ရှားတော့ အလယ်တန်းတို့၊ အထက်တန်းကျောင်းတို့ ဖွင့်လို့မရဘူး။ မြို့မှာကျ တော့လည်း ကျောင်းစရိတ်ကလည်းကြီး။ လမ်းမှာ ကလေးတွေကို စစ်တပ်က ပေါ်တာဆွဲခေါ်သွားမလား မိဘတွေက စိတ်ပူကြ တယ်လေ။ အဲဒါကြောင့် ဆန်နှစ်ပြည်သုံးပြည် လွယ်နိုင်ပြီ။ တောင်ယာထဲက ပေါင်းပင်တွေ ရှင်းလင်းတတ်ပြီဆိုရင် ကျောင်းမတက် တော့ဘဲ မိဘအလုပ်ပဲ ကူလုပ်တော့တယ်”ဟု ဆိုသည်။
ထိုဒေသတွင် နအဖ တပ်များ ဝင်ရောက်လှုပ်ရှားသည့်အချိန်မှစ၍ ထွက်ပြေးတိမ်းရှောင်သည့် အဆိုပါဒုက္ခသည်များက ၎င်းတို့၏ ခြံများ၊ တောင်ယာများကို ကောင်းကောင်းမွန်မွန် မလုပ်စားနိုင်ခြင်းကြောင့် ဆန်စပါး ရှားပါးမှုပြဿနာက တနှစ်ထက်တနှစ် ပိုဆိုး လာသည့်အတွက် မိဘများကလည်း သားသမီးပညာရေးထက် မိသားစုစားဝတ်နေရေးကို အဓိကထားပြီး အာရုံပိုစိုက်ကြသည်။
တောင်ငူခရိုင်ရှိ ကေအဲန်ယူ ထိန်းချုပ်ထားရာ ဒေသများတွင် ယခင်က အလယ်တန်း၊ အထက်တန်းကျောင်းရှိခဲ့သော်လည်း ၂၀၀၆ ခုနှစ်မှစ၍ နအဖတပ်များ ထိုးစစ်ဆင်လာရာမှ တွေ့ရှိသမျှကျောင်းများကို မီးရှို့၊ အိုးအိမ်များ ဖျက်ဆီးကာ ထိုဒေသအတွင်း အခြေချ တပ်ဆွဲထားပြီး ဒေသတွင်း ကေအဲန်အယ်လ်အေတပ်များနှင့် မကြာခဏ တိုက်ပွဲဖြစ်ပွားခဲ့သည့်အတွက် အဆိုပါကျောင်းများမှာ ယခုအချိန်ထိ ပြန်မဖွင့်နိုင်ဘဲ ဖြစ်နေရသည်။
Published
Thursday, July 23, 2009 - 19:11
အိုင်ဒီပီကလေးများ အနာဂတ် ပညာရေး လမ်းစပျောက်နေ
ကရင်ပြည်နယ်ရှိ ကရင်အမျိုးသား အစည်းအရုံး(ကေအဲန်ယူ) ထိန်းချုပ်ထားရာ တောင်ငူဒေသတွင် နအဖတပ်များ၏လှုပ်ရှားမှု ကြောင့် တောထဲတောင်ထဲသို့ ပုန်းအောင်းနေထိုင်ကြသည့် ကလေးလူငယ်များသည် အတန်းကျောင်းပညာကို ကောင်းမွန်စွာ သင် ယူခွင့်မရ ...