ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့တွင် မြို့နယ်မယကဥက္ကဌက အစည်း ဝေးခေါ်ယူပြီး ကမ္ဘာ့လူတုပ်ကွေး A(H1N1) ကာကွယ်ရေး အသိပညာပေး ဆွေးနွေးပွဲပြုလုပ်ခဲ့ပါသည်။
မြန်မာအစိုးရ၏ အဖွဲ့ပေါင်းစုံ (၂၅) ဖွဲ့နှင့် ရပ်ကွက်လူကြီးများ တက် ရောက်ကြပါသည်။ ၄င်းအဖွဲ့ဝင်အချို့မှာ မြန်မာနိုင်ငံ မိခင်နှင့် ကလေး စောင့်ရှောက်ရေးအသင်း၊ မြန်မာအမျိုးသမီးများအသင်း၊ မီးသတ်တပ်ဖွဲ့၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း၊ ပညားရေးဌာနနှင့် ကျန် မားရေးဌာနတို့ ပါဝင်တက်ရောက်ကြသည်။
“ထိုင်းနိုင်ငံ စံခလပူရီမှာ ဝက်တုပ်ကွေးဖြစ်နေတာကြားပြီးတော့၊ မြို့နယ် မယကဥက္ကဌက အစည်းဝေးခေါ်ပြီးတော့ ဟောပြောပွဲလုပ်တယ်။ ဆေးရုံးက တာဝန်ရှိသူတွေလည်း ဝက်တုပ်ကွေးရောဂါနဲ့ ပတ်သက်ပြီး ရောဂါဖြစ်ရင် ဆရာဝန်နဲပြဖို့ ရောဂါကို ဘယ်လိုမျိုး ကာကွယ်ရပေးမယ်၊ ဘယ်လို နေထိုင်စားသောက်ရမယ်ဆိုတာကို ဟောပြောသွားတယ်” ဟု အစည်းဝေးကို တက်ရောက်ခဲ့သည့် ဘုရားသုံးဆူ ဒေသခံတစ်ဦးက ပြောသည်။
ဘုရားသုံးဆူမြို့သည် ထိုင်း-မြန်မာနယ်စပ်မြို့ကလေးတစ်မြို့ဖြစ်ပြီး၊ ကုန်သည် စီးပွားရေးသမားများနှင့် မြန်မာရွေ့ပြောင်းအလုပ်သမားများ နေထိုင်သည့် မြို့ကလေးတစ်မြို့လည်းဖြစ်သည်။ ထိုင်းနိုင်ငံမှ ၂၀ ကီလိုမီတာခန့်အဝေးတွင်ရှိပြီး၊ ဘုရားသုံးဆူမြို့ကို ထိုင်းဘက်ကမ်းနှင့် မြန်မာဘက်ကမ်းဟူ၍ သတ်မှတ်ထားသည်။
၄င်းဒေသရှိ မြန်မာရွေ့ပြောင်းအလုပ်သမားအများစုက ထိုင်းဘက်ကမ်းရှိ ဖိနပ်စက်ရုံ၊ အပ်ချုပ်စက်များမှာ အလုပ်လုပ်နေကြသလို၊ ဘန်ကောက် မှလာသည့် ခရီးသွားဧည့်သည်များနှင့်လည်း စည်ကားလှသည့် မြို့က လေးတစ်မြို့ဖြစ်သည်။
“ထိုင်းဘက်ကမ်းမှာ အလုပ်သွားလုပ်တဲ့ အလုပ်သမား တွေအများကြီး ရှိ တယ်။ ခရီးသွားတွေကလည်းများတယ်၊ ဒါကြောင့် မယကကနေ ကမ္ဘာ့လူ တုပ်ကွေးရောဂါ ဘုရားသုံးဆူမြို့တွင်းမှာ ကူးစက်ပြန့်ပွား သွားမှာစိုရိမ် လိ့ုပါ။ ကျန်မားရေးဌာနကလည်း မနေ့ကတည်းက ဘုရားသုံး ဆူမြို့အဝင် တွေမှာ စမ်းသပ်မှုတွေလုပ်နေတယ်။ ဒီနေ့လည်း တစ်နေ့လုံးပဲ လူဝင်လူ ထွက်တွေကို စမ်းသပ်နေတယ်” ဟု ဘူရားသုံးဆူမြို့မှ ကုန်သည်တစ်ဦးက ပြောသည်။
ထိုင်းနိုင်ငံ စံခလပူရီမှာ ဝက်တုပ်ကွေးရောဂါ ဖြစ်ပွားသူ တွေ့ရှိပြီးနောက် ပိုင်း ဘုရားသုံးဆူမြို့တွင်လည်း နှားခေါင်ပိတ် (Mask) တွေကို စျေးဆိုင်မှာ စတင်ရောင်းချနေသည်ဟု သိရသည်။
ယခုနှစ်အတွင်း ဘုရားသုံးဆူမြို့တွင် တုပ်ကွေးရောဂါဖြစ်ပွားသူ ယမန် နှစ်ကထက်များပြားလာသည်ဟု ကျန်းမားရေး ဝန်ထမ်းတစ်ဦးက ပြောသည်။
Published
Tuesday, July 21, 2009 - 16:54
နယ်စပ်ဒေသတွင် ကမ္ဘာ့လူတုပ်ကွေး A(H1N1) ကာကွယ်ရေး ဆွေးနွေးပွဲပြုလုပ်
ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့တွင် မြို့နယ်မယကဥက္ကဌက အစည်း ဝေးခေါ်ယူပြီး ကမ္ဘာ့လူတုပ်ကွေး A(H1N1) ကာကွယ်ရေး အသိပညာပေး ဆွေးနွေးပွဲပြုလုပ်ခဲ့ပါသည်။ မြန်မာအစိုးရ၏ အဖွဲ့ပေါင်းစုံ (၂၅) ဖွဲ့နှင့် ရပ်ကွက်လူကြီးများ တက် ရောက်ကြပါသည်။ ...