နအဖ စစ်တပ်များသည် ဇွန်လအစောပိုင်းမှစ၍ ကရင်ပြည်နယ်မြောက်ပိုင်း ညောင်လေးပင်ခရိုင်၊ မုံးမြို့နယ်အတွင်းသို့ ထပ်မံ ထိုးစစ်ဆင်လာသည့်အတွက် ဇူလိုင်လဆန်းပိုင်းတွင် ပြည်တွင်းဒုက္ခသည် (၅၀၀)ကျော် တောတောင်ထဲတွင် ထွက်ပြေးပုန်း ရှောင်နေရသည်ဟု သိရသည်။
အဆိုပါ ဒုက္ခသည်များသည် အစားအစာများ မလုံလောက်မှုနှင့် ရင်ဆိုင်နေရပြီး ယခုအချိန်တွင် မိုးတအားရွာသွန်းသည့်အ တွက် ကလေးငယ်အများစုမှာ နေထိုင်မကောင်းဖြစ်ကာ ဆေးကုသရန် ဆေးဝါးများလည်း လိုအပ်နေကြောင်း မြန်မာနိုင်ငံ လွတ်မြောက်ရေး ကူညီကယ်ဆယ်ရေးတပ်ဖွဲ့ (အက်ဖ်ဘီအာရ်)မှ ဇူလိုင် (၇)ရက်နေ့က သတင်းထုတ်ပြန်သည်။
အက်ဖ်ဘီအာရ် အဖွဲ့ဝင် စောဘောဘိုးက “အခုအချိန်မှာ မိုးရာသီဆိုတော့ ကလေးတွေအများစုမှာ ၀မ်းလျှောရောဂါဖြစ်တာ ပိုများတယ်။ ငှက်ဖျားကတော့ အမြဲတမ်းလိုလို ဖြစ်တယ်။ အဲဒါအတွက် ဆေးတွေလိုအပ်တယ်။ ကျနော်တို့အဖွဲ့လည်း ပြည် တွင်းမှာရှိတဲ့ ကျနော်တို့လုပ်ဖော်ကိုင်ဖက်တွေဆီကို ဆေးဝါးတချို့ကိုတော့ ပို့နေပါပြီ။ စားရေးသောက်ရေးကတော့ လုံ လောက်မှုမရှိသေးတဲ့အတွက် ရှိတဲ့အုပ်စုက မရှိတဲ့အုပ်စုတွေကို ဝေငှစားကြတယ်။ အဲဒီလိုမျိုးပဲ လုပ်နေရတာ”ဟု ကရင် သတင်းစဉ်ကို ပြောသည်။
နအဖ တပ်များသည် ထိုသို့ထွက်ပြေးပုန်းရှှောင်နေသည့် ပြည်တွင်းဒုက္ခသည်နေရာများအတွင်း ရက်သတ္တပတ်ကြာခန့်သာ ၀င် ရောက်လှုပ်ရှားကာ ပြန်ထွက်ခွာသွားလေ့ရှိသော်လည်း ၎င်းတို့ရောက်ရှိသည့် နေရာများတွင် မိုင်းများထောင်ထားခဲ့သည့်အ တွက် ဒုက္ခသည်ရွာသားများမှာ မိမိတို့နေအိမ်သို့ပြန်လည်နေထိုင်ရန် စိုးရွံ့နေကြသည်ဟု သိရသည်။
အက်ဖ်ဘီအာရ်၏ ထုတ်ပြန်ချက်ထဲတွင် နအဖတပ်များက မုံးမြို့နယ်အတွင်း ၀င်ရောက်လှုပ်ရှားစဉ် တွေ့ရှိသည့် ရွာသူရွာ သားများကို ဖမ်းဆီးကာ ၎င်းတို့၏ ကင်းလှည့်စစ်ကြောင်းနောက်ကို လိုက်ခိုင်းခြင်း၊ လမ်းပြခိုင်းခြင်း၊ ပစ္စည်းများထမ်းခိုင်းခြင်း များအပြင် ထိုဒေသခံ ရွာသား(၃)ဦးကိုပါ ပစ်သတ်ခဲ့သည်ဟု သိရသည်။
ယခုအချိန်တွင် နအဖ ခြေလျင်တပ်ရင်း(၃၅၁)၊ (၅၉၉)၊ (၅၉၀)နှင့် (၅၃) တပ်ဖွဲ့များက ညောင်းလေးပင်ခရိုင်၊ မုံးမြို့နယ်အ တွင်းတွင် အခြေချလှုပ်ရှားလျှက်ရှိသည်။
Published
Tuesday, July 14, 2009 - 22:11
ထိုးစစ်ကြောင့် ကရင်ရွာသူရွာသား (၅၀၀)ကျော် တိမ်းရှောင်နေရ
နအဖ စစ်တပ်များသည် ဇွန်လအစောပိုင်းမှစ၍ ကရင်ပြည်နယ်မြောက်ပိုင်း ညောင်လေးပင်ခရိုင်၊ မုံးမြို့နယ်အတွင်းသို့ ထပ်မံ ထိုးစစ်ဆင်လာသည့်အတွက် ဇူလိုင်လဆန်းပိုင်းတွင် ပြည်တွင်းဒုက္ခသည် (၅၀၀)ကျော် တောတောင်ထဲတွင် ထွက်ပြေးပုန်း ရှောင်နေရ ...