မွန်ပြည်နယ်၊ မုဒုံမြို့နယ်ရှိ ဝင်းဖနုံရေးလှောင်တမံ စီးဆင်းမှုကြောင့် လယ်ယာမြေများ မစိုက်ပျိုးနိုင်ပဲ ရေမြုပ်နေသည်ဟု သိရသည်။
“ဇွန်လ အစပိုင်းတုန်းက မိုးကြီးပြီးတဲ့နောက်ပိုင်းမှာ လယ်ဧက ၂၀၀ ကျော်ကျော်လောက် စိုက်ပျိုးလို့မရ်ဘူး၊ ရေးမြုပ်နေတယ်၊ ခုချိန် ကောက်စိုက်ဖို့ အချိန်ကလည်း ကုန်ခါနီနေပြီးလေ၊ ပျိုးထားတဲ့ အပင်တွေလည်း ရေထဲမျောပါကုန်ပြီး ပြန်လည်းမစိုက်နိုင်ဘူး “ ဟု မုဒုံမြို့ရှိ လယ်သမားတစ်ဦးက ကပြောသည်။
မိုးကြီးပြီးသည့်နောက်မှာ ဝင်းဖနုံရေးလှောင်တမံအနီးတစ်ဝိုက်ရှိ မြောင်းရေစီးဆင်းမှုကြောင့် ကလေ့ာသော့ကျေးရွာ၊ တောင်ပကျေးရွာ၊ ဒိုးမာကျေးရွာနှင့် ကွမ်ခပူကျေးရွာရှိ လယ်ယာမြေများက ကောက်မစိုက်နိုင်ပဲ ရေးမြုပ်နေသည်။
မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လယ်သမားများ ကြဲထားသည့် ပျိုးပင်များ ပျက်စီးကုန်ပြီး ရေးထဲတွင် မျောပါကုန်ကြသည် ဟုသိရသည်။
“ကျွန်တော်တို့က အခုချိန်မှာ လယ် (၈) ဧကရှိတယ်၊ (၁) ဧကလောက်ပဲစိုက်ပျိုးနိုင်တယ်၊ တခြားဒေသမှာရှိတဲ့ လယ်တော်တော်များကလည်း စိုက်ပြီးသလောက်ရှိနေပြီး၊ ကျွန်တော်တို့က မျိုးပင်ကို နောက်ထပ်တစ်ကြီမ် ပြန်ပြီးတော့ ပျိုးရမယ်ဆိုတော့ ပိုက်ဆံလည်းကုန် အချိန်လည်းကြာတယ်။ ကောက်စိုက်တာ နောက်ကျရင် ကောက်ရိတ်တဲ့အချိန်မှာ် အခက်ခဲဖြစ်တယ်ဟု” ဟု ဒိုးမာရွာမှ လယ်သမားတစ်ဦးက ပြောသည်။
၂၀၀၁ ခုနှစ်၊ မြန်မာအစိုးရ အာဏာပိုင်တို့က ဝင်းဖနုံရေးလှောင်တမံကို ဆောက်လုပ်ပြီးနောက် ထိုဒေသမှာ စီးဆင်းနေသည့် အဓိကချောင်းကို ပိတ်လိုက်သည်။ ချောင်း၏ ဘေးတဘက် တစ်ချက်တွင်လည်း လယ်ယာမြေများရှိပြီး မိုးရာသီရောက်သည့် အချိန်တွင် ရေးများ လျံကြလာကာ့ ချောင်းမှတဆင့် လယ်ကွက်ထဲသို့ လျံကြကုန်သည်။
ရေးလှောင်တမံပတ်ဝန်းကျင်တဝိုက်ရှိ ကျေးရွာတွင်လည်း မိုးရာသီချိန်တွင်် ရေးကြီးပြီး သွားလာရေး အခက်အခဲရှိသည်ဟု ၄င်းကျေရွာမှ ရွာသားတစ်ဦး၏ ပြောပြာချက်အရ သိရသည်။
“နွေရာသီမှာ ဝင်းဖနုံအနီးတဝိုက်မှာရှိတဲ့ လယ်တွေကို အစိုးကနေ နွေးစပါးလာစိုက်ထားတယ်၊ အဲဒီအချိန်မှာ ဆည်းကရေးတွေပဲ သုံးတာ၊ ဒါကြောင့်လယ်ယာမြေတွေက တစ်နွေးလုံးဆိုနေတော့ မြက်တွေပေါက်လာတယ်၊ မိုးရာသီရောက်ရင် လယ်သမားတွေ လယ်ပြန်လုပ်ဖို့ မြက်တွေကို ရှင်းရပြန်တယ်၊ သူတို့လုပ်ထားတာကလည်း နည်းမကျဘူးဆိုတော့ ခက်ခဲဖြစ်တာပေါ့” ဟု တောင်ပကျေးရွာမှ လယ်သမားတစ်ဦးက ပြောသည်။