နိုင်ငံရေး အကျဉ်းသားများ ဂုဏ်ပြုသီချင်း ဂျာမဏီ ဂီတအဖွဲ့က နယ်လှည့် သီဆိုမည်

နိုင်ငံရေး အကျဉ်းသားများ ဂုဏ်ပြုသီချင်း ဂျာမဏီ ဂီတအဖွဲ့က နယ်လှည့် သီဆိုမည်
by -
ဇော်ကြီး
မြန်မာနိုင်ငံမှ နိုင်ငံရေးအကျဉ်းသားများကို ဂုဏ်ပြုရေးဖွဲ့ထားသော ဆန့်ကျင်ကြ တိုက်ပွဲဝင်ကြဟု အဓိပ္ပါယ်ရ သည့် သီချင်းတပုဒ်ကို ဂျာမဏီဂီတအဖွဲ့တခုဖြစ်သော Durgas ဒါးဂက်စ် နယ်လှည့် အဖွဲ့က ထိုင်းမြန်မာနယ်စပ် မဲဆောက်ဒေသ၌ သီဆိုဖျော်ဖြေ ...

 
မြန်မာနိုင်ငံမှ နိုင်ငံရေးအကျဉ်းသားများကို ဂုဏ်ပြုရေးဖွဲ့ထားသော ဆန့်ကျင်ကြ တိုက်ပွဲဝင်ကြဟု အဓိပ္ပါယ်ရ သည့် သီချင်းတပုဒ်ကို ဂျာမဏီဂီတအဖွဲ့တခုဖြစ်သော Durgas ဒါးဂက်စ် နယ်လှည့် အဖွဲ့က ထိုင်းမြန်မာနယ်စပ် မဲဆောက်ဒေသ၌ သီဆိုဖျော်ဖြေမည်။
 
မနက်ဖြန်ကျရောက်မည့် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ (၆၄) နှစ်မြောက် မွေးနေ့ အား ဂုဏ်ပြုသောအားဖြင့် ယနေ့ည ရ နာရီအချိန်၌ မဲဆောက် အခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း AAPP ရုံးတွင် ထိုသီချင်းဖြင့် သီဆိုဖျော်ဖြေမည်ဖြစ်သည်။
 
ယင်းသီချင်း၏ အဓိပ္ပါယ်ကို နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (မြန်မာနိုင်ငံ) AAPP ၏ တွဲဖက်အတွင်းရေးမှူး ကိုဘိုကြည်က ယခုလိုပြောပြသည်။
 
“အဓိက ဆန့်ကျင်ကြ တိုက်ပွဲဝင်ကြလို့ အဓိပ္ပါယ်ရပါတယ်။ ကျနော်တို့ ဒီလှုပ်ရှားမှုကလည်း နှစ်အ တော်ကြာအောင် လှုပ်ရှားလာခဲ့ပြီ။ နောက်အဲဒီမှာ အဖမ်းခံခဲ့ရတဲ့သူတွေလည်း ရှိတယ်။ နောက် ဘဝ တွေ ဖြတ်သွားရတဲ့သူတွေလည်းရှိတယ်။ ဒါပေမယ့် ကျနော်တို့ ရှေ့ဆက်ပြီးတော့ ရင်ဆိုင် တိုက်ပွဲဝင် နေအုံးမယ်ဆိုတဲ့ အဓိပ္ပါယ်မျိုး သက်ရောက်ပါတယ်။ နိုင်ငံရေး အကျဉ်းသား တွေရဲ့ ကိုယ်စား စပ်ထား ပေးတာ။”
 
မဲဆောက်ဒေသတဝှိုက်ရှိ ထိုင်းစာသင်ကျောင်းများအပါအဝင် မြန်မာစာသင်ကျောင်းများ နှင့် ဒုက္ခသည်စခန်းများ သို့ သွားရောက် ဖျော်ဖြေရန်ရှိပြီး မနက်ဖြန် မယ်တော််ဆေးခန်းတွင် ဖျော်ဖြေပွဲ ပြုလုပ်မည် ဖြစ်သည်။
 
ယင်းအဖွဲ့သည် မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားမှုများအား ထောက်ခံပြီး မြန်မာနိုင်ငံရှိ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်စေရန် ရည်ရွယ်၍ ထိုသီချင်းအားစပ်ဆိုခဲ့ခြင်း ဖြစ်သည်။
 
ဒါးဂက်စ် အဖွဲ့သည် နိုင်ငံတကာရှိ ဒုက္ခသည်စခန်းများ၊ ရွှေ့ပြောင်းအလုပ်သမားထု အတွင်း နှင့် စာသင်ကျောင်း များ၊ HIV/AIDS နှင့် နေထိုင်ကြသူများ စသည့်နေရာများတွင် လူသားချင်း စာနာထောက်ထားသည့် အနေဖြင့် ၎င်းတို့တတ်ကျွမ်းသည့် အနုပညာနှင့် လှည့်လည် ဖျော်ဖြေပေးနေသည့်အဖွဲ့ ဖြစ်သည်။

Most read this week