၅ကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ထိပ်သီး သီးသန့်အစည်းအဝေး၌ ထိုင်းဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာ ယွတ်ချန်အိုချာက မဟာမဲခေါင်ဒေသခွဲနိုင်ငံများအနေဖြင့် လာမည့် ဆယ်စုနှစ်အတွင်း ဒေသတွင်း ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်သင့်သည့် အချက် ရချက်ကို အဆိုပြုခဲ့သည်။
ယင်း ရချက်သည် နယ်စပ်ဒေသ အထူးစီးပွားရေးဇုန် (Special Border Economic Zone-SBEZ)များကို စီးပွားရေး စင်္ကြံလမ်းများတွင် ထူထောင်ရန်၊ ဒေသ တွင်း ကုန်းလမ်းနှင့် ရေလမ်းဆက်သွယ်မှု အခြေခံအဆောက်အအုံများ တိုးမြှင့်တည်ဆောက်ရန်၊ နယ်စပ်ဖြတ်ကျော် ကုန်သွယ်ရာတွင် လုပ်ထုံး လုပ်နည်းများ ပိုမိုလွယ်ကူရှင်းလင်းအောင် ဆောင်ရွက်ရန်၊ လျှပ်စစ်စွမ်းအင် ထုတ်လုပ်မှုကို တိုးမြှင့်ရန်နှင့် အဖွဲ့ဝင် နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်ရန်၊ ဖွံ့ဖြိုးတိုးတက် မှုအတွက် လိုအပ်သော အရင်း အမြစ်များကို ဖော်ထုတ်စုစည်း အသုံးချရန် နှင့် နိုင်ငံတကာ အဖွဲ့အစည်း များကလည်း ပိုမိုကူညီရန်၊ ပုဂ္ဂလိက ကဏ္ဍ ရင်းနှီးမြှု ပ်နှံမှုကို မြှင့်တင်ရန်၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သဘာဝဘေး အန္တရာယ် များကို စနစ်တကျ စီမံခန့် ခွဲနိုင်ရေး ပူးပေါင်း ဆောင်ရွက်ရန် တို့ ဖြစ် သည်။
၅ကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ထိပ်သီး အစည်းအဝေးကို ထိန်းနိုင်ငံဘန်ကောက်မြို့၌ဒီဇင်ဘာလ ၁၉ရက်နှင့်၂၀ ရက်နှစ် ရက်တာ ကျင်းပခဲ့ခြင်းဖြစ်ပြီး မဲခေါင်ဒေသတွင်း နိုင်ငံများဖြစ်ကြသည့် မြန်မာအပါအဝင် ၆နိုင်ငံမှ အကြီးအကဲများဖြစ်သည့် သမ္မတ ဦးသိန်းစိန်၊ ထိုင်းနိုင်ငံ ဝန်ကြီးချုပ်၊ ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ်၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ဝန်ကြီးချုပ်၊ လာအိုပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံ ဝန်ကြီးချုပ်၊ ဗီယက်နမ် နိုင်ငံ ဝန်ကြီးချုပ် တို့နှင့်အတူ အာရှ ဖွံ့ဖြိုးရေးဘဏ်ဥက္ကဋ္ဌ Mr.Takehiko Nakao နှင့် မဟာမဲခေါင်ဒေသခွဲ နိုင်ငံများမှ အကြီးအကဲများ တက်ရောက်ကြသည်။