မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် ခြံစည်းရိုး နှစ်ကုန်အပြီးသတ်မည်

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် ခြံစည်းရိုး နှစ်ကုန်အပြီးသတ်မည်
by -
မဇ္စျိမ

မြန်မာနိုင်ငံ အနောက်ဘက်အခြမ်း ရခိုင်ပြည်နယ်၊ နယ်စပ် ခြံစည်းရိုးကာရံခြင်းကို ယခုနှစ်ကုန် အပြီးသတ်မည်ဟု ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ဆောက်လုပ်ရေးနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးလှဟန်က ပြောသည်။

ရခိုင်-ဘင်္ဂလားဒေ့ရှ်နယ်စပ် ဖြစ်သော မောင်တောမြို့၊ အနောက် ဘက်တွင် တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ထွက်မှုများကို တားဆီးနိုင်ရေးအတွက် မြန်မာအစိုးရဘက်က တည်ဆောက်နေခြင်းဖြစ်သည်။

“၉၀ ရာခိုင်နှုန်းကျော် ပြီးစီးနေပြီ ဒီလအတွင်းမှာ အပြီးသတ်မယ်” ဟု ဦးလှဟန်က ပြောသည်။ မြန်မာအစိုးရက မောင်တောနယ်စပ်ခြံစည်းရိုးကာရံခြင်းနှင့် ဆက်စပ် လုပ်ငန်းများအတွက် မြန်မာကျပ်ငွေ ၃၆ ဘီလီယံကျော် အသုံးပြုမည် ဟု ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့်က နိုဝင် ဘာလအတွင်းက ပြည်ထောင်စုလွှတ်တော်တွင် ဖြေကြားထားသည်။

နယ်စပ်ခြံစည်းရိုးကာရံခြင်းသည် တရားမဝင် ဝင်ထွက်မှုများကိုကာကွယ်နိုင်သော်လည်း အရေးပေါ်ကိစ္စ ရပ်များဖြစ်ပေါ်ပါကသွားလာနိုင်ရေးအတွက် လမ်းဖောက်ပေးသင့်သည် ရခိုင်ပြည်နယ်ရှေ့နေချုပ် ဦးသာပွင့် က ဆိုသည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် သည် ကီလိုမီတာ ၃၂၀ ကျော်ရှည်လျားပြီး နယ်စပ်ကင်းစခန်းဂိတ် ၁ မှ ဂိတ် ၆၅ ထိ ဖွင့်လှစ်ထားရှိသည်။ နယ်စပ် ဂိတ်တစ်လျှောက်တွင် နယ်ခြားစောင့်တပ်များကို နေရာချထားပြီး လုံခြံု ရေးကို ဆောင်ရွက်နေခြင်းဖြစ်သည်။

ရခိုင်-ဘင်္ဂလားဒေ့ရှ်နယ်စပ်သည် နယ်စပ်ခြံစည်းရိုးထက် ရေကြောင်း လုံခြံုရေးက အဓိကလိုအပ်သည်ဟုလည်း ပြည်နယ်လွှတ်တော် အမတ်အချို့က ဆိုသည်။

ပြည်နယ်အစိုးရအဖွဲ့ကမူ ရခိုင်ပြည်နယ် ရေကြောင်းလုံခြံုရေးအတွက် လက်နက် တပ်ဆင်ထားသော ကင်းလှည့်ရေယာဉ် နှစ်စင်းဖြင့်နိုဝင်ဘာမှ စတင်ဆောင်ရွက်နေသည်ဟု သတင်းထုတ်ပြန်ထားသည်။

မောင်တောနယ်စပ်ခြံစည်းရိုးကို မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ မြေပိုင်နက်အငြင်းပွားမှု၊ ရေပိုင်နက် အငြင်းပွားမှု၊ နယ်စပ်ဖြတ်ကျော် ဝင်ရောက်မှုများကို တားဆီးနိုင်ရေးအတွက် ၂၀၀၈ ခုနှစ်က စတင်ကာရံခဲ့ ခြင်း ဖြစ်သည်။

Most read this week