ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်မှု အနိမ့်ဆုံး နိုင်ငံများစာရင်း LDC မှ မြန်မာနိုင်ငံ ရုန်းထွက်နိုင်ရန် ကုလသမဂ္ဂက ကူညီပေးသွား မည် ဖြစ်ကြောင်း UN OHRLLS ၏ အထူးကိုယ်စားလှယ် Mr. Gyan Chandra Achya က ဒီဇင်ဘာလ ၁၀ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ ကုလသမဂ္ဂရုံးတွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားလိုက်သည်။
ယင်းသို့ ကူညီမှုများပြုလုပ်ရန် မြန်မာအစိုးရတာဝန်ရှိသူများနှင့် တွေ့ဆုံ ဆွေးနွေးမှုများပြုလုပ်ခဲ့ပြီး ၂၀၂၀ တွင် LDC စာရင်းမှ အပြီးသတ်ရုန်းထွက် နိုင်ရန်ကူညီပေးသွားမည်ဟု Mr. Gyan Chandra Achya က ဆိုသည်။
ထိုသို့ ကူညီမှုများပြုလုပ်ရာတွင် ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းများဖြစ်သည့်OHRLLS၊ UNDP၊ DESA၊ UNCTAD၊ ESCAP တို့ ပူးပေါင်း ကာ ထောက်ပံ့သွားမည် ဖြစ်သည်။
Mr. Gyan Chandra Achya က “မြန်မာနိုင်ငံမှာရှိတဲ့ လူသားအရင်း အမြစ်၊ ထိလွယ်ရှလွယ်တဲ့ ကိစ္စတွေ၊ ၀င်ငွေပမာဏကိစ္စတွေကို သုံးသပ်ဖို့ လာတာပါ”ဟု ၎င်းက ရှင်းလင်းသည်။
အစိုးရ တာဝန်ရှိသူများနှင့် ဆွေးနွေးပွဲရလဒ်များအရ မြန်မာနိုင်ငံသည် သုံးနှစ်အတွင်း LDC စာရင်းမှ လွတ်မြောက်ရန် အလား အလာကောင်းများ ရှိလာပြီဟုလည်း ၎င်းကသုံးသပ်သည်
မြန်မာအစိုးရထံမှ သတင်းအချက်အလက်များ ရရှိသော်လည်း လုံလောက်မှု မရှိသေးကြောင်း၊ အဓိက အချက်သုံးချက်ဖြစ်သည့် လူသားရင်းမြစ် ဖွံ့ဖြိုးတိုးတက်မှု၊ စီးပွားရေး၊ အစိုးရပြုပြင်ပြောင်းလဲမှုစသည့် အ ချက်များကို ကုလသမဂ္ဂက လေ့လာစောင့်ကြည့်ကာ ရရှိသော သတင်း အချက်အလက်များကို ထုတ်ပြန်သွား မည်ဖြစ်သည်။
“ရည်ရွယ်ချက်အရ ၂၀၂၀မှာ LDC က လွတ်မြောက်ချင်တယ်ဆိုရင် အခုကစပြီး တောက်လျှောက် တိုးတက်ဖို့လို အပ်ပါတယ်” ဟု ၎င်းက သုံးသပ်သည်
LDC စာရင်းဝင်နိုင်ငံဖြစ်ရန် မြန်မာနိုင်ငံသည် မဆလအစိုးရလက်ထက် ၁၉၈၇ ခုနှစ်တွင် စတင်လျှောက်ထားခဲ့ခြင်းဖြစ်ပြီး နိုင်ငံတွင် တင်ရှိနေခဲ့သော အကြွေးများကို လျှော်ပစ်နိုင်ရန်ထိုသို့ ကြိုးစားခဲ့ခြင်းဖြစ်သည်။ စာရင်းဝင် နိုင်ငံဖြစ်ရန် မိမိတိုင်းပြည် ဆင်းရဲကြောင်း နိုင်ငံတကာသို့ ဖြောင့်ချက်ပေးရပြီး ရှက်ဖွယ်ကိစ္စ ရပ်ကို မဆလ အစိုးရက ကျူးလွန်ခဲ့ခြင်းဖြစ်သည်ဟု နိုင်ငံရေးလေ့လာ သုံးသပ်သူ စာရေးဆရာ သန်းစိုးနိုင် က သုံးသပ်သည်။
“LDCက လွတ်မြောက်အောင် အကူအညီပေးတယ်ဆိုတာ ကောင်းပေမယ့် အစိုးရက အဲဒါကိုအသုံးချပြီးတော့ သူ့ရဲ့စီးပွားရေး လုပ်ငန်းတွေ အောင်မြင်သယောင်ယောင် ဖြစ်အောင်လုပ်တာဆို ရင်တော့ အခြေနေမှနနဲ့ မကိုက်ဘူးထင်တယ်ဗျ” ဟု စာရေးဆရာ သန်းစိုးနိုင်က ဝေဖန်သည်။