ဗိုလ်ချုပ် နှစ်တစ်ရာပြည့် အထိမ်း အမှတ်အကြို ဂုဏ်ပြုပွဲ ဗိုလ်ချုပ်ပန်းခြံတွင် ကျင်းပ

ဗိုလ်ချုပ် နှစ်တစ်ရာပြည့် အထိမ်း အမှတ်အကြို ဂုဏ်ပြုပွဲ ဗိုလ်ချုပ်ပန်းခြံတွင် ကျင်းပ
by -
မဇ္စျိမ

လာမည့် ၂၀၁၅၊ ဖေဖော်ဝါရီ ၁၃ ရက်တွင် ကျရောက်မည့် အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း၏ နှစ် ၁၀၀ ပြည့် အထိမ်းအမှတ် အကြို ဂုဏ်ပြုပွဲကို ရန်ကုန်အနောက်ပိုင်းခရိုင်၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ဦးဆောင်၍ ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ ရရက် နံနက်ပိုင်းတွင် ရန်ကုန်မြို့ နတ်ေ မာက်လမ်းရှိ ဗိုလ်ချုပ် ပန်းခြံတွင် ပြုလုပ်ခဲ့သည်။

အဆိုပါ ဗိုလ်ချုပ်အောင်ဆန်းရာပြည့် အထိမ်းအမှတ်ပွဲအခမ်းအနားကို ရန်ကုန် အနောက်ပိုင်းခရိုင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ဖွင့်လှစ်ထား သည့် အမေ့အိမ် ပညာဒါန ကျောင်းနှင့် ပန်းရဲ့လမ်းအဖွဲ့တို့က တက်ရောက် ဂုဏ်ပြုခဲ့ပြီး လူဦးရေ ၅၀၀ ခန့် ပါဝင်သည်။

Bo-Gyoke-3

နံနက် ၈ နာရီ တွင် ဗိုလ်ချုပ်ကြေးရုပ်ရှေ့တွင် အလေးပြုခြင်း၊ ဗိုလ်ချုပ်အောင်ဆန်း ဘဝဖြစ်စဉ်ကို ရေးစပ်ထား သည့် သီချင်းနှင့် ကဗျာများရွတ်ဆိုကာ ဂုဏ်ပြုခဲ့ပြီးနောက် ဒေါ်အောင်ဆန်းစုကြည် နေအိမ်သို့ သွားရောက်ကာ ကဗျာရွတ်ဆိုခြင်း၊ သီချင်းသီဆိုခြင်းများ ပြုလုပ်ခဲ့သည်။

အဆိုပါ ဂုဏ်ပြုပွဲတွင် ပါ၀င်သည့် ပန်းရဲ့လမ်းအဖွဲ့မှ ကိုသားထွေးက "ဒေါ်အောင်ဆန်းစုကြည်က မနေ့ကတည်းက ဗဟန်းကသူ့အိမ်ရှေ့ကိုလာဖို့ ကြိုပြောထား တာ၊ ဒေါ်စုစိတ်ဓာတ် တက်ကြွအောင် သွားအားပေး တဲ့သဘောပါ။ အဖွဲ့မှာ အမေ့အိမ် ပညာရေးကျောင်းက ကလေးတွေလည်း ပါတယ်တဲ့ အတွက် ဒေါ်စုက လက်ဆောင် ငွေငါးသောင်းပါတဲ့ စာအိတ်ကို ပြန်ပေးပါတယ် "ဟုပြောသည်။

ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ နှစ်၁၀၀ပြည့် အထိမ်းအမှတ်ပွဲများ ပြုလုပ်ရန် တိုင်းအစိုးရအဖွဲ့၊ တိုင်းရွေးကောက်ပွဲ ကော်မရှင်ထံ အသိပေး ပြီးဖြစ်သည်ဟု ရန် ကုန်တိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အလုပ်အမှုဆောင် အဖွဲ့ဝင် ကိုထွန်းမြတ်က ပြောသည်။

ယင်းအပြင် ဒီဇင်ဘာ ၈ရက် နံနက် ၈နာရီတွင်လည်း မဟာဗန္စုလပန်းခြံရှိ လွတ်လပ်ရေးကျောက်တိုင် အနီးတွင် ပြုလုပ်မည့်ဗိုလ်ချုပ်အောင် ဆန်းရာပြည့်အ ထိမ်းအမှတ် ဂုဏ်ပြုပွဲ ပြုလုပ်မည် ဖြစ်သည်။

၂၀၁၅ ခုနှစ် တစ်နှစ်ပတ်လုံးကို ဗိုလ်ချုပ်အောင်ဆန်း ရာပြည့်နှစ်အဖြစ် သတ်မှတ်ကာ အထိမ်းအမှတ်ပွဲများကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က မြို့နယ်အနှံ့ ကျင်းပသွားမည်ဖြစ်သည်။

Most read this week