အမျိုးသား ပညာရေး ဥပဒေကို ၂၀၁၅ အလွန် လွှတ်တော် အသစ်မှ ပြင်ရန် အကြံပြု

အမျိုးသား ပညာရေး ဥပဒေကို ၂၀၁၅ အလွန် လွှတ်တော် အသစ်မှ ပြင်ရန် အကြံပြု
by -
မဇ္စျိမ

၂၀၁၅ ရွေးကောက်ပွဲ နီးနေခြင်းကြောင့် အမျိုးသားပညာရေး ဥပဒေကို ၂၀၁၅ အလွန်ပေါ်ပေါက်လာမည့် လွှတ်တော်သစ်တွင် ပြင်ဆင်ခြင်းဖြင့် ပို၍ကောင်းမွန်သောဥပဒေ ရရှိလာမည်ဖြစ်သည်ဟု မြန်မာနိုင်ငံတွင် ပထမဆုံး ညွှန်ကြားရေးမှူးချုပ် ရာထူးကို စတင်ထမ်းဆောင်ခဲ့သူနှင့် အဏုမြူစွမ်းအင်ဦးစီးဌာန တည်ထောင် သူ ဒေါက်တာတင်လှိုင်က စာတမ်းတင်သွင်း ပြောကြား လိုက်သည်။

“မလိုအပ်တာတွေများနေတဲ့ ဒီဥပဒေကို လွှတ်တော်က အတည်ပြုပြီးဖြစ်တယ်။ ဒီအချိန်မှာ ပြင်ဆင်ချက် များများလုပ်ဖို့ မလွယ်ဘူး။ ဒါကြောင့် အရေးကြီးတဲ့အချက်၊ ပုဒ်မတွေကိုသာ ပယ်ဖျက်ဖို့နဲ့ ဖြည့်စွက်ဖို့ တောင်းဆိုသင့်တယ်။ ၂၀၁၅ ရွေးကောက်ပွဲကြီးလည်း နီးကပ်နေ ပြီဖြစ်လို့ လွှတ်တော်အသစ်က ပြင်ဆင် ရင် ပိုပြီးကောင်းမွန်တဲ့ ဥပဒေကို ရရှိနိုင်မယ်” ဟု ၎င်းက ဆိုသည်။

အဆိုပါပြောကြားခြင်းမှာ ဒီဇင်ဘာ ၅ ရက်က နာရေးကူညီမှုအသင်း(ရန်ကုန်)တွင် ဒီမိုကရေစီပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီမှ ကျင်းပပြုလုပ်သော ပညာရေးပြုပြင်ပြောင်းလဲမှုနှင့် အမျိုးသား ပညာရေး ဥပဒေဆိုင်ရာ စာတမ်းဖတ်ပွဲတွင် အထက်ပါအတိုင်း ထည့်သွင်း တင်သွင်းခဲ့ ခြင်းဖြစ်သည်။

အမျိုးသားပညာရေးဥပဒေကို မူကြမ်းအဆင့်ဆင့်မှာပင် ကန့်ကွက်မှုများစွာရှိခဲ့သည့်အပြင် ကျောင်းသားထု ၏ ဆန္ဒထုတ် ဖော်ကန့်ကွက်မှု များလည်းရှိခဲ့သည်။ ထို့ပြင် ထိုဥပဒေ အတည်ပြုပြီးနောက်တွင်လည်း ကျောင်းသား ထုများ၏ ကန့်ကွက်ဆန္ဒ ထုတ်ဖော်မှုများက တက္ကသိုလ် များတွင် လုပ်ဆောင်လျက်ရှိခဲ့သည်။

ပညာရေးဝန်ကြီးဌာနမှ ဖွဲ့စည်းထားသည့် ပညာရေးအကြံပေးပညာရှင် ဦးသိန်းက “အမျိုးသားပညာရေး ဥပဒေက ဘယ်လို ပုဒ်မကို ပြင်ချင်လဲ၊ ဘယ်လိုပုဒ်မကို ဖြုတ်ချင်လဲဆိုတာကို စနစ်တကျနဲ့ ပြုစုထားဖို့ လို အပ်တယ်။ ၂၀၁၅ မှာ ဒီထက် ပိုပြီး ဦးစားပေးရမယ့်ဟာတွေလည်း ရှိနေပါတယ်”ဟု ထိုပွဲတွင် ဆွေးနွေး ပြောကြားသည်။

၎င်း၏ စာတမ်းတွင် စကားရပ် အဓိပ္ပာယ် မလိုအပ်မှုများနေခြင်း၊ မလိုအပ်သည့် စကားလုံး ၃၂ လုံး ကိုပါ အဓိပ္ပာယ်ဖွင့် ထားခြင်း များဖြင့် ဖောင်းပွနေကြောင်း၊ အဆိုပါဥပဒေတွင် နိုင်ငံတော်ဆိုသည်မှာ၊ မိဘ၊ဆရာ အသင်းဆိုသည်မှာ စသဖြင့် ဖောင်းပွနေသည်ဟု ဆိုသည်။ ယင်းဥပဒေတွင် လူမျိုး၊ ကျားမကိုးကွယ် သည့် ဘာသာ၊ မျိုးနွယ်အဆင့်အတန်းတို့ကို အကြောင်းပြု၍ ခွဲခြားဆက်ဆံခြင်း မရှိစေရစသည့် အချက်များ မပါရှိ သဖြင့် ထည့်သွင်းသင့်သည်ဟု အမျိုးသားပညာရေး ဥပဒေ၏ အားနည်းချက်ကို ထောက်ပြထားသည်။

ထို့အပြင် အမျိုးသားပညာရေးကော်မရှင် ဖွဲ့စည်းခြင်းတွင် ပြည်ထောင်စုအဆင့် ပုဂ်္ဂိုလတစ်ဦးဦးက ဥက္ကဋ္ဌ အဖြစ်ဆောင်ရွက်ပြီးဆိုသော စကားရပ်ကိုလည်း ပြင်ဆင်ရန်လိုသည်ဟု ဒေါက်တာတင်လှိုင်က ဆိုသည်။

အမျိုးသားပညာရေးဥပဒေတွင် သမဂ္ဂဖွဲ့စည်းခွင့် ထည့်သွင်းရန်လိုအပ်ခြင်း၊ ပုဒ်မ (၃) ပုဒ်မခွဲ(ဍ) ပညာရေး ၀န်ထမ်းအားလုံး ကိုယ်ကျင့် တရားကောင်းမွန်ကာ ဗဟိုချုပ်ကိုင်မှုလျှော့ချသည့် စနစ်ကို ကျင့်သုံးရေး၊ ယင်း ပုဒ်မများကို ပယ်ဖျက်သင့်ခြင်းနှင့် ကျောင်းသုံး စာအုပ်ပြုစုရေး ဆိုင်ရာပုဒ်မများ မပါ၀င်ခြင်း အစရှိသည်တို့ အားနည်းချက်များရှိနေသည်ဟု ၎င်းက ထောက်ပြသွားမည်။

အဆိုပါစာတမ်းဖတ်ပွဲတွင် ပညာရေး နှင့်ပတ်သက်သော ပညာရှင်များ၊ ပါမောက္ခဟောင်းများ၊ လွှတ်တော် ကိုယ်စားလှယ်များတို့က စာတမ်း ၁၅စောင် ဖတ်ကြားတင်သွင်းခဲ့သည်။

Most read this week