ကိုရီးယားအကူအညီဖြင့် ရွာပေါင်း ၁၀၀ ကို စံပြကျေးရွာအဖြစ် ဆောင်ရွက်မည်

ကိုရီးယားအကူအညီဖြင့် ရွာပေါင်း ၁၀၀ ကို စံပြကျေးရွာအဖြစ် ဆောင်ရွက်မည်
by -
မဇ္စျိမ

 မြန်မာနိုင်ငံရှိ ကျေးရွာပေါင်း ခြောက်သောင်းကျော်အနက် ကျေးရွာပေါင်း ၁၀၀ ကို စံပြကျေးရွာအဖြစ် တည်ထောင် မည့် ကျေးရွာသစ်လှုပ်ရှားမှု အကောင်အထည်ဖော်ရေးကို ကိုရီးယားနိုင်ငံက ကန်ဒေါ်လာ ၂၂ သန်း ထောက်ပ့ံကူညီသွားမည်ဟု ယနေ့ နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာတွင် ကျင်းပသည့်အခမ်းအနား၌ သိရသည်။

သမ္မတ ဦးသိန်းစိန်က “ကျေးရွာသစ်လှုပ်ရှားမှု အကောင်အထည်ဖော်ရေး စီမံကိန်းက ကျေးလက်နဲ့မြို့ပြ အကြား ဆင်းရဲချမ်းသာကွာဟမှု ကို လျော့နည်းအောင် အစိုးရရဲ့ ဦးဆောင်မှု၊ ဒေသခံပြည်သူများရဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု ပြောကြားသည်။

Poverty

လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်က ကျေးရွာ ၁၀၀ စီမံ ကိန်းတွင် မြေပြန့်ဒေသများဖြစ် သည့် နေပြည်တော် ကောင်စီနယ်မြေ၊ ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပေါ်ဒေ သများဖြစ်သည့် ရှမ်းပြည်နယ်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီး၊ မြစ်ဝကျွန်းပေါ်ဒေသ ဖြစ်သည့် ဧရာဝတီတိုင်း၊ အပူပိုင်းဒေသများနှင့် ဆက်စပ်လျက်ရှိသည့် မန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်းများ တွင် ရွေးချယ်သွားမည်ဟု ပြောသည်။

ထိုသို့ရွေးချယ်ရာတွင် ကိုရီးယားသမ္မတနိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီမှ ကျွမ်းကျင်ပညာရှင်များနှင့် လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတို့ အကြား လျာထားရွေးချယ် သတ်မှတ်ထားရှိသည်ဟုလည်း ၎င်းကပြောသည်။

အဆိုပါ၀န်ကြီးဌာန၊ ညွှန်ကြားရေးမှူး ဦးအေးကိုကိုက ကျေးရွာရွေးချယ်ရာတွင် လမ်းပန်းဆက်သွယ် မှု ကောင်းမွန်ခြင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်မြို့တော်များနှင့် နီးကပ်ခြင်း၊ စိုက်ပျိုးရေး၊ မွေးမြူ ရေး အခြေခံကောင်းများရှိခြင်း စသည့်အချက်များပေါ်မူတည် ၍ ရွေးချယ်သည်ဟု ပြောကြားသည်။

ဦးမြင့်လှိုင်က စံပြကျေးရွာလုပ်ငန်းစဉ်များအရ အခြေခံအဆောက်အအုံများဖွံ့ ဖြိုးတိုးတက်ရေးအတွက် လမ်းပန်းဆက်သွယ်ရေး၊ လယ်ယာမြေ ဖွံ့ဖြိုးရေး၊ စိုက်ပျိုးမြေရရှိရေး၊ လျှပ်စစ်မီးရရှိရေးလုပ်ငန်း များ ဆောင်ရွက်ခြင်းများအပြင် လူတစ်ဦးချင်း၏ စွမ်းဆောင်ရည် မြင့်မားရေးအတွက် စီမံအုပ်ချုပ်မှု၊ ခေါင်းဆောင်မှု၊ အဖွဲ့အစည်းဖြင့် ဆောင်ရွက်တတ်မှုများကို သင်ကြားပေးသွားမည်ဟု ဆိုသည်။

ကျန်းမာရေးစောင့်ရှောက်မှုအတွက် သန့်ရှင်းသော သောက်သုံးရေရရှိရေး၊ ဆေးပေးခန်းများ ထူထောင် ပေးခြင်း၊ အိမ်ရာများ၊ ဥယျာဉ်များ၊ ကလေးသူငယ်စောင့်ရှောက်ရေးဌာန၊ မူလတန်းကျောင်းများထူ ထောင်ပေးခြင်းလုပ်ငန်းများကို စီမံဆောင်ရွက်သွားမည်ဟု ဆိုသည်။

အဆိုပါ ကျေးရွာစီမံကိန်းများကို ကိုရီး ယားနိုင်ငံတွင် ၁၉၇၀ ပြည့်နှစ်မှ စတင်လုပ်ဆောင်ခဲ့ပြီး ဆင်းရဲမှု သည် ၂၇ ဒသမ ၉ ရာခိုင်နှုန်းမှ ၁၉၇၈ ခုနှစ်တွင် ၁၀ ဒသမ ၈ ရာခိုင်နှုန်းသို့ ကျဆင်းခဲ့သည်ဟု ကုလသ မဂ္ဂဖွံ့ဖြိုးမှု အစီအစဉ်မှ ခေါင်းဆောင်Christian Hainzl က ပြောသည်။