အမျိုးသမီး ကင်းထောက် အဖွဲ့ကို တက္ကသိုလ် အဆင့် ဖွဲ့စည်းမည်

အမျိုးသမီး ကင်းထောက် အဖွဲ့ကို တက္ကသိုလ် အဆင့် ဖွဲ့စည်းမည်
by -
မဇ္စျိမ

မြန်မာနိုင်ငံ အမျိုးသမီး ကင်းထောက် အဖွဲ့ကို တက္ကသိုလ် များတွင်ပါ ဖွဲ့စည်း သွားမည်ဟု အဆိုပါ ကင်းထောက် အဖွဲ့ (ယာယီ) မှ ဒုတိယ ကင်းထောက်ချုပ် ဒေါ်ခင်စောဥမ္မာက ပြောသည်။

နိုဝင်ဘာလ၃၀ရက်နေ့က ဒဂုံမြို့နယ်ရှိမြန်မာနိုင်ငံအမျိုးသမီးကင်းထောက် အဖွဲ့(ယာယီ)ရုံးတွင် ပြည်တွင်းနှင့်နိုင်ငံတကာမှ ကင်းထောက်အဖွဲ့ များနှင့်ပူးပေါင်း ဆောင် ရွက်မှု လုပ်ငန်းစဉ် များအကြောင်း ရှင်းလင်းပွဲတွင် အထက်ပါအ တိုင်းပြော ကြားခဲ့ခြင်း ဖြစ်သည်။

Women-Gulder

အဆိုပါအမျိုး သမီးကင်းထောက် အဖွဲ့ကိုတက္ကသိုလ်များတွင်ဖွဲ့စည်းနိုင်ရန်အတွက်ကမ္ဘာ့ ကင်းထောက်အဖွဲ့မှ တာဝန်ရှိသူများ ကမြန်မာနိုင်ငံရှိ တက္ကသိုလ်   ကျောင်း များမှ ဆရာမများအား ၂၀ ၁၅ ခုနှစ် ဖေဖော်ဝါရီ လအတွင်း သင်တန်းပို့ ချသွား မည်ဟု မြန်မာနိုင်ငံ အမျိုးသမီးကင်း ထောက်အဖွဲ့(ယာယီ)မှ အဖွဲ့ဝင် ဒေါ်စုစုသိန်းက ဆိုသည်။

“တက္ကသိုလ် ကျောင်းတွေ ပိတ်တဲ့ အချိန် ဆရာမတွေကို အရင်သင် တန်းပို့ချမယ်။ ဆရာမ တွေကနေ နည်းပြတွေ ပြန်လုပ်ပြီး ကျောင်းသူတွေကို ပြန်ပြီးသင်   ပေးဖို့ပါ”ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံ ကင်းထောက် အမျိုးသမီး လှုပ်ရှားမှု၏ ရည်ရွယ်ချက်မှာ လျင်မြန်ဖျက် လတ်သော အသိဉာဏ် ရရှိပြီး အကျင့်စာရိတ္တ ကောင်းမွန် စေရန်၊ လက်မှု ပညာများ လေ့ကျင့်ကျွမ်း ကျင်စေရန်၊ လေ့ကျင့် ခန်းများ ကစားခြင်းများ ဆောင်ရွက်၍ ကျန်းမာရေး ကောင်းမွန် စေရန်၊ နေ့စဉ်အ များအကျိုး ဆောင်ရွက်၍ တစ်ကိုယ်ကောင်း စိတ်ဖယ်ရှားရန် နှင့် မိမိကိုယ်ကိုယ် ယုံကြည်မှုရှိ လာစေ ရန်တို့ ဖြစ် သည်။

ဒုတိယကင်းထောက်ချုပ်ဒေါ်ခင်စောဥမ္မာက“အမျိုးသမီး ကင်းထောက် တွေကို အခြေခံ၊ အဆင့်မြင့် ဖွဲ့စည်းဖို့ ရှိပါတယ်။ တက္ကသိုလ် အထိလည်းဖွဲ့ဖို့ ကြိုးစားနေ ပါတယ်။ ကလေးတွေ ကိုယ့်ဘာ သာကိုယ် ခေါင်းဆောင်နိုင်တဲ့ အလေ့အ ကျင့်တွေကို လေ့ကျင့်ဖို့ပါ ” ဟု ပြောသည်။

မြန်မာနိုင်ငံအမျိုးသမီးကင်းထောက်အဖွဲ့မှ ၄၅ ဦး နှင့် ဂျပန်နိုင်ငံအမျိုးသမီးကင်းထောက်အဖွဲ့မှ ၃၀ ဦးတို့ ပူးပေါင်းပြီး ဒုတိယအကြိမ် စခန်းသွင်းလေ့ ကျင့်ခြင်း ကို ဒီဇင်ဘာလ ၂၈ ရက် မှ ၃၀ရက်အထိ နေပြည်တော်တွင် ပြုလုပ်သွားမည်ဖြစ်သည်။

မြန်မာနိုင်ငံ ကင်းထောက် အမျိုးသမီး အဖွဲ့ဝင်များကို အသက်အ ရွယ်အလိုက် ခွဲခြား ထားပြီး အသက် ရ နှစ်မှ ၁၁နှစ် အရွယ်အထိ အမျိုးသမီး ကင်းထောက် များကို ငှက်ပြာ ကင်းထောက် မယ်အဖြစ် လည်းကောင်း၊၁၂နှစ်မှ၁၈နှစ် အရွယ်အထိ အမျိုးသမီးကင်းထောက်များ ကိုကင်းထောက်မယ် အဖြစ်လည်းကောင်း၊ ၁၉နှစ်နှင့် အထက် အမျိုးသမီး ကင်းထောက် များကို သက်ကြီး ကင်းထောက်မယ် အဖြစ်လည်းကောင်း ခွဲခြားသတ် မှတ်ထားသည်။

အဆိုပါ ကင်းထောက် များကို အခြေခံ ပညာ ဦးစီးဌာန ၁၊၂၊၃အောက်ရှိ ကျောင်းများတွင် ဖွဲ့စည်း ထားပြီး အဖွဲ့ဝင် ကင်းထောက် အမျိုးသမီးဦးရေ ၂၀၀၀၀ နီး ပါးရှိ ပြီဖြစ်သည်။

မြန်မာနိုင်ငံတွင် ကင်းထောက်အဖွဲ့ကို  ၁၉၁၆ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး  သီးခြား လွတ်လပ်သော အဖွဲ့အ စည်းဖြစ်သည်။ မြန်မာနိုင်ငံတွင် ကင်းထောက် အဖွဲ့ ကို ၁၉၅၂ခုနှစ်တွင် ကမ္ဘာ့ကင်း ထောက်အဖွဲ့ကလည်း အသိအမှတ်ပြုခဲ့ကာ  ၁၉၆၄ ခုနှစ်တွင် မြန်မာကင်း ထောက်အဖွဲ့ ရပ်ဆိုင်းခဲ့ပြီး အစိုးရသစ် လက်ထက် ၂၀၁၂ ခုနှစ် စက်တင်ဘာလတွင် ကင်းထောက် အဖွဲ့ကို ပြန်လည် ဖွဲ့စည်းခဲ့ သည်။

ဇူလိုင်လတွင် ဟောင်ကောင်မြို့၌ ကျင်းပသည့် ၃၅ကြိမ်မြောက် ကမ္ဘာ့ကင်း ထောက်ညီလာခံ သို့တက်ရောက် ခဲ့ပြီးနောက် မြန်မာနိုင်ငံမှ ကမ္ဘာ့ကင်းထောက် အသင်းသား ကင်းထောက် အဖွဲ့ဝင် နိုင်ငံ (Associate Membership) အဖြစ်အသိ အမှတ်ပြုခဲ့ ခြင်းဖြစ်သည်။ အဆိုပါ ညီလာခံသို့ နိုင်ငံပေါင်း ၁၄၆ နိုင်ငံမှ ကင်းထောက်အဖွဲ့ များ တက်ရောက်ခဲ့ကြသည်။

Most read this week