ငွေကြေးရလိုမှုများကြောင့် ဘိန်းစိုက်ပျိုးမှုများ ရှိနေကြောင်း ဆို

ငွေကြေးရလိုမှုများကြောင့် ဘိန်းစိုက်ပျိုးမှုများ ရှိနေကြောင်း ဆို
by -
ကန္တာရဝတီတိုင်းမ်

ကယား(ကရင်နီ) ပြည်နယ် အတွင်းရှိ ဒေသခံအချို့၏ ငွေးကြေးရလိုမှုများကြောင့် ဘိန်းစိုက်ပျိုးမှုများ များလာခြင်းဖြစ်ကြောင်း မူးယစ်တားဆီးနိမ်နင်းရေး တပ်ဖွဲ့စုမှူး ဒုတိယ ရဲမှူးလှလွင်က ဖရူဆိုမြို့နယ် မူဆိုကျေးရွာ အုပ်စုသို့ ဘိန်းခင်းလာရောက်ဖျက်ဆီးစဉ်တွင် ကန္တာရဝတီတိုင်း(မ်) သို့ပြောသည်။

“ဒေသခံတွေကတော့ အဓိကတော့ စားဝတ်နေရေးကြောင့်ပေါ့လေ အဲ့လိုစိုက်ပျိုးတဲ့သူက ခြောက်ဆယ် ရာခိုင်နူန်းလောက်ရှိပါတယ် သုံးဆယ်ရာခိုင်နှုန်းလောက်ကတော့ ငွေကြေးရလိုမှုကြောင့် စိုက်ပျိုးနေကြတာ ပေါ့” ဟု ဒုရဲမှူးလှလွင်က ဆိုသည်။

ပြီးခဲ့သော နိုဝင်ဘာလ ၂၂ ရက်နေက ရဲတပ်ဖွဲ့ ဝင်များ၊ မူးယစ်တားဆီးနိမ်နင်းရေး တပ်ဖွဲ့များ၊ နှင့်အစိုးရ ဌာနဆိုင်ရာများက မူဆိုကျေးရွာအုပ်စုအတွင်း ဘိန်းစိုက်ခင်းဧက ပေါင်း ၃၇ ဧကကို သွားရောက် ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ဒုရဲမှူး လှလွင်၏ အဆိုအရ ကယားပြည်နယ်အတွင်း ရှိကျေးရွာများတွင်း ဘိန်းစိုက်ပျိုးမှုများ တိုးပွားလာနေကြောင်းသိရသည်။

“ဘိန်းစိုက်တောင်သူတွေ ကိုလည်း ဘိန်းမစိုက်ဖို့ ဘိန်းအစား အခြားအစားထိုးသီးနှံတွေ စိုက်ပျိုးဖို့ ပညာပေးတယ်။ ဒါပေမယ့် တချို့ကျတော့ လည်းသူတို့ရဲ့ အခြေနေအရပ်ရပ်ကြောင့်ပေါ့ ကျနော်တို့ လက်လှမ်းမမှီတဲ့ နေရာတွေ မှာ လျိှု့ဝှက်စိုက်ပျိုးတာတွေ ရှိတယ်။ ဒါတွေကို ကျနော်တို့က မြေပြင်သတင်းနဲ့ အမာခံသတင်းပေးတွေ နဲ့စုံစမ်းပြီးတော့ ဖော်ထုတ်ဖျက်ဆီးနေတာပါ” ဟုကန္တာရဝတီတိုင်း(မ်) သို့ပြောသည်။

ဘိန်းစိုက်တောင်သူများ အနေနှင့်လည်း စားဝတ်နေရေး အခက်ခဲများ ကြောင့် ရာသီ ဥတုဒဏ် ခံနိုင်ပြီး စိုက်ပျိုးရန် မြေမရွေးသည့် ဘိန်းကို သာအားထား ၍ စိုက်ပျိုးနေရခြင်း ဖြစ်ကြောင်း မူဆိုကျေးရွာ ဥက္ကဌ ဦးလွီဇီ ကပြောသည်။

“အခုကျနော်တို့ မူဆိုက သုံးလေးရွာပေါ့နော် ဘိန်းစိုက်လာတဲ့အခါကျတော့ ဆိုင်ကယ်တို့ ထော်လဂျီ တို့ဝယ်နိုင်လာတယ် နောက်စားဝတ်နေရေး အဆင်ပြေလာတယ် ကလေးတွေပေါ့ ကျောင်းနေဖို့ ကျောင်းစ ရိတ်တွေ ဘာတွေ ကောင်းကောင်း အဆင်ပြေလာတယ် ပြောရ မှာပေါ့” ဟု ဦးလွီးဇီ ပြောသည်။

ဖရူဆိုမြို့နယ် ၊မူဆိုကျေးရွာ အုပ်စုတွင်းရှိ မော်တီဒို ကျေးရွာတွင် ဧက (၃၀) နှင့် ထီးသော်ကူး ကျေးရွာတွင် (၇)ဧက စုစုပေါင်း ၃၇ ဧက အားဖျက်ဆီးခဲ့ကြောင်း မူးယစ်တားဆီးနိမ်နင်းရေးတပ်ဖွဲ့ မှ သိရသည်။

“အခုလိုကျနော်တို့ ဖျက်ဆီးလိုက်တဲ့အတွက် သူတို့ ရင်းနှီးထားတဲ့ အရင်နှီးတွေ ဆုံးရှုံးကုန်တာပေါ့ ဒါကြောင့်မို့တရားဥပဒေ ဘောင်ထဲကနေပဲ တရားဝင်တဲ့ သီးနှံတွေကိုသာ စိုက်ပျိုးစေချင်ပါတယ် ”ဟု ဒုရဲမှူး လှလွင်ပြောသည်။

မူဆိုကျေးရွား အုပ်စုအတွင်း ဘိန်းစိုက်ပျိုးလာသည်မှာ ဆယ်စုနီးတခု နီးပါး ရှိလာပြီးဖြစ်ကြောင်း မူဆို ကျေးရွာ ဥက္ကဌ ထံမှသိရသည်။ ၎င်းအုပ်စုတွင် ကျေးရွာပေါင်း ခြောက်ရွာခန့် ရှိပြီး အိမ်ခြေ သုံးရာနှင့်လူဦးရေ တစ်ထောင်ကျော် ရှိကြောင်း သိရသည်။

ယခု ၂၀၁၄ ခုနှစ်အတွင်းယခု ချိန်ထိ ဒီမော့ဆိုတွင် ဘိန်းခင်း (၂၀)ဧက၊ ဖရူဆိုမြို့နယ်တွင်(၃၇)ဧက စုစုပေါင်း (၅၇)ဧက ဖျက်ဆီးပြီးဖြစ်ကြောင်း သိရသည်။

Most read this week